ဘာသာေပါင္းစံု ခ်စ္ၾကည္ညီညြတ္ေရးအဖြဲ႕မ်ား ရွမ္းျပည္နယ္အတြင္း ထပ္မံဖြဲ႕စည္းမည္

ဘာသာေပါင္းစံု ခ်စ္ၾကည္ညီညြတ္ေရးအဖြဲ႕မ်ား ရွမ္းျပည္နယ္အတြင္း ထပ္မံဖြဲ႕စည္းမည္
ဧပြီ 1, 2017
By 🌸
ရွမ္းျပည္နယ္အတြင္း ဘာသာေပါင္းစံုခ်စ္ၾကည္ညီညြတ္ေရးအဖြဲ႔ခြဲမ်ားကို ထပ္မံတိုးခ်ဲ႕ဖြဲ႕စည္းသြားမည္ ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ ဘာသာေပါင္းစံုခ်စ္ၾကည္ညီညြတ္ေရးအဖြဲ႕ထံမွ သိရသည္။

“ ဘာသာေပါင္းစံုကို အျပန္အလွန္ခ်စ္ခင္နိုင္ဖို႔ ၿငိမ္းခ်မ္းဖို႔ပါ။ ရွမ္းျပည္နယ္ ဘာသာေပါင္းစံု ခ်စ္ၾကည္ ညီညြတ္ေရးအဖြဲ႕ကို ထပ္ဆင့္ပြားနိုင္ဖို႔ရယ္၊ အက်ဳိးရလဒ္ေတြကို ျပည္သူေတြခ်ျပနိုင္ဖို႕ အစီအစဥ္ရွိပါတယ္။ အဖြဲ႕ကိုေညာင္ေရႊမွာလည္း အသစ္ထပ္ဖြဲ႕ဖို႕ရွိပါတယ္။ ေနာက္ထပ္ လိြဳင္လင္၊ နမ့္စန္ေတြမွာ ဖြဲ႕သြားဖို႔ ရွိပါတယ္။ ၿမိဳ႕နယ္ခရိုင္ေတြမွာလည္း ေတာက္ေလွ်ာက္ဖြဲ႕သြားမွာပါ။ ၿမိဳ႕ရဲ႕ အေျခအေနအလိုက္ ဖြဲ႕ထားေပးပါတယ္။ ၿမိဳ႕နယ္ေတြမွာဆိုရင္ေတာ့ (၅) ဦးတစ္ဖြဲ႕စီဖြဲ႕တာရွိတယ္။ မတူကြဲျပားတဲ႕ ဘာသာအခ်င္းခ်င္းမွာပဋိပကၡေတြမျဖစ္ဖို႔၊ တားဆီးဖို႔၊ ေပၚေပါက္လာတဲ့ သဘာ၀ေဘးေတြမွာ ကူညီဖို႔၊ ေထာက္ပံ့ဖို႔၊ ျပန္လည္ထူေထာင္ေပးဖို႔ ရွိတယ္”ဟု ရွမ္းျပည္နယ္ ဘာသာေပါင္းစံုခ်စ္ၾကည္ညီညြတ္ေရးအဖြဲ႕ အတြင္းေရးမွဴး ဦးခင္ေမာင္ဦးက ဆိုသည္။

ရွမ္းျပည္နယ္ဘာသာေပါင္းစံုခ်စ္ၾကည္ညီညြတ္ေရးအဖြဲ႕ကို ၂၀၁၅ ခုႏွစ္ ေဖေဖၚဝါရီလ (၅) ရက္ေန႔တြင္ လည္းေကာင္း၊ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လတြင္ လားရိႈးၿမိဳ႕တြင္လည္းေကာင္း၊ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလတြင္ က်ိဳင္းတံုၿမိဳ႕တို႔တြင္လည္းေကာင္း အသီးသီးဖြဲ႕စည္းထားေၾကာင္း သိရသည္။

အဆိုပါအဖြဲ႕အေနျဖင့္ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ကခ်င္ျပည္နယ္မ်ားမွလြဲ၍ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ အသင္းအဖြဲ႕မ်ား ဖြဲ႕စည္းထားၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း၊ ဓါတ္ပံု #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ခွဲများ ရှမ်းပြည်နယ်အတွင်း ထပ်မံဖွဲ့စည်းမည်
************

ရှမ်းပြည်နယ်အတွင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ခွဲများကို ထပ်မံတိုးချဲ့ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ထံမှ သိရသည်။

“ ဘာသာပေါင်းစုံကို အပြန်အလှန်ချစ်ခင်နိုင်ဖို့ ငြိမ်းချမ်းဖို့ပါ။ ရှမ်းပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ကို ထပ်ဆင့်ပွားနိုင်ဖို့ရယ်၊ အကျိုးရလဒ်တွေကို ပြည်သူတွေချပြနိုင်ဖို့ အစီအစဉ်ရှိပါတယ်။ အဖွဲ့ကိုညောင်ရွှေမှာလည်း အသစ်ထပ်ဖွဲ့ဖို့ရှိပါတယ်။ နောက်ထပ် လွိုင်လင်၊ နမ့်စန်တွေမှာ ဖွဲ့သွားဖို့ ရှိပါတယ်။ မြို့နယ်ခရိုင်တွေမှာလည်း တောက်လျှောက်ဖွဲ့သွားမှာပါ။ မြို့ရဲ့ အခြေအနေအလိုက် ဖွဲ့ထားပေးပါတယ်။ မြို့နယ်တွေမှာဆိုရင်တော့ (၅) ဦးတစ်ဖွဲ့စီဖွဲ့တာရှိတယ်။ မတူကွဲပြားတဲ့ ဘာသာအချင်းချင်းမှာပဋိပက္ခတွေမဖြစ်ဖို့၊ တားဆီးဖို့၊ ပေါ်ပေါက်လာတဲ့ သဘာဝဘေးတွေမှာ ကူညီဖို့၊ ထောက်ပံ့ဖို့၊ ပြန်လည်ထူထောင်ပေးဖို့ ရှိတယ်”ဟု ရှမ်းပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဦးက ဆိုသည်။

ရှမ်းပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် လည်းကောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် လားရှိုးမြို့တွင်လည်းကောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ကျိုင်းတုံမြို့တို့တွင်လည်းကောင်း အသီးသီးဖွဲ့စည်းထားကြောင်း သိရသည်။

အဆိုပါအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်များမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသင်းအဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓါတ်ပုံ #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~