ေက်ာက္မဲတြင္ ယခုႏွစ္အတြင္း ဒုတိယေျမာက္ ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြား

ေက်ာက္မဲတြင္ ယခုႏွစ္အတြင္း ဒုတိယေျမာက္ ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြား
ဧပြီ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕အမွတ္(၂) ရပ္ကြက္ ေက်ာက္ေတာင္ရပ္တြင္ ဧၿပီလ (၄) ရက္ေန႔ နံနက္ပိုင္းက အသက္(၃၁)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး ေနအိမ္ အိပ္ခန္းအတြင္း ႀကိဳးဆြဲခ် ေသဆံုးမႈ ျဖစ္ပြားေၾကာင္း သိရသည္။

“မနက္ အေစာပိုင္း (၂)နာရီ ခြဲေလာက္က ျဖစ္သြားတာလို႔ ေျပာတယ္။ ကြ်န္ေတာ္တို႔ ေရာက္တဲ့ အခ်ိန္မွာေတာ့ သူ႔မိသားစုဝင္ေတြက ႀကိဳးကိုခုတ္ျဖတ္ၿပီး သူ႔ကို ေအာက္ခ်ထားတာကို ေတြ႔ရတယ္။ အခုေတာ့ သူ႔ကို ျပည္သူ႔ေဆးရံုကို ပို႔ေဆာင္ေပးထားပါတယ္။ ဒီေန႔ ေန႔လယ္ပိုင္းမွာ ပို႔ေဆာင္သၿဂဳႋလ္မွာလည္းျဖစ္ပါတယ္”ဟု အခင္းျဖစ္ေနရာသို႔ သြားေရာက္ကူညီခဲ့သည့္ ဇီဝိတ လူမႈကူညီေရး အသင္း (ေက်ာက္မဲ) မွ ကိုေစာမင္းက ေျပာသည္။

ေက်ာက္မဲၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္အတြင္း ဒုတိယေျမာက္ ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ၿပီး  အဆိုပါေသဆံုးမႈႏွင့္ ပတ္သက္၍ ေက်ာက္မဲၿမိဳ႕မ ရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၅/ ၂၀၁၇ ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အမှတ်(၂) ရပ်ကွက် ကျောက်တောင်ရပ်တွင် ဧပြီလ (၄) ရက်နေ့ နံနက်ပိုင်းက အသက်(၃၁)နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ် အိပ်ခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

“မနက် အစောပိုင်း (၂)နာရီ ခွဲလောက်က ဖြစ်သွားတာလို့ ပြောတယ်။ ကျွန်တော်တို့ ရောက်တဲ့ အချိန်မှာတော့ သူ့မိသားစုဝင်တွေက ကြိုးကိုခုတ်ဖြတ်ပြီး သူ့ကို အောက်ချထားတာကို တွေ့ရတယ်။ အခုတော့ သူ့ကို ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာ ပို့ဆောင်သင်္ဂြိုလ်မှာလည်းဖြစ်ပါတယ်”ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကူညီခဲ့သည့် ဇီဝိတ လူမှုကူညီရေး အသင်း (ကျောက်မဲ) မှ ကိုစောမင်းက ပြောသည်။

ကျောက်မဲမြို့တွင် ၂၀၁၇ ခုနှစ်အတွင်း ဒုတိယမြောက် ကြိုးဆွဲချသေဆုံးမှုဖြစ်ပြီး အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ ကျောက်မဲမြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၅/ ၂၀၁၇ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~