Update News

ရွမ္းျပည္နယ္ေျမာက္ပိုင္းလမ္းေပၚက ေမာင္ဖုန္းေတာင္ (သို႔) ေမာင္ဖုန္းေကြ႔


ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ျပည္ေထာင္စုလမ္းမႀကီးမွ ေက်ာက္မဲ - လားရိႈး အေဝးေျပးလမ္းပိုင္း မိုင္တိုင္အမွတ္ (၁၁၉) ႏွင့္ (၁၂၁) ၾကားရိွ ယာဥ္မေတာ္တဆမႈ မၾကာခဏျဖစ္ပြားေလ့ရိွသည့္ ေတာင္ေပၚ လမ္းေကြ႕အား ေမာင္ဖုန္းေကြ႕ဟု ေဒသခံမ်ားက ေခၚဆိုၾကရာမွ အဆိုပါလမ္းေကြ႕ရိွသည့္ေတာင္အား ေမာင္ဖုန္းေတာင္ဟု ေခၚဆိုၾကျခင္းျဖစ္သည္။

အဆိိုပါေတာင္၏ အေပၚဘက္အျမင့္ဆံုးတြင္ ေနာင္အန္းေက်းရြာရိွေနၿပီး ေတာင္၏ေအာက္ဘက္တြင္ ႀကံခင္းေက်းရြာ (သို႔မဟုတ္ )အဆိုပါ ေက်းရြာရိွ သဘာဝေရပူကန္အား အစြဲျပဳေခၚေဝၚသည့္ ေရပူစမ္းေက်းရြာ တည္ရိွေနျခင္းျဖစ္သည္။

ေမာင္ဖုန္းေတာင္မွ အတက္အဆင္းကားလမ္းသည္ အေကြ႕အေကာက္မ်ားလွၿပီး ေတာင္၏ အေပၚဆံုး အပိုင္းရိွ ေရႊဘုန္းပြင့္ေစတီအနီးမွ မတ္ေစာက္လွသည့္ ေတာင္ကမ္းပါးယံမွ လမ္းအေကြ႕မွာ ေမာင္ဖုန္းေကြ႕ပင္ျဖစ္သည္။

အဆိုပါ လမ္းေကြ႕အား ေမာင္ဖုန္းေကြ႕ဟု ေခၚဆိုလာၾကျခင္းမွာ လြန္ခဲ့သည့္ ႏွစ္ေပါင္း (၅၈)ႏွစ္၀န္းက်င္က အျဖစ္အပ်က္ကို အစြဲျပဳ ေခၚေဝၚႀကျခင္းျဖစ္ေၾကာင္း အဆိုပါေဒသတြင္ တာဝန္က်ခဲ့ဖူးသည့္
အသက္ (၇၅) ႏွစ္အရြယ္ စစ္သားေဟာင္းႀကီး ဦးဘေစာထံမွ သိရသည္။

“ကြ်န္ေတာ္တို႔နဲ႔ အေျပာင္းအလဲလုပ္တဲ့ ေဂၚရခါးစစ္တပ္ကလူေတြကေတာ့ အဲဒီအျဖစ္အပ်က္ကို မ်က္ျမင္ကိုယ္ေတြ႔ ႀကံဳခဲ့ရသူေတြပဲ။ ဒါေပမယ့္ အဲဒီေဂၚရခါးစစ္တပ္က ဘယ္ကိုေရႊ႕ေျပာင္းသြားလည္း မသိေတာ့ဘူး။ ၁၉၅၉ ခုႏွစ္၊ ၁၉၆၀ ခုႏွစ္ေလာက္ကျဖစ္ပ်က္ခဲ့တဲ့ အဲဒီအျဖစ္အပ်က္မွာ အသက္ရွင္ က်န္ရစ္သူႏွစ္ဦးကေတာ့ အသက္ရွင္က်န္ေနဦးမယ္ဆိုရင္ေတာင္ အသက္ (၉၀) ေက်ာ္အရြယ္ေတြ ျဖစ္ပါလိမ့္မယ္”ဟု ဦးဘေစာက ဆိုသည္။

