ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြမွ USDP ပါတီသို႔ လွဴဒါန္းထားသည့္ေငြႏွင့္ ေမာ္ေတာ္ယာဥ္မ်ား ျပန္လည္လႊဲေျပာင္းေပးရမည္

ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြမွ USDP ပါတီသို႔ လွဴဒါန္းထားသည့္ေငြႏွင့္ ေမာ္ေတာ္ယာဥ္မ်ား ျပန္လည္လႊဲေျပာင္းေပးရမည္
ဧပြီ 25, 2017
By 🌸
မေကြးတိုင္းေဒသႀကီး ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြမွ အလြဲသံုးစားျပဳထားသည့္ က်ပ္(၇.၄၅၉)ဘီလီယံအနက္ အဆိုပါရန္ပံုေငြမွ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီအား လွဴဒါန္းထားသည့္ ေငြႏွင့္ေမာ္ေတာ္ယာဥ္မ်ားအား တိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံ ျပန္လည္လႊဲေျပာင္းေပးရန္ ညႊန္ၾကားထားေၾကာင္း သိရသည္။

ယခင္အစုိးရလက္ထက္ မေကြးတိုင္းေဒသႀကီး ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြမွ ေငြက်ပ္ (၁.၇)ဘီလီယံ၊ ေမာ္ေတာ္ယာဥ္ (၄)စီး၊ ဘက္ဟိုး (၁) စီး၊ ပဲ႔ေထာင္ေရယာဥ္(၂)စီးတို႔အား ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတသုိ႔ လွဴဒါန္းထားျခင္းျဖစ္ၿပီး “ေရႊသုခ” အေသးစားလုပ္ငန္းသို႔ ေငြက်ပ္(၁.၅၇)ဘီလီယံေက်ာ္ လဲႊေျပာင္းေပးခဲ႔သည္ကို ေဖာ္ထုတ္ေတြ႔ရိွရသျဖင့္ အဆိုပါေငြေၾကးႏွင့္ ေမာ္ေတာ္ယာဥ္မ်ားအား တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ ျပန္လည္လႊဲေျပာင္းေပးရမည္ျဖစ္ေၾကာင္း သိရသည္။

ယခင္ တိုင္းေဒသႀကီးအစိုးရလက္ထက္ ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းမွရရိွသည့္ ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြ က်ပ္ (၇.၄၅၉)ဘီလီယံ အလဲြသံုးစားမႈႏွင္႔ပတ္သက္၍ လက္ရိွမေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔က ဆက္လက္ ေဆာင္ရြက္ရမည္႔ကိစၥရပ္မ်ားကို ျပည္ေထာင္စုအစိုးရအဖဲြ႔ ႏိုင္ငံေတာ္သမၼတရံုးမွ ဧၿပီ လ (၈)ရက္ေန႔က ညႊန္ၾကားစာေပးပို႔ခဲ႔ျခင္းျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ဧၿပီလ (၂၅)ရက္ေန႔ နံနက္ပိုင္းတြင္ မေကြးၿမိဳ႕၌ သတင္းမီဒီယာမ်ားအား ေတြ႔ဆံုရွင္းလင္းျခင္းျဖစ္သည္။

“ဧၿပီလ (၈) ရက္ ေန႔စဲြနဲ႔ ႏိုင္ငံေတာ္သမၼတရံုးက ညႊန္ၾကားစာေပးပို႔ခဲ႔တာျဖစ္ေပမယ့္ သၾကၤန္တြင္း ရံုးပိတ္ရက္ေတြနဲ႔ မေန႔(ဧၿပီ ၂၄ရက္)ေန႔ကမွ ရရိွခဲ႔တာျဖစ္ပါတယ္။ ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းရွင္မ်ားက ထည္႔ဝင္ၿပီးေသာ ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြမ်ားႏွင္႔ပတ္သက္၍ ေဆာင္ရြက္သြားရန္ကိစၥ အေၾကာင္းအရာပါစာျဖစ္ၿပီး ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ဆီကို ေပးပို႔တာပါ”ဟု တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိုက ေျပာၾကားသည္။

