က်ိဳင္းတံုၾကားျဖတ္ေရြးေကာက္ပြဲတြင္ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္အခ်ိဳ႕ ဖိအားေပးမႈရိွဟုဆို

က်ိဳင္းတံုၾကားျဖတ္ေရြးေကာက္ပြဲတြင္ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္အခ်ိဳ႕ ဖိအားေပးမႈရိွဟုဆို
ဧပြီ 2, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)က်ိဳင္းတံုၿမိဳ႕တြင္ ဧၿပီလ(၁)ရက္ေန႔က က်င္းပခဲ့သည့္ ၾကားျဖတ္ ေရြးေကာက္ ပြဲတြင္ လက္နက္ကိုင္ထားသည့္ ျပည္သူ႔စစ္တပ္ဖြဲ႔ဝင္ အခ်ိဳ႕က မဲရုံပရဝဏ္အနီးမွ ဖိအားေပးမႈမ်ား အပါ အဝင္ တရားမွ်တမႈ မရိွသည့္ အေျခ အေနမ်ား ရိွခဲ့ေၾကာင္း ၾကားျဖတ္ေရြးေကာက္ပြဲဝင္ ႏုိင္ငံေရး ပါတီမ်ားမွ ကိုယ္စားလွယ္အခ်ိဳ႕ထံမွ သိရသည္။
"ေတာင္ေပၚေဒသအခ်ိဳ႕က မဲရုံေတြမွာ ျပည္သူ႔စစ္ေတြရဲ႕ လႊမ္းမိုးမႈ အခ်ိဳ႕ရိွခဲ႔တယ္။ ဘယ္လိုလဲဆိုေတာ႔ ျပည္သူ႔စစ္တခ်ိဳ႕က မဲရုံအနားမွာ လက္နက္ကိုင္ၿပီးေစာင္႔ေနတာေတြရိွတယ္။ ၿပီးေတာ႔ သူတို႔က ရြာနားက လူေတြကို သူတို႔ကိုယ္တိုင္ ဆိုင္ကယ္နဲ႔သြားေခၚၿပီး အဲဒီလူေတြကိုပဲ မဲေပးခိုင္းတာေတြရိွခဲ႔တယ္။ အဲဒီ အထဲမွာမွ တခ်ိဳ႕မဲရုံေတြမွာ (၁၈)နွစ္ မျပည့္ဘဲ မဲထည့္တာရိွတယ္လို႔လည္း သိရတယ္။ ဒါေၾကာင့္ ဒီေရြးေကာက္ပြဲက တရားမွ်တမႈ မရိွပါဘူး"ဟု က်ိဳင္းတံုၿမိဳ႕နယ္မဲဆႏၵနယ္မွ ၾကားျဖတ္ ေရြးေကာက္ပြဲဝင္သည့္ NLD ကိုယ္စားလွယ္ေလာင္း ေဒါက္တာဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
က်ိဳင္းတံုၾကားျဖတ္ေရြးေကာက္ပြဲ အတြင္း မဲရံုအခ်ိဳ႕တြင္ ဆႏၵျပဳရမည့္ မဲလက္မွတ္မ်ား ထုတ္ေပးျခင္းအား ထိန္းခ်ဳပ္ထားၿပီး မဲေပးလိုသူတိုင္း မဲလက္မွတ္(စလစ္)ရရိွျခင္း မရိွခဲ့ေၾကာင္း ၎ထံမွ သိရသည္။
"တပ္မဲရုံေတြမွာပဲ အျပည႔့အဝမဲေပးၿပီးေတာ႔ အျပင္က မဲရုံေတြကေတာ႔ အျပည့္အဝ မေပးၾကပါဘူူး။ ၿပီးရင္ တပ္စာရင္းေတြကိုက်ေတာ့ ကၽြန္မတို႔က စစ္ပိုင္ခြင့္ မရိွခဲ႔ဘူး။ သူတို႔ေပးတဲ႔ စာရင္းအရပဲ ႀကိဳတင္မဲ ထည့္ခဲ့ သလို ပန္ၾကဴအုပ္စုဘက္က မဲရုံေတြဘက္မွာ ျပည္သူ႔စစ္ေတြက လက္နက္နဲ႔ ေစာင့္ၾကည့္တာေတြ ရိွခဲ့တဲ့ အတြက္ မဲေပးသူေတြအတြက္ တစ္နည္းမဟုတ္ တစ္နည္းေတာ႔ ဖိအားေတြရိွေနမွာပါ။ ဒါေၾကာင္႔ ဒီေရြးေကာက္ပြဲကေတာ႔ တရားမွ်တမႈမရိွဘူးလုိ႔ ျမင္ပါတယ္"ဟု ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီပါတီမွ ေဒၚနန္းမြန္းတြီက ေျပာၾကား လိုက္သည္။
ယင္းအျပင္ ေတာင္ေပၚ မဲရံုအခ်ိဳ႕တြင္ မဲလာထည့့္သည့္ ဆိုင္ကယ္ျဖင့္လာသူမ်ားအား ဆိုင္ကယ္ဆီ ျဖည့္ေပးျခင္း၊ ေျခလ်င္လာသူမ်ားအား တစ္ဦးလွ်င္ က်ပ္ႏွစ္ေထာင္စီေပးျခင္းတို႔ကို လုပ္ေဆာင္မႈမ်ားလည္း ေတြ႔ထားရေၾကာင္း ေဒါက္တာဝဏၰစိုးထံမွ သိရသည္။
"ဒီေရြးေကာက္ပြဲက တရားမွ်တမႈရိွပါတယ္။ က်ိဳင္းတုံက ျပည္သူေတြက သူတို႔ ေမွ်ာ္မွန္းထားတဲ႔လူကိုပဲ မဲေပးခဲ႔တာပဲေလ"ဟု က်ိဳင္းတံုၿမိဳ႕မွ ျပည္ေထာင္စု ႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ ျဖစ္သူ ေဒၚစန္းစန္းေအးက ေျပာသည္။
ဧၿပီလ(၁)ရက္ေန႔က ၾကားျဖတ္ေရြးေကာက္ပြဲရလဒ္မ်ားအား ေရတြက္အၿပီး ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ မဲအသာရသည္ကိုေတြ႔ရၿပီးေနာက္ ေတာင္ေပၚ(၅)အုပ္စုမွ ေက်းရြာတစ္ခုရိွ ျပည္သူ႔စစ္တပ္ဖြဲ႕က ေသနတ္ပစ္ေဖာက္ကာ ေအာင္ပြဲခံခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
သတင္း - ဇြဲျမတ္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် ဧပြီလ(၁)ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက် ပွဲတွင် လက်နက်ကိုင်ထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် အချို့က မဲရုံပရဝဏ်အနီးမှ ဖိအားပေးမှုများ အပါ အဝင် တရားမျှတမှု မရှိသည့် အခြေ အနေများ ရှိခဲ့ကြောင်း ကြားဖြတ်ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်အချို့ထံမှ သိရသည်။

