တရုတ္ႏုိင္ငံမွ သရက္သီးအဝယ္ေစ်းႏႈန္းေပၚမူတည္၍ တင္ပို႔မႈပမာဏ သတ္မွတ္မည္

တရုတ္ႏုိင္ငံမွ သရက္သီးအဝယ္ေစ်းႏႈန္းေပၚမူတည္၍ တင္ပို႔မႈပမာဏ သတ္မွတ္မည္
မေ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နယ္စပ္လမ္းေၾကာင္းမွ တရုတ္ႏုိင္ငံသို႔ သရက္သီးတင္ပို႔မႈကို ယခုႏွစ္မွစ၍ ေစ်းႏႈန္း အေျခအေနကိုၾကည့္၍ တင္ပို႔ရန္ ဆံုးျဖတ္မည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္း သရက္အစုအဖြဲ႕ထံမွ သိရသည္။

“ေတာင္သူေတြဖက္က အဆင္ေျပနိုင္မယ့္ ေစ်းႏႈန္းေပးလာရင္ေတာ့ မ်ားမ်ားတင္သြင္းႏိုင္မွာပါ။ တစ္ကယ္လို႕မ်ား ကၽြန္ေတာ္တို႔ ေမွ်ာ္မွန္းထားတဲ့ေစ်းထက္ ေလ်ာ့နည္းေနရင္ေတာ့ ျပည္တြင္းမွာပဲ တင္သြင္းေတာ့မွာပါ”ဟု ရွမ္း/ေတာင္ သရက္အစုအဖြဲ႕ ဥကၠဌ ဦးျမင့္ဦးက ေျပာသည္။

ယခင္ႏွစ္မ်ားတြင္ တရုတ္ႏိုင္ငံသို႔ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)နယ္စပ္လမ္းေၾကာင္းမွ သရက္သီးတန္ခ်ိန္ (၆၀၀) ဝန္းက်င္ တင္ပို႔ေနျခင္းျဖစ္ၿပီး အျခားႏိုင္ငံမ်ားသို႔လည္း တင္ပို႔ႏုိင္ရန္ သရက္အစုအဖြဲ႕အေနျဖင့္ ႀကိဳးပမ္းေနေၾကာင္း သိရသည္။

“ လက္ရွိေစ်းႏႈန္းမွာက တရုတ္ျပည္ဘက္ကေပးတဲ့ေစ်းက မႏွစ္ကထက္ေတာင္ နည္းေနတယ္။ အခုေလာေလာဆယ္ေတာ့ မႏၱေလးကပို႔ေနတာက အမ်ားစုက တစ္ျခင္းကို တရုတ္ေငြ ယြမ္ (၁၀၀) ရေနပါတယ္။ မႏွစ္ကဆို(၁၂၀)ကေန (၁၃၀)အထိ ရပါတယ္။ ၀ယ္သူကလည္း အရည္အေသြး ပိုင္းဆိုင္ရာေတြ တအားၾကည့္လာၿပီ။ ေစ်းႏႈန္းက မႏွစ္ကေလာက္ေတာင္ မမီေသးပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ဖက္က အသီးေတြ အရည္အေသြးျပည့္မီေအာင္ အခ်ိန္ထပ္ေစာင့္ၿပီးမွ တင္သြင္းသြားမွာပါ”ဟု ဦးျမင့္ဦးက ေျပာသည္။

တရုတ္ႏုိင္ငံသို႔ သရက္သီးမ်ားစတင္ တင္ပို႔ျခင္းအား ဇြန္လတြင္ စတင္ရန္ေမွ်ာ္မွန္းထားၿပီး ယခုႏွစ္အတြက္ အျခားျပည္ပႏုိင္ငံမ်ားသို႔ တင္ပို႔ႏုိင္ဖြယ္မရိွေသးေၾကာင္း သိရသည္။

