ေရနံေခ်ာင္းၿမိဳ႕တြင္း လမ္းမ်ား၌ သံုးဘီးယာဥ္ ျဖတ္သန္းေျပးဆဲြခြင္႔ရရိွေရး ဆႏၵေဖာ္ထုတ္

ေရနံေခ်ာင္းၿမိဳ႕တြင္း လမ္းမ်ား၌ သံုးဘီးယာဥ္ ျဖတ္သန္းေျပးဆဲြခြင္႔ရရိွေရး ဆႏၵေဖာ္ထုတ္
ဧပြီ 22, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး ေရနံေခ်ာင္းၿမိဳ႕တြင္းလမ္းမ်ားတြင္ ယာဥ္လိုင္းဝင္မထားသည့္ သံုးဘီးယာဥ္မ်ား ျဖတ္သန္း ေမာင္းႏွင္ခြင့္ျပဳရန္ သံုးဘီးယာဥ္ေမာင္း (၅၀)ခန္႔က ဧၿပီလ (၂၂)ရက္ နံနက္ (၉)နာရီအခ်ိန္တြင္ ဆႏၵထုတ္ေဖာ္ၾကေၾကာင္း သိရသည္။

ေရနံ႔သာႏွင့္ သီဟေအာင္ သံုးဘီးယာဥ္လိုင္းႏွစ္ခုမွလြဲ၍ ယာဥ္လုိင္းဝင္ထားျခင္းမရိွသည့္ သံုးဘီးယာဥ္မ်ားကို ၿမိဳ႕တြင္းလမ္းမ်ားတြင္ ေမာင္းႏွင္ျခင္း မျပဳရန္ ဧၿပီ(၁၀)ရက္ေန႔က သက္ဆိုင္ရာမွ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ၿပီး ဧၿပီ(၁၇)ရက္ ေန႔မွစ၍ အေရးယူမႈမ်ား စတင္ျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ သံုးဘီးယာဥ္ေတြကို ၿမိဳ႕ထဲလမ္းမွာ ခါလီေတာင္ေျပးဆဲြခြင္႔မျပဳဘူးလို႔ အမိန္႔ထုတ္ ျပန္လိုက္တယ္။ အေဝးေျပးကားေတြအတြက္ တစ္လမ္းေမာင္းလုပ္ထားတဲ႔ ေရႊၾကာငံု ၿမိဳ႕ပတ္လမ္းကိုပဲ သြားလာခြင့္ျပဳထားေတာ႔ အခ်ိဳးအေကြ႔လုပ္ရတဲ႔အခါ အရမ္းအႏၱရာယ္မ်ားပါတယ္။ ၿမိဳ႕ပတ္လမ္း ျဖစ္ေနေတာ့ လူစီးရဖို႔လည္း ခဲယဥ္းတယ္”ဟု ဆႏၵေဖာ္ထုတ္ပဲြဦးေဆာင္သူ သံုးဘီးယာဥ္ေမာင္း ဦးေဇာ္မ်ိဳးဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သံုးဘီးယာဥ္မ်ားမွာ လုပ္ငန္းလိုင္စင္ႏွင့္ ယာဥ္လိုင္စင္တို႔ရိွေသာ္လည္း လက္ရိွၿမိဳ႕တြင္း ေျပးဆြဲခြင့္ရထားသည့္ ေရနံ႔သာႏွင့္ သီဟေအာင္ သံုးဘီးယာဥ္လိုင္းမ်ားတြင္ ယာဥ္လိုင္းဝင္ခြင့္ မရေသးသည့္ သံုးဘီးမ်ားျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕တြင္းလမ္းမ်ားတြင္ ယာဥ္လိုင္းဝင္ထားျခင္း မရိွေသးသည့္ သံုးဘီးယာဥ္မ်ား ေျပးဆြဲခြင့္အတြက္ ေရနံေခ်ာင္းၿမိဳ႕ တြင္းကုန္းဇရပ္ႀကီးမွ စတင္၍ သံုးဘီးယာဥ္ အစီးေရ(၂၀)ေက်ာ္၊ လူအင္အား(၅၀)ခန္႔တို႔က ေရနံေခ်ာင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးအနီးထိ စီတန္းလွည့္လည္ဆႏၵ ေဖာ္ထုတ္ခဲ့ၾကျခင္းျဖစ္သည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရေနံချောင်းမြို့တွင်း လမ်းများ၌ သုံးဘီးယာဉ် ဖြတ်သန်းပြေးဆွဲခွင့်ရရှိရေး ဆန္ဒဖော်ထုတ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင်းလမ်းများတွင် ယာဉ်လိုင်းဝင်မထားသည့် သုံးဘီးယာဉ်များ ဖြတ်သန်း မောင်းနှင်ခွင့်ပြုရန် သုံးဘီးယာဉ်မောင်း (၅၀)ခန့်က ဧပြီလ (၂၂)ရက် နံနက် (၉)နာရီအချိန်တွင် ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

ရေနံ့သာနှင့် သီဟအောင် သုံးဘီးယာဉ်လိုင်းနှစ်ခုမှလွဲ၍ ယာဉ်လိုင်းဝင်ထားခြင်းမရှိသည့် သုံးဘီးယာဉ်များကို မြို့တွင်းလမ်းများတွင် မောင်းနှင်ခြင်း မပြုရန် ဧပြီ(၁၀)ရက်နေ့က သက်ဆိုင်ရာမှ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဧပြီ(၁၇)ရက် နေ့မှစ၍ အရေးယူမှုများ စတင်ပြုလုပ်နခြေင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ သုံးဘီးယာဉ်တွေကို မြို့ထဲလမ်းမှာ ခါလီတောင်ပြေးဆွဲခွင့်မပြုဘူးလို့ အမိန့်ထုတ် ပြန်လိုက်တယ်။ အဝေးပြေးကားတွေအတွက် တစ်လမ်းမောင်းလုပ်ထားတဲ့ ရွှကြောငုံ မြို့ပတ်လမ်းကိုပဲ သွားလာခွင့်ပြုထားတော့ အချိုးအကွေ့လုပ်ရတဲ့အခါ အရမ်းအန္တရာယ်များပါတယ်။ မြို့ပတ်လမ်း ဖြစ်နေတော့ လူစီးရဖို့လည်း ခဲယဉ်းတယ်”ဟု ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ သုံးဘီးယာဉ်မောင်း ဦးဇော်မျိုးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သုံးဘီးယာဉ်များမှာ လုပ်ငန်းလိုင်စင်နှင့် ယာဉ်လိုင်စင်တို့ရှိသော်လည်း လက်ရှိမြို့တွင်း ပြေးဆွဲခွင့်ရထားသည့် ရေနံ့သာနှင့် သီဟအောင် သုံးဘီးယာဉ်လိုင်းများတွင် ယာဉ်လိုင်းဝင်ခွင့် မရသေးသည့် သုံးဘီးများဖြစ်ကြောင်း သိရသည်။

မြို့တွင်းလမ်းများတွင် ယာဉ်လိုင်းဝင်ထားခြင်း မရှိသေးသည့် သုံးဘီးယာဉ်များ ပြေးဆွဲခွင့်အတွက် ရေနံချောင်းမြို့ တွင်းကုန်းဇရပ်ကြီးမှ စတင်၍ သုံးဘီးယာဉ် အစီးရေ(၂၀)ကျော်၊ လူအင်အား(၅၀)ခန့်တို့က ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအနီးထိ စီတန်းလှည့်လည်ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~