"တောင်ပေါ်ဒေသအချို့က မဲရုံတွေမှာ ပြည်သူ့စစ်တွေရဲ့ လွှမ်းမိုးမှု အချို့ရှိခဲ့တယ်။ ဘယ်လိုလဲဆိုတော့ ပြည်သူ့စစ်တချို့က မဲရုံအနားမှာ လက်နက်ကိုင်ပြီးစောင့်နေတာတွေရှိတယ်။ ပြီးတော့ သူတို့က ရွာနားက လူတွေကို သူတို့ကိုယ်တိုင် ဆိုင်ကယ်နဲ့သွားခေါ်ပြီး အဲဒီလူတွေကိုပဲ မဲပေးခိုင်းတာတွေရှိခဲ့တယ်။ အဲဒီ အထဲမှာမှ တချို့မဲရုံတွေမှာ (၁၈)နှစ် မပြည့်ဘဲ မဲထည့်တာရှိတယ်လို့လည်း သိရတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲက တရားမျှတမှု မရှိပါဘူး"ဟု ကျိုင်းတုံမြို့နယ်မဲဆန္ဒနယ်မှ ကြားဖြတ် ရွေးကောက်ပွဲဝင်သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ကျိုင်းတုံကြားဖြတ်ရွေးကောက်ပွဲ အတွင်း မဲရုံအချို့တွင် ဆန္ဒပြုရမည့် မဲလက်မှတ်များ ထုတ်ပေးခြင်းအား ထိန်းချုပ်ထားပြီး မဲပေးလိုသူတိုင်း မဲလက်မှတ်(စလစ်)ရရှိခြင်း မရှိခဲ့ကြောင်း၎င်းထံမှ သိရသည်။

"တပ်မဲရုံတွေမှာပဲ အပြည့အဝမဲပေးပြီးတော့ အပြင်က မဲရုံတွေကတော့ အပြည့်အဝ မပေးကြပါဘူး။ ပြီးရင် တပ်စာရင်းတွေကိုကျတော့ ကျွန်မတို့က စစ်ပိုင်ခွင့် မရှိခဲ့ဘူး။ သူတို့ပေးတဲ့ စာရင်းအရပဲ ကြိုတင်မဲ ထည့်ခဲ့ သလို ပန်ကြူအုပ်စုဘက်က မဲရုံတွေဘက်မှာ ပြည်သူ့စစ်တွေက လက်နက်နဲ့ စောင့်ကြည့်တာတွေ ရှိခဲ့တဲ့ အတွက် မဲပေးသူတွေအတွက် တစ်နည်းမဟုတ် တစ်နည်းတော့ ဖိအားတွေရှိနေမှာပါ။ ဒါကြောင့် ဒီရွေးကောက်ပွဲကတော့ တရားမျှတမှုမရှိဘူးလို့ မြင်ပါတယ်"ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီမှ ဒေါ်နန်းမွန်းတွီက ပြောကြား လိုက်သည်။

ယင်းအပြင် တောင်ပေါ် မဲရုံအချို့တွင် မဲလာထည့်သည့် ဆိုင်ကယ်ဖြင့်လာသူများအား ဆိုင်ကယ်ဆီ ဖြည့်ပေးခြင်း၊ ခြေလျင်လာသူများအား တစ်ဦးလျှင် ကျပ်နှစ်ထောင်စီပေးခြင်းတို့ကို လုပ်ဆောင်မှုများလည်း တွေ့ထားရကြောင်း ဒေါက်တာဝဏ္ဏစိုးထံမှ သိရသည်။

"ဒီရွေးကောက်ပွဲက တရားမျှတမှုရှိပါတယ်။ ကျိုင်းတုံက ပြည်သူတွေက သူတို့ မျှော်မှန်းထားတဲ့လူကိုပဲ မဲပေးခဲ့တာပဲလေ"ဟု ကျိုင်းတုံမြို့မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အလုပ်အမှုဆောင် ဖြစ်သူ ဒေါ်စန်းစန်းအေးက ပြောသည်။

ဧပြီလ(၁)ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲရလဒ်များအား ရေတွက်အပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲအသာရသည်ကိုတွေ့ရပြီးနောက် တောင်ပေါ်(၅)အုပ်စုမှ ကျေးရွာတစ်ခုရှိ ပြည်သူ့စစ်တပ်ဖွဲ့က သေနတ်ပစ်ဖောက်ကာ အောင်ပွဲခံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~