နမ့္ဖတ္ကာတြင္ KIA လက္ကိုင္အဖြဲ႔မွ ခရီးသည္မ်ားအား ဆင္းခိုင္းၿပီး ယာဥ္ကို မီးရႈိ႕ျခင္းျဖစ္ေၾကာင္း သိရ

နမ့္ဖတ္ကာတြင္ KIA လက္ကိုင္အဖြဲ႔မွ ခရီးသည္မ်ားအား ဆင္းခိုင္းၿပီး ယာဥ္ကို မီးရႈိ႕ျခင္းျဖစ္ေၾကာင္း သိရ
မေ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီး မူဆယ္ - ကြတ္ခိုင္လမ္းပိုင္းရွိ နမ့္ဖတ္ကာေက်းရြာ အုပ္စုအတြင္းရွိ ခိုမုန္းေက်းရြာတြင္ KIA လက္နက္ကိုင္ အဖြဲ႔မွ ရန္ကုန္ - မူဆယ္ ခရီးသည္ တင္ယာဥ္တစ္စီးအား ခရီးသည္မ်ားကို ဆင္းခိုင္းေစၿပီး ဓာတ္ဆီေလာင္း၍ မီးရိႈ႔သြားသည့္အတြက္ ကားတစ္စီးလံုး မီးေလာင္ကြ်မ္းသြားခဲ့ရေႀကာင္း နမ့္ဖတ္ကာရဲစခန္းမွ သိရသည္။

"ျဖစ္တာအတိအက်ကေတာ့ ေမလ (၁၉)ရက္ေန႔ ညေန (၃) နာရီ (၄၀)မိနစ္မွာ ျဖစ္တာပါ၊ ကားေပၚ ပါလာတဲ့ ခရီးသည္(၃၁)ဦးကို ေအာက္ကို ဆင္းခိုင္းၿပီး ကားကို ဓာတ္ဆီနဲ႔ေလာင္းၿပီး မီးရႈိ႔သြားတယ္ လို႔ သိရပါတယ္၊ ကားတစ္စီးလံုးကို မီးေလာင္သြားၿပီး သံေဘာင္ေတြပဲ က်န္ပါေတာ့တယ္၊ ကားကေတာ့ အခုထိ အဲ့ဒီေနရာမွာပဲရွိေသးတယ္၊ ခရီးသည္ေတြကိုေတာ့ လားရိႈးကို ပို႔လိုက္ပါၿပီ"ဟု နမ့္ဖတ္ကာ ရဲစခန္းမွ စခန္းမွဴးမိုးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

မူဆယ္ မွ ရန္ကုန္သို႔ ျပန္လည္ထြက္ခြာလာသည့္ ျမတ္မႏၱလာထြန္း( ယာဥ္အမ်ိဳးအစား SCANIA ) ယာဥ္နံပါတ္ YGN-5308 အား KIA လက္နက္ကိုင္တပ္ဖြဲ႔မွ နမ့္ဖတ္ကာေက်းရြာအုပ္စု၊ ခိုမုန္းေက်းရြာအဝင္ ဆိုင္းဘုတ္အနီးတြင္ ရပ္တန္႔ေစၿပီး ခရီးသည္မ်ားအား ေအာက္သို႔ ဆင္းေစကာ ယာဥ္အား အသင့္ ပါလာသည့္ ဓာတ္ဆီျဖင့္ေလာင္း၍ မီးရႈိ႕သြားျခင္းျဖစ္သည္ဟု မ်က္ျမင္ထြက္ဆိုခ်က္မ်ားအရ သိထားရေၾကာင္း စခန္းမွဴးက ေျပာသည္။