ဦးဘေစာသည္ ၁၉၆၂ ခုႏွစ္ဝန္းက်င္က အမွတ္(၂)ေျခလ်င္တပ္ရင္း (ခလရ ၂ ) တပ္ႏွင့္အတူ ရွမ္းျပည္နယ္(ေျမာက္ပိုင္း )ေက်ာက္မဲေဒသတြင္ တာဝန္ထမ္းေဆာင္ခဲ့ျခင္းျဖစ္ၿပီး ၎တို႔တပ္ဖြဲ႕ တာဝန္ျဖင့္ ေျပာင္းေရႊ႕မလာမီ (၂)ႏွစ္ခန္႔က အဆိုပါ အျဖစ္အပ်က္ ျဖစ္ပြားသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

“၁၉၅၉ ခုနွစ္၊ ၁၉၆၀ ခုႏွစ္ေလာက္က ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္တစ္ခုကေန စတင္ခဲ့တာပါ။ ေမာင္ဖုန္းလို႔ ေခၚတဲ့ ကားဒရိုင္ဘာ တစ္ေယာက္ေမာင္းႏွင္လာတဲ့ကားကို စစ္ေၾကာင္းတစ္ခုက စစ္သားေတြ စီးနင္းလာခဲ့ၾကတယ္။ အဲဒီမွာ ကားေပၚ ပါလာတဲ့ စစ္သားတခ်ိဳ႕နဲ႔ ဒရိုင္ဘာေမာင္ဖုန္းတို႔ ျပႆနာ တခ်ိဳ႕ျဖစ္ၾကၿပီး ေမာင္ဖုန္းဟာ စစ္သားေတြအေပၚ မေက်မလည္နဲ႔ ခရီးဆက္ခဲ့ၾကတယ္။ ျပႆနာျဖစ္ တာကေတာ့ အဲဒီကားကို စီးနင္းလာတဲ့ စစ္သားေတြထဲက အရာရွိတစ္ဦးက ဒရိုင္ဘာေမာင္ဖုန္းကို ပါးေတြရိုက္တယ္။ ရိုင္းရိုင္းစိုင္းစိုင္း ေျပာဆိုဆက္ဆံတဲ့အတြက္ ဒရိုင္ဘာေမာင္ဖုန္းက စိတ္နာသြားခဲ့တာ။ ၿပီးေတာ့ သူ႔ရဲ႕စပယ္ယာျဖစ္သူကိုေတာ့ ဟြန္းသံုးခ်က္တီးၿပီး အခ်က္ေပးတဲ့ ေနရာေရာက္ရင္ ကားေပၚကေန ခုန္ဆင္းဖို႔ တစ္ခါထဲ မွာၾကားထားတယ္။ ဒါေၾကာင့္ အဲဒီေတာင္ထိပ္က အေကြ႔ အဆင္းမတ္ေစာက္တဲ့ေနရာမွာ ဟြန္းတီးလိုက္တာနဲ႔ စပယ္ယာက ခုန္ၿပီးဆင္းတာ။ စပယ္ယာ ခုန္ဆင္းတာကို လွမ္းဆြဲလိုက္တဲ့ စစ္သားတစ္ေယာက္ကလည္း ျပဳတ္က်ၿပီး က်န္ခဲ့တယ္။ ကားနဲ႔ေမာင္ဖုန္းနဲ႔ ကားေနာက္ခန္းက စစ္သားေတြကေတာ့ ေခ်ာက္ထဲက်ၿပီး ေသဆံုးသြားခဲ့တာေပ့ါ။
အဲ့ဒီ အျဖစ္အပ်က္ရဲ့ ေနာက္ပိုင္းမွာ အဲဒီေနရာက ေတာင္ကုန္းႀကီးကို ေမာင္ဖုန္းေတာင္လို႔ ေခၚတြင္လာၾကတယ္။ ေမာင္ဖုန္းေတာင္ရဲ့ထိပ္ဆံုးက အေကြ႔ႀကီးကိုလည္း ေမာင္ဖုန္းေကြ႔လို႔ ေခၚတြင္လာၾကရင္း အခုေတာ့ ေမာင္ဖုန္းေကြ႔ ရယ္လို႔ ျဖစ္လာခဲ့တာပါ”ဟု ဦးဘေစာက ေျပာသည္။

