ဂ်ိမ္းစ္ဘြန္းမင္းသားႀကီး ဆာေရာ္ဂ်ာမိုး ကြယ္လြန္

ဂ်ိမ္းစ္ဘြန္းမင္းသားႀကီး ဆာေရာ္ဂ်ာမိုး ကြယ္လြန္
မေ 23, 2017
By Tachileik News Agency

ဂ်ိမ္းစ္ဘြန္းမင္းသားႀကီး ဆာေရာ္ဂ်ာမိုး ကင္ဆာေရာဂါျဖင့္ ကြယ္လြန္သြားၿပီ ျဖစ္ေၾကာင္း ၎၏မိသားစုက ေမလ(၂၃)ရက္ေန႔တြင္ ထုတ္ျပန္လိုက္သည္။

Live and Let Die၊ The Spy Who Loved Me တို႔ အပါအဝင္ ၁၉၇၃ ခုႏွစ္မွ ၁၉၈၅ ခုႏွစ္အထိ ဂ်ိမ္းစ္ဘြန္း အျဖစ္ ရုပ္ရွင္ဇာတ္ကား (၇)ကားတြင္ သရုပ္ေဆာင္ခဲ့သည့္ အသက္ (၈၉)ႏွစ္အရြယ္ မင္းသားႀကီးသည္ ကင္ဆာေရာဂါအား ရဲရဲရင့္ရင့္တြန္းလွန္ရင္း ဆြစ္ဇာလန္ႏုိင္ငံတြင္ ကြယ္လြန္သြားၿပီ ျဖစ္ေၾကာင္း ဆာေရာ္ဂ်ာမိုး၏ မိသားစုက လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပလာျခင္းျဖစ္သည္။

ဆာေရာ္ဂ်ာမိုးအား လန္ဒန္ေတာင္ပိုင္း စေတာ့ဝဲလ္တြင္ ၁၉၂၇ ခုႏွစ္ ေအာက္တိုဘာလ(၁၄)ရက္ေန႔က ေမြးဖြားခဲ့ကာ Royal Academy of Dramatic Arts တြင္ ပညာသင္ၾကားခဲ့ျခင္းျဖစ္သည္။

ဂ်ိမ္းစ္ဘြန္းမင္းသား 007 အျဖစ္ မင္းသားႀကီး ေရွာင္ကြင္နရီ သရုပ္ေဆာင္ေတာ့မည္ မဟုတ္ေၾကာင္း ေၾကညာခဲ့သည့္ ၁၉၆၆ ခုႏွစ္မွ စ၍ ဆာေရာ္ဂ်ာမိုးသည္ ဂ်ိမ္းစ္ဘြန္းေနရာအား လႊဲေျပာင္း သရုပ္ေဆာင္ခဲ့သူျဖစ္သည္။

၎၏ စ်ာပနအား မိုနာကိုတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Ref; vice


~~~~~~~~⊰❂ unicode ~~~~~~~~

ဂျိမ်းစ်ဘွန်းမင်းသားကြီး ဆာရော်ဂျာမိုး ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၎င်း၏မိသားစုက မေလ(၂၃)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

Live and Let Die၊ The Spy Who Loved Me တို့ အပါအဝင် ၁၉၇၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ဂျိမ်းစ်ဘွန်း အဖြစ် ရုပ်ရှင်ဇာတ်ကား (၇)ကားတွင် သရုပ်ဆောင်ခဲ့သည့် အသက် (၈၉)နှစ်အရွယ် မင်းသားကြီးသည် ကင်ဆာရောဂါအား ရဲရဲရင့်ရင့်တွန်းလှန်ရင်း ဆွစ်ဇာလန်နိုင်ငံတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ဆာရော်ဂျာမိုး၏ မိသားစုက လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြလာခြင်းဖြစ်သည်။

ဆာရော်ဂျာမိုးအား လန်ဒန်တောင်ပိုင်း စတော့ဝဲလ်တွင် ၁၉၂၇ ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့က မွေးဖွားခဲ့ကာ Royal Academy of Dramatic Arts တွင် ပညာသင်ကြားခဲ့ခြင်းဖြစ်သည်။

ဂျိမ်းစ်ဘွန်းမင်းသား 007 အဖြစ် မင်းသားကြီး ရှောင်ကွင်နရီ သရုပ်ဆောင်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည့် ၁၉၆၆ ခုနှစ်မှ စ၍ ဆာရော်ဂျာမိုးသည် ဂျိမ်းစ်ဘွန်းနေရာအား လွှဲပြောင်း သရုပ်ဆောင်ခဲ့သူဖြစ်သည်။

၎င်း၏ ဈာပနအား မိုနာကိုတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Ref; vice

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~