"ကြ်န္ေတာ္တို႔ကေတာ့ နမ့္ဖတ္ကာက မီးသတ္ကား(၂)စီးနဲ႔အတူ ကားကိုဝိုင္းၿပီးႃငွိမ္းသတ္ေပးခဲ့တယ္၊ ကားေပၚကလူေတြေျပာျပသလိုဆိုရင္ KIA အဖြဲ႔က (၃)ေယာက္ ကားကိုတားတယ္၊ကားရပ္တဲ့အခ်ိန္ လူေတြကိုဆင္းခိုင္းတယ္၊ ကားေမာင္းသူကို စာအိတ္တစ္အိတ္ေပးၿပီးေတာ့ ကားကိုဓာတ္ဆီေလာင္း မီးရႈိ႔ လိုက္တယ္လို႔သိရတယ္၊ ကားေပၚပါလာသူေတြကေတာ့ လူခ်ည္းပဲဆင္းေျပးခိုင္းတယ္၊ ပစၥည္း ေတြဘာေတြေတာင္ မယူရဘူး၊ အကုန္မီးရႈိ႕ပစ္လိုက္တယ္၊ လူေတြကိုေတာ့ ဘာမွလုပ္မသြားဘူး ဟု နမ့္ဖတ္ကာရွိ ေမတၱာရွင္လူမႈကူညီေရးအသင္းမွ ကိုေအာင္ေအာင္က ေျပာသည္။

ခရီးသည္မ်ားအားလံုးအား ကားေပၚမွဆင္းခိုင္းၿပီး ကားကိုမီးရႈိ႔လိုက္ျခင္းျဖစ္သည့္အတြက္ ကားေပၚပါ ပစၥည္းမ်ားႏွင့္ ခရီးသည္မ်ား၏ ပစၥည္းမ်ားအားလံုးမီးေလာင္ကြ်မ္းသြားခဲ့ရၿပီး ကားတစ္စီးလံုးလည္း မီးေလာင္ကြ်မ္းသြားခဲ့ကာ အဆိုပါေနရာသို႔ နမ့္ဖတ္ကာနယ္ေျမခံ စစ္ေၾကာင္းမွ လာေရာက္ကူညီ ေဆာင္ရြက္ေပးခဲ့ၿပီး ရဲအရာရွိအခ်ိဳ႕လည္းလာေရာက္ ကူညီေဆာင္ရြက္ျခင္း၊ ျဖစ္စဥ္အား စစ္ေဆးျခင္း မ်ားျပဳလုပ္ခဲ့သည္ကို ေတြ႔ရေၾကာင္း ေမလ ၁၉ ရက္ေန႔ မနက္ပိုင္းတြင္ မူဆယ္မွထြက္ခြာလာသည့္ ခရီးသည္ (၃၁)ဦးႏွင့္ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္မ်ားအား ျမတ္မႏၱလာထြန္း ယာဥ္လိုင္းမွ ေျခာက္ဘီးကား(၂)စီးျဖင့္ လားရႈိးၿမိဳ့သုိ႔ ယေန႔ညေနပိုင္းတြင္ လိုက္လံ ပို႔ေဆာင္ေပးခဲ့ၿပီး မီးရႈိ႔ခံရသည့္ ယာဥ္မွာေနရာတြင္ပင္ရွိေနေသးေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - Maung Mon Aung


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး မူဆယ် - ကွတ်ခိုင်လမ်းပိုင်းရှိ နမ့်ဖတ်ကာကျေးရွာ အုပ်စုအတွင်းရှိ ခိုမုန်းကျေးရွာတွင် KIA လက်နက်ကိုင် အဖွဲ့မှ ရန်ကုန် - မူဆယ် ခရီးသည် တင်ယာဉ်တစ်စီးအား ခရီးသည်များကို ဆင်းခိုင်းစပြေီး ဓာတ်ဆီလောင်း၍ မီးရှို့သွားသည့်အတွက် ကားတစ်စီးလုံး မီးလောင်ကျွမ်းသွားခဲ့ရကြောင်း နမ့်ဖတ်ကာရဲစခန်းမှ သိရသည်။

"ဖြစ်တာအတိအကျကတော့ မေလ (၁၉)ရက်နေ့ ညနေ (၃) နာရီ (၄၀)မိနစ်မှာ ဖြစ်တာပါ၊ ကားပေါ် ပါလာတဲ့ ခရီးသည်(၃၁)ဦးကို အောက်ကို ဆင်းခိုင်းပြီး ကားကို ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့သွားတယ် လို့ သိရပါတယ်၊ ကားတစ်စီးလုံးကို မီးလောင်သွားပြီး သံဘောင်တွေပဲ ကျန်ပါတော့တယ်၊ ကားကတော့ အခုထိ အဲ့ဒီနေရာမှာပဲရှိသေးတယ်၊ ခရီးသည်တွေကိုတော့ လားရှိုးကို ပို့လိုက်ပါပြီ"ဟု နမ့်ဖတ်ကာ ရဲစခန်းမှ စခန်းမှူးမိုးကျော်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

