မူဆယ္တြင္ မီးေလာင္မႈျဖစ္ပြား၍ အမ်ိဳးသမီးႏွစ္ဦးေသဆံုး

မူဆယ္တြင္ မီးေလာင္မႈျဖစ္ပြား၍ အမ်ိဳးသမီးႏွစ္ဦးေသဆံုး
မေ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီး ဟိုမြန္ရပ္ကြက္ရွိ ကေမၻာဇမီနီဘဏ္ ဖြင့္ထားသည့္ ေနအိမ္တစ္လံုးတြင္ ေမလ (၁၇) ရက္ေန႔ နံနက္အေစာပိုင္းက ( Safe Guard ) မီးျဖတ္စက္ငယ္တစ္ခုမွ မီးစတင္ေလာင္ကၽြမ္းမႈျဖစ္ပြားခဲ့ရာ ေနအိမ္မွ အမ်ိဳးသမီး(၂)ဦး ေသဆံုးသြားေၾကာင္း သိရသည္။

“မနက္(၂)နာရီ (၄၀)မိနစ္မွာ မီးစေလာင္တာ။ မီးသတ္ဌာနရဲ့ စစ္ေဆးမႈအရ ေနအိမ္တြင္း အသံုးျပဳေနတဲ့ (Safe Guard ) မီးျဖတ္စက္ငယ္တစ္ခုကေန ေရွာ့ျဖစ္ၿပီး မီးေလာင္ကြ်မ္းမႈစတင္တာလို႔ သိရတယ္။ အိမ္အတြင္းေနထိုင္ ေနတဲ့ အိမ္ရွင္အမ်ိဳးသမီး(၂)ဦး မီးခိုးမႊန္ၿပီး မီးေလာင္ေသဆံုးသြားတယ္။ အဲဒီအိမ္မွာ ကေမၻာဇမီနီဘဏ္လည္း ဖြင့္ထားတယ္။ ဘဏ္ကေတာ့ အေစာင့္ပဲရွိတယ္”ဟု မူဆယ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ေက်ာ္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူဆယ္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ သေႏၶမီးသတ္တပ္ဖြဲ႔ႏွင့္ အရံမီးသတ္တပ္ဖြဲ႔ စုစုေပါင္း မီးသတ္အင္အား (၁၅၀) ဦး၊ မီးသတ္ယာဥ္(၁၅)စီး၊ အုပ္ခ်ဳပ္မႈယာဥ္(၅)စီး ၊ ၿမိဳ႕ေနလူထုအဖြဲ႔အစည္းမ်ားက နံနက္(၂)နာရီ (၄၅) မိနစ္တြင္ မီးေလာင္မႈကိုစတင္ ၿငိႇမ္းသတ္ခဲ့ၿပီး နံနက္(၃)နာရီ(၂၀)မိနစ္တြင္ မီးေလာင္မႈ ၿငိမ္းသတ္ႏုိင္ခဲ့ေၾကာင္း သိရသည္။

“ဘဏ္ကေတာ့ အကုန္လံုးမပါသြားဘူးထင္တယ္။ အေသးစိတ္ကေတာ့ အမႈစစ္အရာရွိေတြ စစ္ေဆးေနဆဲပဲ ရွိပါေသးတယ္။ မီးေလာင္မႈကိုေတာ့လာၿပီး အမႈဖြင့္တိုင္ၾကားထားတယ္။ မီးေလာင္မႈေၾကာင့္ အမ်ိဳးသမီး(၂)ဦး ေသဆံုးတယ္။ မီးသတ္ဦးစီးဌာနရဲ့စစ္ေဆးခ်က္အရ မီးေလာင္မႈေၾကာင့္ပ်က္စီးဆံုးရႈံးမႈတန္ဖိုးက က်ပ္သိန္း (၆၀) လို႔ ခန္႔မွန္းတန္ဖိုးသိရပါတယ္” ဟု မူဆယ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

မီးေလာင္မႈႏွင့္ပတ္သက္၍ ျဖစ္စဥ္အေသးစိတ္ကိုစစ္ေဆးေနဆဲျဖစ္ၿပီး မီးေလာင္မႈျဖစ္စဥ္အား မူဆယ္ၿမိဳ႕ မီးသတ္ ဦးစီးဌာနမွ မူဆယ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - မူဆယ္မီးသတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီး ဟိုမွန်ရပ်ကွက်ရှိ ကမ္ဘောဇမီနီဘဏ် ဖွင့်ထားသည့် နေအိမ်တစ်လုံးတွင် မေလ (၁၇) ရက်နေ့ နံနက်အစောပိုင်းက ( Safe Guard ) မီးဖြတ်စက်ငယ်တစ်ခုမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်မှ အမျိုးသမီး(၂)ဦး သေဆုံးသွားကြောင်း သိရသည်။

“မနက်(၂)နာရီ (၄၀)မိနစ်မှာ မီးစလောင်တာ။ မီးသတ်ဌာနရဲ့ စစ်ဆေးမှုအရ နေအိမ်တွင်း အသုံးပြုနေတဲ့ (Safe Guard ) မီးဖြတ်စက်ငယ်တစ်ခုကနေ ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုစတင်တာလို့ သိရတယ်။ အိမ်အတွင်းနေထိုင် နေတဲ့ အိမ်ရှင်အမျိုးသမီး(၂)ဦး မီးခိုးမွှန်ပြီး မီးလောင်သေဆုံးသွားတယ်။ အဲဒီအိမ်မှာ ကမ္ဘောဇမီနီဘဏ်လည်း ဖွင့်ထားတယ်။ ဘဏ်ကတော့ အစောင့်ပဲရှိတယ်”ဟု မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓမေီးသတ်တပ်ဖွဲ့နှင့် အရံမီးသတ်တပ်ဖွဲ့ စုစုပေါင်း မီးသတ်အင်အား (၁၅၀) ဦး၊ မီးသတ်ယာဉ်(၁၅)စီး၊ အုပ်ချုပ်မှုယာဉ်(၅)စီး၊ မြို့နေလူထုအဖွဲ့အစည်းများက နံနက်(၂)နာရီ (၄၅) မိနစ်တွင် မီးလောင်မှုကိုစတင် ငြှိမ်းသတ်ခဲ့ပြီး နံနက်(၃)နာရီ(၂၀)မိနစ်တွင် မီးလောင်မှု ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“ဘဏ်ကတော့ အကုန်လုံးမပါသွားဘူးထင်တယ်။ အသေးစိတ်ကတော့ အမှုစစ်အရာရှိတွေ စစ်ဆေးနေဆဲပဲ ရှိပါသေးတယ်။ မီးလောင်မှုကိုတော့လာပြီး အမှုဖွင့်တိုင်ကြားထားတယ်။ မီးလောင်မှုကြောင့် အမျိုးသမီး(၂)ဦး သေဆုံးတယ်။ မီးသတ်ဦးစီးဌာနရဲ့စစ်ဆေးချက်အရ မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်း (၆၀) လို့ ခန့်မှန်းတန်ဖိုးသိရပါတယ်” ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

မီးလောင်မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အသေးစိတ်ကိုစစ်ဆေးနေဆဲဖြစ်ပြီး မီးလောင်မှုဖြစ်စဉ်အား မူဆယ်မြို့ မီးသတ် ဦးစီးဌာနမှ မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - မူဆယ်မီးသတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~