အဆိုပါေငြေၾကးအလြဲသံုးစားျပဳထားမႈမ်ားအား တုိင္းေဒသႀကီးအစိုးရထံ ျပန္လည္လဲႊေျပာင္းေပးအပ္ျခင္းမျပဳပါက တည္ဆဲဥပေဒမ်ားႏွင္႔အညီ ဆက္လက္ေဆာင္ရြက္သြားရန္ ညႊန္ၾကားထားျခင္းျဖစ္ေၾကာင္းသိရၿပီး ေပ်ာက္ဆံုးေနသည့္ မေကြးတိုင္းေဒသႀကီး ဖံြ႔ၿဖိဳးေရးရန္ပံုေငြ က်ပ္(၇.၄၅၉)ဘီလီယံေက်ာ္ (က်ပ္သန္းေပါင္း ၇၀၀၀ ေက်ာ္) အနက္ က်ပ္(၄)ဘီလီယံေက်ာ္ကို မေဖာ္ထုတ္ႏုိင္ေသးေၾကာင္း မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က သတင္းမီဒီယာမ်ားသိို႔ ဧၿပီလ (၂၅) ရက္ေန႔က ေျပာၾကားသည္။

ယခင္ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးဘုန္းေမာ္ေရႊ၊ ဖ်က္သိမ္းၿပီးျဖစ္ေသာ မေကြးတိုင္းေဒသႀကီးဖံြ႔ၿဖိဳးေရးေဖာင္ေဒးရွင္း ဥကၠဌ ႏွင္႔ “ေရႊသုခ” အေသးစား ေငြေရးေၾကးေရးလုပ္ငန္းဥကၠဌ ဦးၾကည္ထြန္းတို႔ထံ အဆိုပါ ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြမ်ားကို ျပန္လည္လဲႊေျပာင္းေပးႏိုင္ေရး ညႊန္ၾကားခ်က္မ်ားႏွင့္ ပတ္သက္၍ အသိေပးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွဆန္းအဖြဲ႕ဝင္အျဖစ္ ပါဝင္ခဲ့သည့္ မေကြးတိုင္းေဒသႀကီး ဖံြ႔ၿဖိဳးေရးေဖာင္ေဒးရွင္း အေသးစားေငြေရးေၾကးေရးလုပ္ငန္းတြင္ ယခင္ဥကၠဌအျဖစ္ တာဝန္ယူခဲ့သူမွာ ဦးစိန္ေဌးျဖစ္ၿပီး လက္ရိွဥကၠဌ တာဝန္ယူထားသူမွာ ယခင္ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးၾကည္ထြန္း ျဖစ္ေၾကာင္း သိရသည္။

အလြဲသံုးစားျပဳခံရသည့္ ေငြက်ပ္(၇)ဘီလီယံေက်ာ္အနက္ ေငြက်ပ္(၃)ဘီလီယံေက်ာ္အတြက္သာ ႏိုင္ငံေတာ္သမၼတရံုး၏ ညႊန္ၾကားစာတြင္ ထုတ္ျပန္ထားေသာ္လည္း က်န္ရိွေနေသာ ေငြက်ပ္ (၄)ဘီလီယံေက်ာ္ အတြက္လည္း ဆက္လက္ေဆာင္ရြက္ေနေၾကာင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳထံမွ သိရသည္။