၁၉၆၀ ခုႏွစ္ဝန္းက်င္ကာလမ်ားက စစ္ေၾကာင္းမ်ား ေရႊ႕ေျပာင္းရာတြင္ လမ္းေပၚမွကားမ်ားကို တား၍ စီးနင္းေလ့ရိွေၾကာင္း သိရသည္။

“အျဖစ္အပ်က္မွာ အသက္ရွင္က်န္ရစ္သူႏွစ္ေယာက္ရွိတယ္ေလ။ တစ္ေယာက္က စပယ္ယာ၊ ေနာက္ထပ္ တစ္ေယာက္က စပယ္ယာနဲ႔အတူက်ေနခဲ့တဲ့ စစ္သားေပါ့။ ဒါေပမယ့္ အဲဒီအခ်ိန္တုန္းကေတာ့ သူတို႔က လူလတ္ပိုင္းအရြယ္ေတြ ျဖစ္ေနၿပီဆိုေတာ့ ခုအခ်ိန္ထိ ရွိေနရင္ေတာင္ က်န္းက်န္းမာမာရွိေနပါ့မလား မသိဘူး။ ကြ်န္ေတာ္တို႔ တပ္ကလည္း ၁၉၆၅ ခုႏွစ္ေလာက္မွာ ေက်ာက္မဲကေန သိမ္ဇရပ္ဘက္ကို ျပန္ေျပာင္းရတယ္။ ကြ်န္ေတာ္ကေတာ့ ေက်ာက္မဲမွာပဲ ထြက္ၿပီး က်န္ေနခဲ့တာ။ ကြ်န္ေတာ္ သိရသေလာက္ကေတာ့ အခုေလာက္ပဲ ရွိပါတယ္”ဟု ဦးဘေစာက ေျပာသည္။

ေမာင္ဖုန္းေတာင္ဟု အမည္ျဖစ္ေပၚလာပံုႏွင့္ ပတ္သက္၍ ရွမ္း/ေျမာက္ ေက်ာက္မဲၿမိဳ႕မွ ေနာက္ထပ္ စစ္သားေဟာင္းႀကီးတစ္ဦး ျဖစ္သူ အသက္ ( ၈၅ ) ႏွစ္ေက်ာ္အရြယ္ ဦးလြန္းေဖကလည္း အဆိုပါ အျဖစ္အပ်က္မ်ား ျပန္လည္ေျပာျပသည္။

“ကၽြန္ေတာ္ကေတာ့ ၁၉၇၉ ခုႏွစ္ေလာက္မွာ ေက်ာက္မဲကိုစၿပီးေရာက္တာေပါ့။ အဲဒီအျဖစ္အပ်က္ကေတာ့ ကြ်န္ေတာ္တို႔တပ္ (ခလရ ၂ ) ဒီကိုမေရာက္ခင္မွာ ျဖစ္ခဲ့တာ။ ကားေပၚပါလာတဲ့စစ္သားေတြနဲ႔ ျပႆနာျဖစ္ၿပီး ဒရိုင္ဘာ ေမာင္ဖုန္းက မေက်နပ္လို႔ ကားကိုေခ်ာက္ထဲ ေမာင္းခ်လိုက္တာလို႔ သိရတယ္။ အျဖစ္အပ်က္ကို အတိအက် ေျပာျပႏိုင္မယ့္သူကေတာ့ မရွိေလာက္ေတာ့ဘူး။ ကြ်န္ေတာ္ေတာင္ အသက္ ၈၅ ႏွစ္ရွိၿပီ ဒီေလာက္ပဲ သိတာ။ အဲဒီကိစၥျဖစ္သြားတုန္းက ေဂၚရခါး စစ္တပ္တစ္တပ္ပဲ ေမာင္ဖုန္းေတာင္နဲ႔ အနီးဆံုးမွာ ေခတၱစခန္းထိုင္ထားတာရွိတယ္။ ဒါေပမယ့္ အဲဒီတပ္လည္း ဘယ္ကို ေျပာင္းသြားမွန္း မသိေတာ့ဘူး”ဟု ဦးလြန္းေဖက ေျပာသည္။

