တာချီလိတ်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ တစ်နှစ်ထက် တစ်နှစ်ပို၍ ကျေးရွာယူနစ်တိုးချဲ့လာနိုင်

တာချီလိတ်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ တစ်နှစ်ထက် တစ်နှစ်ပို၍ ကျေးရွာယူနစ်တိုးချဲ့လာနိုင်
ဧပွီ 22, 2017
By Tachileik News Agency




မြစိမ်းရောင်စီမံချက်သည် ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေး ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေကာ ဆင်းရဲမှုလျော့ကျစေရန်အတွက် အတိုးနှုန်း ကျပ်ငွေ(၁၀၀)မှာ ပြား(၅၀)နှုန်းမှ တစ်ကျပ်ပြား(၅၀)နှုန်းဖြင့် ချေးငွေပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။

တာချီလိတ်မြို့တွင် (၂၀၁၆ -၂၀၁၇)ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းအရ ကျေးရွာနေပြည်သူ (၁၃၈၉)ဦးအား ထုတ်ချေးပေးခဲ့ရာ မြစိမ်းရောင် ရန်ပုံငွေအရင်းငွေ (၉၆၀)သန်း ၊ အတိုးရငွေ (၁၅၈.၃၁)သန်း အကျိုးပြုဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

(၂၀၁၆ -၂၀၁၇)ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆန်းစစ်သုံးသပ်ပွဲကို တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ဧပြီလ(၂၂)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာချီလိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ နှင့် ကျေးရွာ မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီအဖွဲ့များတက်ရောက်ခဲ့ကြသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ဘဏ္ဍာရေးနှစ် တစ်နှစ်ထက် တစ်နှစ် ပို၍ ကျေးရွာယူနစ် တိုးချဲ့လာနိုင်ပြီး တိုင်းရင်းသား ကျေးရွာများအား အဓိကအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်လာနိုင်ကြောင်း သိရသည်။

“တာချီလိတ်မြို့နယ်မှာ မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်တဲ့အခါမှာ ရှမ်း၊ အာခါ၊ လားဟူ၊ ဗမာ၊ ဒါပေမယ့် ဗမာကတော့နည်းတာပေါ့နော်။ အဓိက ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသားကျေးရွာတွေက များတယ်။ အခု (၂၀၁၆ -၂၀၁၇) ဘဏ္ဍာနှစ်မှာတော့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့ ကျေးရွာယူနစ်ပေါင်း (၃၂) ယူနစ်နဲ့ (၄၂)ရွာရှိတယ်။”ဟု တာချီလိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးခွန်မြင့်သောင်း(ခေတ္တမြို့နယ်ဦးစီးမှူး)ကပြောသည်။

တာချီလိတ်မြို့နယ်၌ ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်တွင် ကျေးရွာယူနစ်(၈)ယူနစ် အကျိုးပြုကျေးရွာ (၉)ရွာ၊ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် ကျေးရွာယူနစ်(၁၃)ယူနစ် အကျိုးပြုကျေးရွာ (၂၀)ရွာ၊၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် တွင် ကျေးရွာယူနစ် (၁၁)ယူနစ် အကျိုးပြု ကျေးရွာ(၁၃)ရွာ စုစုပေါင်း ကျေးရွာ(၄၂)ရွာတွင် မြစိမ်းရောင်ရန်ပုံငွေ ကျပ်(၉၆၀)သန်းဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အတိုးရငွေကျပ်(၁၅၈.၃၁)သန်း တိုးပွားရရှိပြီကြောင်း သိရသည်။

မြစိမ်းရောင်စီမံချက်သည် ကျေးလက်နပြေည်သူများ ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေကာ ဆင်းရဲမှုလျော့ကျစေရန်အတွက် အတိုးနှုန်း ကျပ်ငွေ(၁၀၀)မှာ ပြား(၅၀)နှုန်းမှ တစ်ကျပ်ပြား(၅၀)နှုန်းဖြင့် ချေးငွေပေးဆောင်ရွက်နခြေင်းဖြစ်ကြောင်းသိရသည်။

တာချီလိတ်မြို့တွင် (၂၀၁၆ -၂၀၁၇)ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းအရ ကျေးရွာနပြေည်သူ (၁၃၈၉)ဦးအား ထုတ်ချေးပေးခဲ့ရာ မြစိမ်းရောင် ရန်ပုံငွေအရင်းငွေ (၉၆၀)သန်း၊ အတိုးရငွေ (၁၅၈.၃၁)သန်း အကျိုးပြုဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

(၂၀၁၆ -၂၀၁၇)ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆန်းစစ်သုံးသပ်ပွဲကို တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ဧပြီလ(၂၂)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာချီလိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ နှင့် ကျေးရွာ မြစိမ်းရောင် ရန်ပုံငွကြေီးကြပ်မှုကော်မတီအဖွဲ့များတက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~