RCSS/SSA မွ ဖမ္းဆီးခံရသည္ဟု သတင္းရထားသူ ႏွစ္ဦး ႏွစ္လနီးပါးၾကာသည္အထိ ေနရပ္ျပန္ေရာက္လာျခင္း မရိွ

RCSS/SSA မွ ဖမ္းဆီးခံရသည္ဟု သတင္းရထားသူ ႏွစ္ဦး ႏွစ္လနီးပါးၾကာသည္အထိ ေနရပ္ျပန္ေရာက္လာျခင္း မရိွ
ဧပြီ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ကြန္အံုးရြာတြင္ ဘက္ထရီအိုးအေဟာင္းမ်ား လိုက္လံဝယ္ယူသူ(၂) ဦးအား မတ္လ(၉) ရက္ေန႔ကတည္းက RCSS/ SSA မွ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္ဟု သတင္းရရွိၿပီး ယေန႔အခ်ိန္ထိ ေက်းသီးၿမိဳ႕ရိွ မိသားစုထံ ျပန္လည္ေရာက္ရိွျခင္းမရိွေသးေၾကာင္း သိရသည္။

“သူတို႔ဖမ္းခံလိုက္ရတဲ့ သီေပါၿမိဳ႕နယ္ ကြန္အံုးရြာက ေဒသခံေတြကေျပာတယ္။ က်ြန္မတို႔ကို ေျပာျပသူေတြက အခုထိ သက္ေသရွိပါတယ္။ သူတို႔ကို ျပန္ေတြ႔ရဖို႔အတြက္ ကြ်န္မတို႔အဲဒီနယ္တစ္ဝိုက္မွာ အကူအညီေတာင္းခံၿပီး လိုက္ရွာပါေသးတယ္”ဟု ဖမ္းဆီးခံရသူတစ္ဦး၏ ညီမျဖစ္သူက ဧၿပီလ(၂၅) ရက္ေန႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဖမ္းခံရသူႏွစ္ဦးမွာ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေက်းသီးၿမိဳ႕တြင္ ေနထိုင္သည့္ အသက္ (၃၅)ႏွစ္အရြယ္ႏွင့္ အသက္ (၂၄)ႏွစ္အရြယ္ အမ်ိဳးသားႏွစ္ဦးျဖစ္ၿပီး ဘက္ထရီအိုး အေဟာင္းမ်ား၊ ဆံပင္ကြ်တ္မ်ားအား လိုက္လံဝယ္ယူျခင္း ၊ အိုးခြက္ပန္းကန္မ်ားႏွင့္ လဲလွယ္ျခင္း လုပ္ကိုင္သူမ်ား ျဖစ္ေၾကာင္း သိရသည္။

၎အမ်ိဳးသားႏွစ္ဦး ဖမ္းဆီးခံရျခင္းႏွင့္ပတ္သက္၍ ကာယကံရွင္မိသားစုဝင္မ်ားက သီေပါၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားေၾကာင္းသိရသျဖင့္ သီေပါၿမိဳ႕မရဲစခန္းသို႔ ဧၿပီလ(၂၅)ရက္ေန႔ ၌ ဖုန္းျဖင့္ ဆက္သြယ္ ေမးျမန္းရာ မွတ္တမ္းမ်ား ျပန္လည္ရွာေဖြဦးမည္ျဖစ္သည့္အတြက္ ေခတၱေစာင့္ဆိုင္းေပးရန္သာ ေျပာဆိုခဲ့ၿပီး ျပန္လည္ဆက္သြယ္ရာတြင္ ထပ္မံ ေျဖၾကားျခင္းမရွိခဲ့ပါ။

“သူတို႔ကိုဖမ္းသြားေတာ့ သူတို႔ေရာင္းဝယ္လုပ္ကိုင္ေနတဲ့ ပစၥည္းေတြကို အဲဒီရြာကအိမ္တစ္အိမ္မွာ ထားခဲ့ေပးတယ္၊ သူတို႔ ႏွစ္ေယာက္စလံုးရဲ့ဖုန္းေတြေတာ့ ပါသြားတယ္။ ဧၿပီလ (၅)ရက္ေန႔မွာေတာ့ ဖုန္းနံပါတ္တစ္ခုကေန ကြ်န္မတို႔ကို ႏွစ္ေယာက္စလံုးေသသြားၿပီ ၊ လိုက္မရွာေနနဲ႔ဆိုၿပီး ဖုန္းဆက္လာတယ္။ အခုကြ်န္မမိဘေတြလည္း ေက်းသီးမွာမေနရဲေတာ့လို႔ တျခားတစ္ေနရာကို ေျပာင္းေရႊ႕ၿပီးေနေနရတယ္။ ကြ်န္မရဲ့ အစ္ကိုေရာ၊ တူေရာသူတို႔ဆီက အဆက္အသြယ္လည္း လံုးဝမရေတာ့ဘူး။ အရင္ကလည္း အဲဒီလို နယ္လွည့္ ေစ်းသည္ေတြ ေပ်ာက္သြားတာမ်ိဳး ခဏခဏ ႀကားဖူးတယ္။ တစ္ကယ္လို႔ သူတို႔မေသေသးဘူးဆိုရင္ေတာ့ ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္”ဟု ေပ်ာက္ဆံုးသြားသူ၏ မိသားစုဝင္တစ္ဦးက ေျပာသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ RCSS / SSA မွ တာဝန္ရိွသူမ်ားအား ဧၿပီလ (၂၅)ရက္ေန႔တြင္ ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းရာ ျပန္လည္ဆက္သြယ္ရန္ေျဖၾကားခဲ့ၿပီး ထပ္မံဆက္သြယ္ရာတြင္ ဖုန္းလက္ခံေျဖၾကားျခင္းမရိွေတာ့ပါ။