မူဆယ် မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာသည့် မြတ်မန္တလာထွန်း( ယာဉ်အမျိုးအစား SCANIA ) ယာဉ်နံပါတ် YGN-5308 အား KIA လက်နက်ကိုင်တပ်ဖွဲ့မှ နမ့်ဖတ်ကာကျေးရွာအုပ်စု၊ ခိုမုန်းကျေးရွာအဝင် ဆိုင်းဘုတ်အနီးတွင် ရပ်တန့်စပြေီး ခရီးသည်များအား အောက်သို့ ဆင်းစေကာ ယာဉ်အား အသင့် ပါလာသည့် ဓာတ်ဆီဖြင့်လောင်း၍ မီးရှို့သွားခြင်းဖြစ်သည်ဟု မျက်မြင်ထွက်ဆိုချက်များအရ သိထားရကြောင်း စခန်းမှူးက ပြောသည်။

"ကျွန်တော်တို့ကတော့ နမ့်ဖတ်ကာက မီးသတ်ကား(၂)စီးနဲ့အတူ ကားကိုဝိုင်းပြီးငြှိမ်းသတ်ပေးခဲ့တယ်၊ ကားပေါ်ကလူတွေပြောပြသလိုဆိုရင် KIA အဖွဲ့က (၃)ယောက် ကားကိုတားတယ်၊ကားရပ်တဲ့အချိန် လူတွေကိုဆင်းခိုင်းတယ်၊ ကားမောင်းသူကို စာအိတ်တစ်အိတ်ပေးပြီးတော့ ကားကိုဓာတ်ဆီလောင်း မီးရှို့ လိုက်တယ်လို့သိရတယ်၊ ကားပေါ်ပါလာသူတွေကတော့ လူချည်းပဲဆင်းပြေးခိုင်းတယ်၊ ပစ္စည်း တွေဘာတွေတောင် မယူရဘူး၊ အကုန်မီးရှို့ပစ်လိုက်တယ်၊ လူတွေကိုတော့ ဘာမှလုပ်မသွားဘူး ဟု နမ့်ဖတ်ကာရှိ မေတ္တာရှင်လူမှုကူညီရေးအသင်းမှ ကိုအောင်အောင်က ပြောသည်။

ခရီးသည်များအားလုံးအား ကားပေါ်မှဆင်းခိုင်းပြီး ကားကိုမီးရှို့လိုက်ခြင်းဖြစ်သည့်အတွက် ကားပေါ်ပါ ပစ္စည်းများနှင့် ခရီးသည်များ၏ ပစ္စည်းများအားလုံးမီးလောင်ကျွမ်းသွားခဲ့ရပြီး ကားတစ်စီးလုံးလည်း မီးလောင်ကျွမ်းသွားခဲ့ကာ အဆိုပါနေရာသို့ နမ့်ဖတ်ကာနယ်မြေခံ စစ်ကြောင်းမှ လာရောက်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ရဲအရာရှိအချို့လည်းလာရောက် ကူညီဆောင်ရွက်ခြင်း၊ ဖြစ်စဉ်အား စစ်ဆေးခြင်း များပြုလုပ်ခဲ့သည်ကို တွေ့ရကြောင်း မေလ ၁၉ ရက်နေ့ မနက်ပိုင်းတွင် မူဆယ်မှထွက်ခွာလာသည့် ခရီးသည် (၃၁)ဦးနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား မြတ်မန္တလာထွန်း ယာဉ်လိုင်းမှ ခြောက်ဘီးကား(၂)စီးဖြင့် လားရှိုးမြို့သို့ ယနေ့ညနေပိုင်းတွင် လိုက်လံ ပို့ဆောင်ပေးခဲ့ပြီး မီးရှို့ခံရသည့် ယာဉ်မှာနေရာတွင်ပင်ရှိနေသေးကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ္ပံု - Maung Mon Aung

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~