အဆိုပါ လမ္းေကြ႕မွာ ယာဥ္ေမာင္းမ်ား အထူးသတိထား ေမာင္းႏွင္ရသည့္ လမ္းေကြ႕ျဖစ္ေနၿပီး ယာဥ္ မေတာ္တဆမႈမ်ားလည္း မၾကာခဏ ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရသည္။

၂၀၁၅ ခုႏွစ္ႏွင့္ ၂၀၁၆ ခုႏွစ္မ်ားအတြင္း အဆိုပါလမ္းေကြ႕အား လမ္းခ်ဲ႕ထြင္မႈမ်ား ျပဳလုပ္ေနၿပီး အတက္အဆင္း အေကြ႔ေတြမွာ လမ္းခ်ဲ႕ထြင္မႈ ေတြျပဳလုပ္ခဲ့သျဖင့္ ယခင္ကာလမ်ားထက္ လမ္းပို ေကာင္းလာေၾကာင္း သိရသည္။

လမ္းေကြ႕တြင္ ယာဥ္မေတာ္တဆမႈမ်ားေၾကာင့္ ျပည္ေထာင္စုလမ္းမ ျဖတ္သန္းသည့္ ကားမ်ား လမ္းနံေဘးမွ နတ္နန္း၊ နတ္ကြန္းမ်ားေရွ႕မွ ျဖတ္သန္းလွ်င္ ဟြန္းသံုးခ်က္တီးၿပီး အရိုအေသမေပးသည့္ ယာဥ္မ်ား မေတာ္တဆျဖစ္ပြားသည္ဟု ေဒသခံမ်ား အယူအဆျဖစ္လာၾကေၾကာင္း သိရသည္။

ယင္းအျပင္ ယာဥ္တြင္လိုက္ပါလာသူ (၉)ေယာက္ တိတိျဖစ္ေနျခင္း၊ အသားငါးစိမ္းမ်ား တင္ေဆာင္လာျခင္း၊ ယုတ္ရင္းၾကမ္းတမ္းသည့္ စကားမ်ား ေျပာဆိုျခင္း တို႔ေၾကာင့္ အျပစ္ေပးခံရျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက အယူအဆရိွလာေၾကာင္း သိရသည္။

အဆိုပါ လမ္းေကြ႕မွာ သတိထားေမာင္းႏွင္ရမည့္ လမ္းပိုင္းျဖစ္ေနရာ ယာဥ္ေမာင္းမ်ား သတိလက္လြတ္ ျဖစ္မိမႈေၾကာင့္ ယာဥ္မေတာ္တဆမႈ ျဖစ္ပြားေလ့ရိွသည္ဟု ဆိုၾကသည္။

ေရးသားသူ - ေနၿဖဳိးျမင့္








~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်ထောင်စုလမ်းမကြီးမှ ကျောက်မဲ - လားရှိုး အဝေးပြေးလမ်းပိုင်း မိုင်တိုင်အမှတ် (၁၁၉) နှင့် (၁၂၁) ကြားရှိ ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားလေ့ရှိသည့် တောင်ပေါ် လမ်းကွေ့အား မောင်ဖုန်းကွေ့ဟု ဒေသခံများက ခေါ်ဆိုကြရာမှ အဆိုပါလမ်းကွေ့ရှိသည့်တောင်အား မောင်ဖုန်းတောင်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