သတင္း - ဇူးဇူးေနျခည္


~~~~~~~~⊰❂ unicode ~~~~~~~~
RCSS/SSA မှ ဖမ်းဆီးခံရသည်ဟု သတင်းရထားသူ နှစ်ဦး နှစ်လနီးပါးကြာသည်အထိ နေရပ်ပြန်ရောက်လာခြင်း မရှိ


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ကွန်အုံးရွာတွင် ဘက်ထရီအိုးအဟောင်းများ လိုက်လံဝယ်ယူသူ(၂) ဦးအား မတ်လ(၉) ရက်နေ့ကတည်းက RCSS/ SSA မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သတင်းရရှိပြီး ယနေ့အချိန်ထိ ကျေးသီးမြို့ရှိ မိသားစုထံ ပြန်လည်ရောက်ရှိခြင်းမရှိသေးကြောင်း သိရသည်။

“သူတို့ဖမ်းခံလိုက်ရတဲ့ သီပေါမြို့နယ် ကွန်အုံးရွာက ဒေသခံတွေကပြောတယ်။ ကျွန်မတို့ကို ပြောပြသူတွေက အခုထိ သက်သေရှိပါတယ်။ သူတို့ကို ပြန်တွေ့ရဖို့အတွက် ကျွန်မတို့အဲဒီနယ်တစ်ဝိုက်မှာ အကူအညီတောင်းခံပြီး လိုက်ရှာပါသေးတယ်”ဟု ဖမ်းဆီးခံရသူတစ်ဦး၏ ညီမဖြစ်သူက ဧပြီလ(၂၅) ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဖမ်းခံရသူနှစ်ဦးမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့တွင် နေထိုင်သည့် အသက် (၃၅)နှစ်အရွယ်နှင့် အသက် (၂၄)နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး ဘက်ထရီအိုး အဟောင်းများ၊ ဆံပင်ကျွတ်များအား လိုက်လံဝယ်ယူခြင်း၊ အိုးခွက်ပန်းကန်များနှင့် လဲလှယ်ခြင်း လုပ်ကိုင်သူများ ဖြစ်ကြောင်း သိရသည်။

၎င်းအမျိုးသားနှစ်ဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ကာယကံရှင်မိသားစုဝင်များက သီပေါမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်းသိရသဖြင့် သီပေါမြို့မရဲစခန်းသို့ ဧပြီလ(၂၅)ရက်နေ့၌ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ မှတ်တမ်းများ ပြန်လည်ရှာဖွေဦးမည်ဖြစ်သည့်အတွက် ခေတ္တစောင့်ဆိုင်းပေးရန်သာ ပြောဆိုခဲ့ပြီး ပြန်လည်ဆက်သွယ်ရာတွင် ထပ်မံ ဖြကြေားခြင်းမရှိခဲ့ပါ။

“သူတို့ကိုဖမ်းသွားတော့ သူတို့ရောင်းဝယ်လုပ်ကိုင်နေတဲ့ ပစ္စည်းတွေကို အဲဒီရွာကအိမ်တစ်အိမ်မှာ ထားခဲ့ပေးတယ်၊ သူတို့ နှစ်ယောက်စလုံးရဲ့ဖုန်းတွေတော့ ပါသွားတယ်။ ဧပြီလ (၅)ရက်နေ့မှာတော့ ဖုန်းနံပါတ်တစ်ခုကနေ ကျွန်မတို့ကို နှစ်ယောက်စလုံးသေသွားပြီ၊ လိုက်မရှာနေနဲ့ဆိုပြီး ဖုန်းဆက်လာတယ်။ အခုကျွန်မမိဘတွေလည်း ကျေးသီးမှာမနေရဲတော့လို့ တခြားတစ်နေရာကို ပြောင်းရွှေ့ပြီးနေနေရတယ်။ ကျွန်မရဲ့ အစ်ကိုရော၊ တူရောသူတို့ဆီက အဆက်အသွယ်လည်း လုံးဝမရတော့ဘူး။ အရင်ကလည်း အဲဒီလို နယ်လှည့် ဈေးသည်တွေ ပျောက်သွားတာမျိုး ခဏခဏ ကြားဖူးတယ်။ တစ်ကယ်လို့ သူတို့မသေသေးဘူးဆိုရင်တော့ ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု ပျောက်ဆုံးသွားသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ RCSS / SSA မှ တာဝန်ရှိသူများအား ဧပြီလ (၂၅)ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ပြန်လည်ဆက်သွယ်ရန်ဖြကြေားခဲ့ပြီး ထပ်မံဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြကြေားခြင်းမရှိတော့ပါ။

သတင်း - ဇူးဇူးနခြေည်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~