တာခ်ီလိတ္ၿမိဳ႕တြင္ လက္နက္ ခဲယမ္းမ်ားႏွင့္အတူ ေက်ာက္စိမ္းအရိုင္းတံုးမ်ား အပါအ၀င္ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ လက္နက္ ခဲယမ္းမ်ားႏွင့္အတူ ေက်ာက္စိမ္းအရိုင္းတံုးမ်ား အပါအ၀င္ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
ဧပြီ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ ျမန္မာ - ထိုင္းနယ္စပ္ေဒသၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္ လက္နက္ ခဲယမ္းမ်ားႏွင့္အတူ ေက်ာက္စိမ္းအရိုင္းတံုးမ်ား အပါအ၀င္ မူးယစ္ေဆး၀ါးမ်ားအား ဧၿပီလ(၂၄)ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ မွ တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္တပ္နယ္မွ တာ၀န္ရွိသူမ်ား ႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္ မူးယစ္ေဆး၀ါးသတင္းအရ တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ ရပ္ကြက္ရွိ စိုင္းခမ္းေက်ာက္၏ ေနအိမ္အား ၀င္ေရာက္ စစ္ေဆး ရွာေဖြရာမွ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

စစ္ေဆး ရွာေဖြဖမ္းဆီးရမိသည့္ မူးယစ္ေဆး၀ါးမ်ားတြင္ ကာလတန္ဖိုးေငြ က်ပ္ (၃၂၂)သိန္းေက်ာ္ တန္ဖိုးရွိသည့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား ( ၂၁၄၄၃ )ျပားတို႔ကို ရွာေဖြေတြ႕ရွိရၿပီး အေလးခ်ိန္ (၁.၅)ကီလိုရွိသည့္ ဘိန္းစိမ္းအမဲေရာင္ ႏွင့္ ပန္းေရာင္ စိတ္ၾကြေဆးအမႈန္႔ (၂၈၀)ဂရမ္ခန္႔အျပင္ အေလးခ်ိန္ (၁၈၀)ဂရမ္ခန္႔ရွိသည့္ ICE(အိုက္စ္)တို႔ကို ေတြ႕ရွိရေၾကာင္းႏွင့္ အ၀ါေရာင္အနံ႔အမႈန္႔ (၆)ကီလိုခြဲ ႏွင့္ စိတ္ၾကြေဆးျပား ရိုက္သည့္ သံမႈိ (၅)ခု၊ စိတ္ၾကြေဆးျပား ထည့္ရာတြင္ အသံုးျပဳေသာ အျပာေရာင္ ကပ္ခြာအိတ္ (၁၅)ကီလိုခန္႔ပါသည့္ (၃)ထုပ္ကိုလည္း ေတြ႕ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ ေျပာင္းအရွည္ (၆.၅)လက္မခန္႔ရွိ ကိုးလံုးက်ည္ထည့္၍ ပစ္ရေသာ လုပ္ေသနတ္အတို(၁)လက္၊ လက္မ(၃၀)အရွည္ရွိ ျပဳျပင္ထားေသာ ေလေသနတ္ (၁)လက္၊ အရွည္ (၂၃)လက္မရွိသည့္ စတီးေျပာင္းတပ္ဆင္ထားေသာ ျပဳလုပ္ဆဲ ေသနတ္(၁)လက္၊ ကိုးလံုးက်ည္ (၃)ေတာင့္၊ (.38 )Special က်ည္ (၄)ေတာင့္ ႏွင့္ (.45) Special က်ည္ (၂)ေတာင့္စသည့္ လက္နက္ခဲယမ္းမ်ားကိုလည္း ေတြ႕ရွိရေၾကာင္း သိရသည္။

 ပူးေပါင္းအဖြဲ႔မွ ဆက္လက္ရွာေဖြရာတြင္ ေက်ာက္စိမ္းဟု ယူဆရသည့္ (၁၂)ကီလိုခန္႔ရွိ ေက်ာက္စိမ္း (၁)တံုး၊ (၁၀)ကီလိုခန္႔ရွိ ေက်ာက္စိမ္း(၁)တံုး၊ (၅)ကီလိုခန္႔ရွိ ေက်ာက္စိမ္း(၁)တံုး၊ (၄)ကီလိုခြဲခန္႔ရွိ ေက်ာက္စိမ္း (၁)တံုး၊ (၄)ကီလိုခန္႔ရွိ ေက်ာက္စိမ္း(၁)တံုး၊ (၃)ကီလိုခန္႔ရွိ ေက်ာက္စိမ္း (၃)တံုး၊ (၂)ကီလိုခြဲခန္႔ရွိ ေက်ာက္စိမ္း(၁)တံုး၊ (၁.၈)ကီလို၀န္းက်င္ရွိ ေက်ာက္စိမ္း(၁)တံုး စုစုေပါင္း ေက်ာက္စိမ္းတံုး (၁၀)တံုးအား ေတြ႕ရွိရေၾကာင္းသိရသည္။