အဆိုပါတောင်၏ အပေါ်ဘက်အမြင့်ဆုံးတွင် နောင်အန်းကျေးရွာရှိနပြေီး တောင်၏အောက်ဘက်တွင် ကြံခင်းကျေးရွာ (သို့မဟုတ် )အဆိုပါ ကျေးရွာရှိ သဘာဝရေပူကန်အား အစွဲပြုခေါ်ဝေါ်သည့် ရေပူစမ်းကျေးရွာ တည်ရှိနခြေင်းဖြစ်သည်။

မောင်ဖုန်းတောင်မှ အတက်အဆင်းကားလမ်းသည် အကွေ့အကောက်များလှပြီး တောင်၏ အပေါ်ဆုံး အပိုင်းရှိ ရွှေဘုန်းပွင့်စေတီအနီးမှ မတ်စောက်လှသည့် တောင်ကမ်းပါးယံမှ လမ်းအကွေ့မှာ မောင်ဖုန်းကွေ့ပင်ဖြစ်သည်။

အဆိုပါ လမ်းကွေ့အား မောင်ဖုန်းကွေ့ဟု ခေါ်ဆိုလာကြခြင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း (၅၈)နှစ်ဝန်းကျင်က အဖြစ်အပျက်ကို အစွဲပြု ခေါ်ဝေါ်ကြခြင်းဖြစ်ကြောင်း အဆိုပါဒေသတွင် တာဝန်ကျခဲ့ဖူးသည့်
အသက် (၇၅) နှစ်အရွယ် စစ်သားဟောင်းကြီး ဦးဘစောထံမှ သိရသည်။

“ကျွန်တော်တို့နဲ့ အပြောင်းအလဲလုပ်တဲ့ ဂေါ်ရခါးစစ်တပ်ကလူတွေကတော့ အဲဒီအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူတွေပဲ။ ဒါပေမယ့် အဲဒီဂေါ်ရခါးစစ်တပ်က ဘယ်ကိုရွှေ့ပြောင်းသွားလည်း မသိတော့ဘူး။ ၁၉၅၉ ခုနှစ်၊ ၁၉၆၀ ခုနှစ်လောက်ကဖြစ်ပျက်ခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ အသက်ရှင် ကျန်ရစ်သူနှစ်ဦးကတော့ အသက်ရှင်ကျန်နေဦးမယ်ဆိုရင်တောင် အသက် (၉၀) ကျော်အရွယ်တွေ ဖြစ်ပါလိမ့်မယ်”ဟု ဦးဘစောက ဆိုသည်။

ဦးဘစောသည် ၁၉၆၂ ခုနှစ်ဝန်းကျင်က အမှတ်(၂)ခြေလျင်တပ်ရင်း (ခလရ ၂ ) တပ်နှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း )ကျောက်မဲဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး၎င်းတို့တပ်ဖွဲ့ တာဝန်ဖြင့် ပြောင်းရွှေ့မလာမီ (၂)နှစ်ခန့်က အဆိုပါ အဖြစ်အပျက် ဖြစ်ပွားသွားခြင်း ဖြစ်ကြောင်း သိရသည်။