အစိုးရသစ္လက္ထက္တြင္ ယခင္အစိုးရေဟာင္းလက္ထက္ ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းမွရရိွခဲ႔ေသာ တိုင္းေဒသႀကီးဖြံ႕ၿဖိဳးေရးရန္ပံုေငြအား စစ္ေဆးရာ က်ပ္ (၂.၈)ဘီလီယံေက်ာ္ ေပ်ာက္ဆံုးေနေၾကာင္း ေတြ႔ရိွရသျဖင့္ ျပည္ေထာင္စု အစိုးရအဆင့္သို႔ တင္ျပစစ္ေဆးေစခဲ့ရာ အမွန္တကယ္ေပ်ာက္ဆံုးေနသည္႔ေငြမွာ က်ပ္(၇.၄၅၉)ဘီလီယံေက်ာ္အထိ ရိွေနေၾကာင္း စစ္ေဆးေပၚေပါက္ခဲ႔ ျခင္းျဖစ္သည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္




~~~~~~~~⊰❂ unicode ~~~~~~~~
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ USDP ပါတီသို့ လှုဒါန်းထားသည့်ငွေနှင့်မော်တော်ယာဉ်များ ပြန်လည်လွှဲပြောင်းပေးရမည်
*****************
မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ အလွဲသုံးစားပြုထားသည့် ကျပ်(၇.၄၅၉)ဘီလီယံအနက် အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား လှူဒါန်းထားသည့် ငွေနှင့်မော်တော်ယာဉ်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် (၁.၇)ဘီလီယံ၊ မော်တော်ယာဉ် (၄)စီး၊ ဘက်ဟိုး (၁) စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတသို့ လှူဒါန်းထားခြင်းဖြစ်ပြီး “ရွှေသုခ” အသေးစားလုပ်ငန်းသို့ ငွေကျပ်(၁.၅၇)ဘီလီယံကျော် လွှဲပြောင်းပေးခဲ့သည်ကို ဖော်ထုတ်တွေ့ရှိရသဖြင့် အဆိုပါငွေကြေးနှင့် မော်တော်ယာဉ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

ယခင် တိုင်းဒေသကြီးအစိုးရလက်ထက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှရရှိသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၇.၄၅၉)ဘီလီယံ အလွဲသုံးစားမှုနှင့်ပတ်သက်၍ လက်ရှိမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံတော်သမ္မတရုံးမှ ဧပြီ လ (၈)ရက်နေ့က ညွှန်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဧပြီလ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့၌ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းခြင်းဖြစ်သည်။

“ဧပြီလ (၈) ရက် နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားစာပေးပို့ခဲ့တာဖြစ်ပေမယ့် သင်္ကြန်တွင်း ရုံးပိတ်ရက်တွေနဲ့ မနေ့(ဧပြီ ၂၄ရက်)နေ့ကမှ ရရှိခဲ့တာဖြစ်ပါတယ်။ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များက ထည့်ဝင်ပြီးသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများနှင့်ပတ်သက်၍ ဆောင်ရွက်သွားရန်ကိစ္စ အကြောင်းအရာပါစာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဆီကို ပေးပို့တာပါ”ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

အဆိုပါငွေကြေးအလွဲသုံးစားပြုထားမှုများအား တိုင်းဒေသကြီးအစိုးရထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်းသိရပြီး ပျောက်ဆုံးနေသည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၇.၄၅၉)ဘီလီယံကျော် (ကျပ်သန်းပေါင်း ၇၀၀၀ ကျော်) အနက် ကျပ်(၄)ဘီလီယံကျော်ကို မဖော်ထုတ်နိုင်သေးကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က သတင်းမီဒီယာများသို့ ဧပြီလ (၂၅) ရက်နေ့က ပြောကြားသည်။

ယခင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၊ ဖျက်သိမ်းပြီးဖြစ်သော မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဌ နှင့် “ရွှေသုခ” အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥက္ကဌ ဦးကြည်ထွန်းတို့ထံ အဆိုပါ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ညွှန်ကြားချက်များနှင့် ပတ်သက်၍ အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အသေးစားငွေရေးကြေးရေးလုပ်ငန်းတွင် ယခင်ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူမှာ ဦးစိန်ဌေးဖြစ်ပြီး လက်ရှိဥက္ကဌ တာဝန်ယူထားသူမှာ ယခင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကြည်ထွန်း ဖြစ်ကြောင်း သိရသည်။

အလွဲသုံးစားပြုခံရသည့် ငွေကျပ်(၇)ဘီလီယံကျော်အနက် ငွေကျပ်(၃)ဘီလီယံကျော်အတွက်သာ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားစာတွင် ထုတ်ပြန်ထားသော်လည်း ကျန်ရှိနေသော ငွေကျပ် (၄)ဘီလီယံကျော် အတွက်လည်း ဆက်လက်ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံမှ သိရသည်။

အစိုးရသစ်လက်ထက်တွင် ယခင်အစိုးရဟောင်းလက်ထက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှရရှိခဲ့သော တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေအား စစ်ဆေးရာ ကျပ် (၂.၈)ဘီလီယံကျော် ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စု အစိုးရအဆင့်သို့ တင်ပြစစ်ဆေးစေခဲ့ရာ အမှန်တကယ်ပျောက်ဆုံးနေသည့်ငွေမှာ ကျပ်(၇.၄၅၉)ဘီလီယံကျော်အထိ ရှိနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ ခြင်းဖြစ်သည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်


 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~