မိုင္းျဖတ္ၿမဳိ႕နယ္ ဆိုက္ေခါင္ေက်းရြာအနီး ေခ်ာင္းထဲသို႔ ယာဥ္တစ္စီးထိုးက်၊ အျခားယာဥ္မွာ အရွိန္လြန္ ခ်ဳံတိုး

မိုင္းျဖတ္ၿမဳိ႕နယ္ ဆိုက္ေခါင္ေက်းရြာအနီး ေခ်ာင္းထဲသို႔ ယာဥ္တစ္စီးထိုးက်၊ အျခားယာဥ္မွာ အရွိန္လြန္ ခ်ဳံတိုး
မေ 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ က်ဳိင္းတံု - တာခ်ီလိတ္ သြား ျပည္ေထာင္စု လမ္းမႀကီးေဘးရွိ နမ့္လံုေခ်ာင္း အတြင္းသို႔ ေမာ္ေတာ္ယာဥ္တစ္စီး ထိုးက်မႈ ေမလ(၁၆)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားၿပီး ေန႔လယ္ပိုင္းတြင္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔မွ သြားေရာက္ စစ္ေဆးရာ ယာဥ္အနီးတြင္ ယာဥ္ေမာင္းတစ္ဦးမွ် မေတြ႕ရေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္၊ ေတာညဴေက်းရြာအုပ္စု ဆိုက္ေခါင္ေက်းရြာ ႏွင့္ ဆြပ္ပန္းေက်းရြာအၾကား ႏွင့္ မိုင္တိုင္(၇၃၂/၇၃၃)ၾကားရွိ နမ့္လံုေခ်ာင္းအတြင္း တာေလဘက္မွ က်ဳိင္းတံုဘက္သို႔ ေမာင္းႏွင္လာသည္ဟု ခန္႔မွန္းရသည့္ Honda Fit ခဲေရာင္ ေမာ္ေတာ္ယာဥ္မွာ ထိုးက်ေနသည္ကို ေတြ႕ရွိရၿပီး ယာဥ္အနီးတြင္ ယာဥ္ေမာင္းႏွင့္ တစ္စံုတစ္ေယာက္မွ်မေတြ႕ရွိရဘဲ ေမာ္ေတာ္ကားတစ္စီးတည္းသာ ေတြ႕ရွိရေၾကာင္း မိုင္းျဖတ္ၿမိဳ႕နယ္ရဲစခန္းမွ သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေခ်ာင္းအတြင္းသို႔ ထိုးက်ေနသည့္ ေမာ္ေတာ္ယာဥ္အား ဆယ္ယူႏိုင္ေရးအတြက္ ေဆာင္ရြက္ေနၿပီး ပိုင္ရွင္အား သိရွိႏိုင္ရန္အတြက္ စံုစမ္းေနလ်က္ရွိေၾကာင္း သိရွိရသည္။

"မိုးရြာတဲ့ အခ်ိန္ဆိုရင္ ဆိုက္ေခါင္ေက်းရြာ နဲ႔ ဆြပ္ပန္းေက်းရြာအၾကား သတိထား ေမာင္းမွ ရမယ္။ အရွိန္မ်ားၿပီး မထိန္းႏိုင္ေတာ့ရင္ အခုလို မျဖစ္သင့္တာေတြ ျဖစ္တတ္တယ္။ မိုးရြာလို႔ လမ္းေခ်ာ္သြားတာေတြလည္း ျဖစ္ႏိုင္တဲ့အတြက္ သတိထားမွ အႏၱရာယ္ကင္းမွာပါ"ဟု မိုင္းျဖတ္ေဒသခံ အမ်ဳိးသား တစ္ဦးက ေျပာသည္။

အလားတူပင္ တာခ်ီလိတ္ - က်ဳိင္းတံု လမ္းေဘးမွာပင္ ေမလ(၁၆)ရက္ေန႔ နံနက္ပိုင္းက probox အမ်ဳိးအစား ေမာ္ေတာ္ယာဥ္တစ္စီး အရွိန္လြန္ကာ လမ္းေဘးသို႔ ထိုးက်မႈ ျဖစ္ပြားခဲ့ေၾကာင္းႏွင့္ အဆိုပါ ယာဥ္အား မိုင္းျဖတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔စခန္းတြင္ ထားရွိၿပီး စစ္ေဆးမႈ ျပဳလုပ္ေနေၾကာင္း သိရွိရသည္။

ဓာတ္ပံု - မိုင္းျဖတ္ ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ကျိုင်းတုံ - တာချီလိတ် သွား ပြည်ထောင်စု လမ်းမကြီးဘေးရှိ နမ့်လုံချောင်း အတွင်းသို့ မော်တော်ယာဉ်တစ်စီး ထိုးကျမှု မေလ(၁၆)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားပြီး နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးရာ ယာဉ်အနီးတွင် ယာဉ်မောင်းတစ်ဦးမျှ မတွေ့ရကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ တောညူကျေးရွာအုပ်စု ဆိုက်ခေါင်ကျေးရွာ နှင့် ဆွပ်ပန်းကျေးရွာအကြား နှင့် မိုင်တိုင်(၇၃၂/၇၃၃)ကြားရှိ နမ့်လုံချောင်းအတွင်း တာလေဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာသည်ဟု ခန့်မှန်းရသည့် Honda Fit ခဲရောင် မော်တော်ယာဉ်မှာ ထိုးကျနေသည်ကို တွေ့ရှိရပြီး ယာဉ်အနီးတွင် ယာဉ်မောင်းနှင့် တစ်စုံတစ်ယောက်မျှမတွေ့ရှိရဘဲ မော်တော်ကားတစ်စီးတည်းသာ တွေ့ရှိရကြောင်း မိုင်းဖြတ်မြို့နယ်ရဲစခန်းမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ချောင်းအတွင်းသို့ ထိုးကျနေသည့် မော်တော်ယာဉ်အား ဆယ်ယူနိုင်ရေးအတွက် ဆောင်ရွက်နပြေီး ပိုင်ရှင်အား သိရှိနိုင်ရန်အတွက် စုံစမ်းနေလျက်ရှိကြောင်း သိရှိရသည်။

"မိုးရွာတဲ့ အချိန်ဆိုရင် ဆိုက်ခေါင်ကျေးရွာ နဲ့ ဆွပ်ပန်းကျေးရွာအကြား သတိထား မောင်းမှ ရမယ်။ အရှိန်များပြီး မထိန်းနိုင်တော့ရင် အခုလို မဖြစ်သင့်တာတွေ ဖြစ်တတ်တယ်။ မိုးရွာလို့ လမ်းချော်သွားတာတွေလည်း ဖြစ်နိုင်တဲ့အတွက် သတိထားမှ အန္တရာယ်ကင်းမှာပါ"ဟု မိုင်းဖြတ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

အလားတူပင် တာချီလိတ် - ကျိုင်းတုံ လမ်းဘေးမှာပင် မေလ(၁၆)ရက်နေ့ နံနက်ပိုင်းက probox အမျိုးအစား မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးသို့ ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါ ယာဉ်အား မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် ထားရှိပြီး စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ - မိုင်းဖြတ် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~