“၁၉၅၉ ခုနှစ်၊ ၁၉၆၀ ခုနှစ်လောက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကနေ စတင်ခဲ့တာပါ။ မောင်ဖုန်းလို့ ခေါ်တဲ့ ကားဒရိုင်ဘာ တစ်ယောက်မောင်းနှင်လာတဲ့ကားကို စစ်ကြောင်းတစ်ခုက စစ်သားတွေ စီးနင်းလာခဲ့ကြတယ်။ အဲဒီမှာ ကားပေါ် ပါလာတဲ့ စစ်သားတချို့နဲ့ ဒရိုင်ဘာမောင်ဖုန်းတို့ ပြဿနာ တချို့ဖြစ်ကြပြီး မောင်ဖုန်းဟာ စစ်သားတွေအပေါ် မကျေမလည်နဲ့ ခရီးဆက်ခဲ့ကြတယ်။ ပြဿနာဖြစ် တာကတော့ အဲဒီကားကို စီးနင်းလာတဲ့ စစ်သားတွေထဲက အရာရှိတစ်ဦးက ဒရိုင်ဘာမောင်ဖုန်းကို ပါးတွေရိုက်တယ်။ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံတဲ့အတွက် ဒရိုင်ဘာမောင်ဖုန်းက စိတ်နာသွားခဲ့တာ။ ပြီးတော့ သူ့ရဲ့စပယ်ယာဖြစ်သူကိုတော့ ဟွန်းသုံးချက်တီးပြီး အချက်ပေးတဲ့ နေရာရောက်ရင် ကားပေါ်ကနေ ခုန်ဆင်းဖို့ တစ်ခါထဲ မှာကြားထားတယ်။ ဒါကြောင့် အဲဒီတောင်ထိပ်က အကွေ့ အဆင်းမတ်စောက်တဲ့နေရာမှာ ဟွန်းတီးလိုက်တာနဲ့ စပယ်ယာက ခုန်ပြီးဆင်းတာ။ စပယ်ယာ ခုန်ဆင်းတာကို လှမ်းဆွဲလိုက်တဲ့ စစ်သားတစ်ယောက်ကလည်း ပြုတ်ကျပြီး ကျန်ခဲ့တယ်။ ကားနဲ့မောင်ဖုန်းနဲ့ ကားနောက်ခန်းက စစ်သားတွေကတော့ ချောက်ထဲကျပြီး သေဆုံးသွားခဲ့တာပေါ့။
အဲ့ဒီ အဖြစ်အပျက်ရဲ့ နောက်ပိုင်းမှာ အဲဒီနေရာက တောင်ကုန်းကြီးကို မောင်ဖုန်းတောင်လို့ ခေါ်တွင်လာကြတယ်။ မောင်ဖုန်းတောင်ရဲ့ထိပ်ဆုံးက အကွေ့ကြီးကိုလည်း မောင်ဖုန်းကွေ့လို့ ခေါ်တွင်လာကြရင်း အခုတော့ မောင်ဖုန်းကွေ့ ရယ်လို့ ဖြစ်လာခဲ့တာပါ”ဟု ဦးဘစောက ပြောသည်။

၁၉၆၀ ခုနှစ်ဝန်းကျင်ကာလများက စစ်ကြောင်းများ ရွှေ့ပြောင်းရာတွင် လမ်းပေါ်မှကားများကို တား၍ စီးနင်းလေ့ရှိကြောင်း သိရသည်။

“အဖြစ်အပျက်မှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ရှိတယ်လေ။ တစ်ယောက်က စပယ်ယာ၊ နောက်ထပ် တစ်ယောက်က စပယ်ယာနဲ့အတူကျနေခဲ့တဲ့ စစ်သားပေါ့။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ သူတို့က လူလတ်ပိုင်းအရွယ်တွေ ဖြစ်နပြေီဆိုတော့ ခုအချိန်ထိ ရှိနေရင်တောင် ကျန်းကျန်းမာမာရှိနေပါ့မလား မသိဘူး။ ကျွန်တော်တို့ တပ်ကလည်း ၁၉၆၅ ခုနှစ်လောက်မှာ ကျောက်မဲကနေ သိမ်ဇရပ်ဘက်ကို ပြန်ပြောင်းရတယ်။ ကျွန်တော်ကတော့ ကျောက်မဲမှာပဲ ထွက်ပြီး ကျန်နေခဲ့တာ။ ကျွန်တော် သိရသလောက်ကတော့ အခုလောက်ပဲ ရှိပါတယ်”ဟု ဦးဘစောက ပြောသည်။

မောင်ဖုန်းတောင်ဟု အမည်ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ရှမ်း/မြောက် ကျောက်မဲမြို့မှ နောက်ထပ် စစ်သားဟောင်းကြီးတစ်ဦး ဖြစ်သူ အသက် ( ၈၅ ) နှစ်ကျော်အရွယ် ဦးလွန်းဖေကလည်း အဆိုပါ အဖြစ်အပျက်များ ပြန်လည်ပြောပြသည်။