အဆိုပါ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါး၊ လက္နက္/ခဲယမ္းမ်ားႏွင့္အတူ ေတြ႕ရွိရသည့္ အသက္(၄၈)ႏွစ္အရြယ္ရွိ စိုင္းခမ္းေက်ာက္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၇/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၁၆(ခ)/၂၂(ခ) တို႔ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားရွိေၾကာင္းႏွင့္ ကြင္းဆက္တရားခံမ်ား ေဖာ္ထုတ္ရမိေရးအတြက္ သက္ဆိုင္ရာရဲတပ္ဖြဲ႔မွ စံုစမ္းေနလ်က္ရွိေၾကာင္း သိရွိရသည္။


~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် လက်နက် ခဲယမ်းများနှင့်အတူ ကျောက်စိမ်းအရိုင်းတုံးများ အပါအဝင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

*****************

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ - ထိုင်းနယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် လက်နက် ခဲယမ်းများနှင့်အတူ ကျောက်စိမ်းအရိုင်းတုံးများ အပါအဝင် မူးယစ်ဆေးဝါးများအား ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ တာချီလိတ်မြို့ ဝိန်းကျောက် ရပ်ကွက်ရှိ စိုင်းခမ်းကျောက်၏ နေအိမ်အား ဝင်ရောက် စစ်ဆေး ရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေး ရှာဖွေဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် ကာလတန်ဖိုးငွေ ကျပ် (၃၂၂)သိန်းကျော် တန်ဖိုးရှိသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား ( ၂၁၄၄၃ )ပြားတို့ကို ရှာဖွေတွေ့ရှိရပြီး အလေးချိန် (၁.၅)ကီလိုရှိသည့် ဘိန်းစိမ်းအမဲရောင် နှင့် ပန်းရောင် စိတ်ကြွဆေးအမှုန့် (၂၈၀)ဂရမ်ခန့်အပြင် အလေးချိန် (၁၈၀)ဂရမ်ခန့်ရှိသည့် ICE(အိုက်စ်)တို့ကို တွေ့ရှိရကြောင်းနှင့် အဝါရောင်အနံ့အမှုန့် (၆)ကီလိုခွဲ နှင့် စိတ်ကြွဆေးပြား ရိုက်သည့် သံမှို (၅)ခု၊ စိတ်ကြွဆေးပြား ထည့်ရာတွင် အသုံးပြုသော အပြာရောင် ကပ်ခွာအိတ် (၁၅)ကီလိုခန့်ပါသည့် (၃)ထုပ်ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ ပြောင်းအရှည် (၆.၅)လက်မခန့်ရှိ ကိုးလုံးကျည်ထည့်၍ ပစ်ရသော လုပ်သေနတ်အတို(၁)လက်၊ လက်မ(၃၀)အရှည်ရှိ ပြုပြင်ထားသော လေသေနတ် (၁)လက်၊ အရှည် (၂၃)လက်မရှိသည့် စတီးပြောင်းတပ်ဆင်ထားသော ပြုလုပ်ဆဲ သေနတ်(၁)လက်၊ ကိုးလုံးကျည် (၃)တောင့်၊ (.38 )Special ကျည် (၄)တောင့် နှင့် (.45) Special ကျည် (၂)တောင့်စသည့် လက်နက်ခဲယမ်းများကိုလည်း တွေ့ရှိရကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ဆက်လက်ရှာဖွေရာတွင် ကျောက်စိမ်းဟု ယူဆရသည့် (၁၂)ကီလိုခန့်ရှိ ကျောက်စိမ်း (၁)တုံး၊ (၁၀)ကီလိုခန့်ရှိ ကျောက်စိမ်း(၁)တုံး၊ (၅)ကီလိုခန့်ရှိ ကျောက်စိမ်း(၁)တုံး၊ (၄)ကီလိုခွဲခန့်ရှိ ကျောက်စိမ်း (၁)တုံး၊ (၄)ကီလိုခန့်ရှိ ကျောက်စိမ်း(၁)တုံး၊ (၃)ကီလိုခန့်ရှိ ကျောက်စိမ်း (၃)တုံး၊ (၂)ကီလိုခွဲခန့်ရှိ ကျောက်စိမ်း(၁)တုံး၊ (၁.၈)ကီလိုဝန်းကျင်ရှိ ကျောက်စိမ်း(၁)တုံး စုစုပေါင်း ကျောက်စိမ်းတုံး (၁၀)တုံးအား တွေ့ရှိရကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ မူးယစ်ဆေးဝါး၊ လက်နက်/ခဲယမ်းများနှင့်အတူ တွေ့ရှိရသည့် အသက်(၄၈)နှစ်အရွယ်ရှိ စိုင်းခမ်းကျောက်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၇/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၁၆(ခ)/၂၂(ခ) တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းနှင့် ကွင်းဆက်တရားခံများ ဖော်ထုတ်ရမိရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းနေလျက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~