မႏၱေလးတုိင္း၊စစ္ကိုင္းတိုင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တို႔မွ အမ်ားဆံုးထြက္ရိွသည့္ သရက္သီးမ်ားကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း )နယ္စပ္လမ္းေၾကာင္းမွတစ္ဆင့္ တရုတ္ႏုိင္ငံသို႔ တင္ပို႔ေနျခင္းျဖစ္ၿပီး ျပည္တြင္းေစ်းကြက္တြင္လည္း တင္ပို႔ေနျခင္းျဖစ္သည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ အမ်ားဆံုးထြက္ရွိျပီး၊ ယခင္ႏွစ္ သရက္သီး တစ္ျခင္းမွာ ယြမ္(၁၂၀-၁၃၀) ရရွိ ျပီး၊ ယခုႏွစ္မွာ ယြမ္ (၁၀၀)သာ ရရွိေနေသာေၾကာင့္ ေစ်းႏႈန္းေျခေနေပၚမူတည္၍ တင္ပို႕ေရာင္းခ်သြားမည္ျဖစ္ ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ သရက်သီးတင်ပို့မှုကို ယခုနှစ်မှစ၍ ဈေးနှုန်း အခြေအနေကိုကြည့်၍ တင်ပို့ရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း သရက်အစုအဖွဲ့ထံမှ သိရသည်။

“တောင်သူတွေဖက်က အဆင်ပြေနိုင်မယ့် ဈေးနှုန်းပေးလာရင်တော့ များများတင်သွင်းနိုင်မှာပါ။ တစ်ကယ်လို့များ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ဈေးထက် လျော့နည်းနေရင်တော့ ပြည်တွင်းမှာပဲ တင်သွင်းတော့မှာပါ”ဟု ရှမ်း/တောင် သရက်အစုအဖွဲ့ ဥက္ကဌ ဦးမြင့်ဦးက ပြောသည်။

ယခင်နှစ်များတွင် တရုတ်နိုင်ငံသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်စပ်လမ်းကြောင်းမှ သရက်သီးတန်ချိန် (၆၀၀) ဝန်းကျင် တင်ပို့နခြေင်းဖြစ်ပြီး အခြားနိုင်ငံများသို့လည်း တင်ပို့နိုင်ရန် သရက်အစုအဖွဲ့အနဖြေင့် ကြိုးပမ်းနေကြောင်း သိရသည်။

“ လက်ရှိဈေးနှုန်းမှာက တရုတ်ပြည်ဘက်ကပေးတဲ့ဈေးက မနှစ်ကထက်တောင် နည်းနေတယ်။ အခုလောလောဆယ်တော့ မန္တလေးကပို့နေတာက အများစုက တစ်ခြင်းကို တရုတ်ငွေ ယွမ် (၁၀၀) ရနေပါတယ်။ မနှစ်ကဆို(၁၂၀)ကနေ (၁၃၀)အထိ ရပါတယ်။ ဝယ်သူကလည်း အရည်အသွေး ပိုင်းဆိုင်ရာတွေ တအားကြည့်လာပြီ။ ဈေးနှုန်းက မနှစ်ကလောက်တောင် မမီသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဖက်က အသီးတွေ အရည်အသွေးပြည့်မီအောင် အချိန်ထပ်စောင့်ပြီးမှ တင်သွင်းသွားမှာပါ”ဟု ဦးမြင့်ဦးက ပြောသည်။

တရုတ်နိုင်ငံသို့ သရက်သီးများစတင် တင်ပို့ခြင်းအား ဇွန်လတွင် စတင်ရန်မျှော်မှန်းထားပြီး ယခုနှစ်အတွက် အခြားပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ဖွယ်မရှိသေးကြောင်း သိရသည်။

မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှ အများဆုံးထွက်ရှိသည့် သရက်သီးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း )နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နခြေင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင်လည်း တင်ပို့နခြေင်းဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံးထွက်ရှိပြီး၊ ယခင်နှစ် သရက်သီး တစ်ခြင်းမှာ ယွမ်(၁၂၀-၁၃၀) ရရှိ ပြီး၊ ယခုနှစ်မှာ ယွမ် (၁၀၀)သာ ရရှိနေသောကြောင့် ဈေးနှုန်းခြေနေပေါ်မူတည်၍ တင်ပို့ရောင်းချသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်း - နိုနို 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~