“ကျွန်တော်ကတော့ ၁၉၇၉ ခုနှစ်လောက်မှာ ကျောက်မဲကိုစပြီးရောက်တာပေါ့။ အဲဒီအဖြစ်အပျက်ကတော့ ကျွန်တော်တို့တပ် (ခလရ ၂ ) ဒီကိုမရောက်ခင်မှာ ဖြစ်ခဲ့တာ။ ကားပေါ်ပါလာတဲ့စစ်သားတွေနဲ့ ပြဿနာဖြစ်ပြီး ဒရိုင်ဘာ မောင်ဖုန်းက မကျေနပ်လို့ ကားကိုချောက်ထဲ မောင်းချလိုက်တာလို့ သိရတယ်။ အဖြစ်အပျက်ကို အတိအကျ ပြောပြနိုင်မယ့်သူကတော့ မရှိလောက်တော့ဘူး။ ကျွန်တော်တောင် အသက် ၈၅ နှစ်ရှိပြီ ဒီလောက်ပဲ သိတာ။ အဲဒီကိစ္စဖြစ်သွားတုန်းက ဂေါ်ရခါး စစ်တပ်တစ်တပ်ပဲ မောင်ဖုန်းတောင်နဲ့ အနီးဆုံးမှာ ခေတ္တစခန်းထိုင်ထားတာရှိတယ်။ ဒါပေမယ့် အဲဒီတပ်လည်း ဘယ်ကို ပြောင်းသွားမှန်း မသိတော့ဘူး”ဟု ဦးလွန်းဖေက ပြောသည်။

အဆိုပါ လမ်းကွေ့မှာ ယာဉ်မောင်းများ အထူးသတိထား မောင်းနှင်ရသည့် လမ်းကွေ့ဖြစ်နပြေီး ယာဉ် မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များအတွင်း အဆိုပါလမ်းကွေ့အား လမ်းချဲ့ထွင်မှုများ ပြုလုပ်နပြေီး အတက်အဆင်း အကွေ့တွေမှာ လမ်းချဲ့ထွင်မှု တွပြေုလုပ်ခဲ့သဖြင့် ယခင်ကာလများထက် လမ်းပို ကောင်းလာကြောင်း သိရသည်။

လမ်းကွေ့တွင် ယာဉ်မတော်တဆမှုများကြောင့် ပြည်ထောင်စုလမ်းမ ဖြတ်သန်းသည့် ကားများ လမ်းနံဘေးမှ နတ်နန်း၊ နတ်ကွန်းများရှေ့မှ ဖြတ်သန်းလျှင် ဟွန်းသုံးချက်တီးပြီး အရိုအသေမပေးသည့် ယာဉ်များ မတော်တဆဖြစ်ပွားသည်ဟု ဒေသခံများ အယူအဆဖြစ်လာကြကြောင်း သိရသည်။

ယင်းအပြင် ယာဉ်တွင်လိုက်ပါလာသူ (၉)ယောက် တိတိဖြစ်နခြေင်း၊ အသားငါးစိမ်းများ တင်ဆောင်လာခြင်း၊ ယုတ်ရင်းကြမ်းတမ်းသည့် စကားများ ပြောဆိုခြင်း တို့ကြောင့် အပြစ်ပေးခံရခြင်း ဖြစ်သည်ဟု ဒေသခံများက အယူအဆရှိလာကြောင်း သိရသည်။

အဆိုပါ လမ်းကွေ့မှာ သတိထားမောင်းနှင်ရမည့် လမ်းပိုင်းဖြစ်နေရာ ယာဉ်မောင်းများ သတိလက်လွတ် ဖြစ်မိမှုကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားလေ့ရှိသည်ဟု ဆိုကြသည်။

ရေးသားသူ - နဖြေိုးမြင့် 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::