မိုင္းျဖတ္ၿမိဳ႕၏ ႏွစ္ဆန္း(၁)ရက္တြင္ စုေပါင္းဆြမ္းဆန္စိမ္းေလာင္းလွဴပြဲႏွင့္ သက္ႀကီးပူေဇာ္ပြဲ က်င္းပ

မိုင္းျဖတ္ၿမိဳ႕၏ ႏွစ္ဆန္း(၁)ရက္တြင္ စုေပါင္းဆြမ္းဆန္စိမ္းေလာင္းလွဴပြဲႏွင့္ သက္ႀကီးပူေဇာ္ပြဲ က်င္းပ
ဧပြီ 17, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ျမန္မာသကၠရာဇ္ ၁၃၇၉ခုႏွစ္၏ ျမန္မာႏွစ္ဆန္း(၁)ရက္ေန႔ ျဖစ္သည့္ ဧၿပီလ(၁၇)ရက္ေန႔ နံနက္(၈)နာရီခြဲမွစ၍ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲႏွင့္ သက္ႀကီးပူေဇာ္ပြဲအား က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

ျမန္မာႏွစ္ဆန္း(၁)ရက္ေန႔ ၿမိဳ႕လံုးကြ်တ္ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲအျဖစ္ က်င္းပရာတြင္ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းရွိ ရဟန္း၊ ရွင္သာမေဏ စုစုေပါင္း (၃၀၈)ပါးမွ ၾကြေရာက္၍ အလွဴခံ ႀကြခ်ီေတာ္မူရာ ေစတနာရွင္ အလွဴရွင္မ်ားမွ စုေပါင္း ေလာင္းလွဴခဲ့ၾကသည္။

ဆက္လက္၍ သက္ႀကီးပူေဇာ္ပြဲအျဖစ္ မိုင္းျဖတ္ၿမိဳ႕နယ္၏ (၂၁)ႀကိမ္ေျမာက္ သက္ႀကီးပူေဇာ္ပြဲအား က်င္းပျပဳလုပ္ရာတြင္ အဘိုး (၁၈)ဦး ႏွင့္ အဘြား(၂၅)ဦး စုစုေပါင္း (၄၃)ဦးမွ ကန္ေတာ့ ခံတက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားမ်ားတြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္း၊ အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲမႈစစ္ဌာနခ်ဳပ္မွ စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးႀကီး စိုးတင့္ ႏွင့္ တပ္ရင္းတပ္ဖြဲ႔၀င္မ်ား၊ ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာမ်ား၊ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားႏွင့္ ေစတနာရွင္အလွဴရွင္မ်ားမွ စုေပါင္း ပါ၀င္လွဴဒါန္းခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၇၉ခုနှစ်၏ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည့် ဧပြီလ(၁၇)ရက်နေ့ နံနက်(၈)နာရီခွဲမှစ၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် သက်ကြီးပူဇော်ပွဲအား ကျင်းပပြုလုပ်ကြောင်း သိရသည်။

မြန်မာနှစ်ဆန်း(၁)ရက်နေ့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအဖြစ် ကျင်းပရာတွင် မိုင်းဖြတ်မြို့နယ်အတွင်းရှိ ရဟန်း၊ ရှင်သာမဏေ စုစုပေါင်း (၃၀၈)ပါးမှ ကြွရောက်၍ အလှူခံ ကြွချီတော်မူရာ စေတနာရှင် အလှူရှင်များမှ စုပေါင်း လောင်းလှူခဲ့ကြသည်။

ဆက်လက်၍ သက်ကြီးပူဇော်ပွဲအဖြစ် မိုင်းဖြတ်မြို့နယ်၏ (၂၁)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအား ကျင်းပပြုလုပ်ရာတွင် အဘိုး (၁၈)ဦး နှင့် အဘွား(၂၅)ဦး စုစုပေါင်း (၄၃)ဦးမှ ကန်တော့ ခံတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားများတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိုးတင့် နှင့် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် စေတနာရှင်အလှူရှင်များမှ စုပေါင်း ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~