လားရိႈး - မူဆယ္လမ္းပိုင္း အလွည့္က်လႊတ္ေပးသည့္စနစ္ျဖင့္ ယာဥ္ေၾကာပိတ္ဆို႔မႈ ေျဖရွင္းေန

လားရိႈး - မူဆယ္လမ္းပိုင္း အလွည့္က်လႊတ္ေပးသည့္စနစ္ျဖင့္ ယာဥ္ေၾကာပိတ္ဆို႔မႈ ေျဖရွင္းေန
ဧပြီ 5, 2017
By Tachileik News Agency

မႏၱေလး - မူဆယ္ ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီး လားရိႈး-မူဆယ္ လမ္းပိုင္းတြင္ ယာဥ္အသြားအလာမ်ားၿပီး ယာဥ္စည္းကမ္း မလိုက္နာမႈေၾကာင့္ လမ္းပိတ္ဆို႔မႈမ်ား မၾကာခဏျဖစ္ေပၚေနရာ လမ္းအေျခအေနကိုၾကည့္၍ ယာဥ္မ်ားအလွည့္က်လႊတ္ေပးသည့္စနစ္ျဖင့္ ေျဖရွင္းေနေၾကာင္း သိရသည္။

“ဒီအစီအစဥ္ကေတာ့ ရွမ္းျပည္နယ္ရဲမင္းႀကီးနဲ႔ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ယာဥ္ထိန္းတပ္ဖြဲ႔ရဲ့ အစီအစဥ္နဲ႔ လုပ္တာပါ။ လမ္းလည္းပိတ္ေနတယ္။ ကားေတြေခါင္းခ်င္းဆိုင္ၿပီး ရွင္းမရျဖစ္ေနတဲ့အခ်ိန္မွာ ကားေတြကို ထပ္လႊတ္လိုက္တဲ့ အခ်ိန္က်ရင္ ပိုဆိုးသြားမယ္ေလ။ ဒါေၾကာင့္ လမ္းပိတ္ေနတဲ့ အေနအထားေပၚ မူတည္ၿပီးေတာ့ ကြတ္ခိုင္ၿမိဳ႕အဝင္နားရယ္၊ လားရိႈး OHC(Oriental Highway Co.ltd)ဂိတ္မွာရယ္ ပိတ္ထားၿပီးေတာ့ လမ္းပြင့္သြားမွ ျပန္လႊတ္ေပးတာမ်ိဳး လုပ္ေနတာပါ”ဟု Oriental Highway Co.ltd မွ စီမံေရးဒါရိုက္တာ ဦးတင္ကိုကိုက ေျပာသည္။

အဆိုပါလမ္းတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ဆိုးဝါးစြာျဖစ္ေနသျဖင့္ မတ္လ (၃၁) ရက္ေန႔မွစ၍ ယာဥ္လမ္းေၾကာ ပိတ္ဆို႔မႈအေျခအေနအရ အခ်ိန္ခြဲျခား၍ တားဆီးျခင္း၊ လႊတ္ေပးျခင္းစနစ္ျဖင့္ ေန႔စဥ္ေျဖရွင္းေပးေနျခင္းျဖစ္ေၾကာင္း Oriental Highway Co.ltd မွ သိရသည္။

“အဓိကက ကားဆရာေတြအခ်င္းခ်င္း စည္းကမ္းရွိၾကဖို႔လိုတယ္။ ေရွ႕မွာပိတ္ေနတယ္ဆို တန္းစီၿပီး အလွည့္က် ေစာင့္တာက အဆင္ေျပတယ္။ ဇြတ္ေက်ာ္တက္ၿပီး အဲဒီနားမွာထပ္ပိတ္သြားရင္ အဆင္းကားေရာ အတက္ကားေရာ ဘယ္သူမွဆက္သြားလို႔ မရေတာ့ဘူး။ စည္းကမ္းတက်သြားတာက အေကာင္းဆံုးပါပဲ။ လမ္းမေကာင္းလို႔ လမ္းပိတ္တတ္သလို စည္းကမ္းမဲ့ေမာင္းလို႔ပိတ္ရတာလည္း ရွိတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ လမ္းပိတ္ေနရင္ ကြ်န္ေတာ္တို႔ကားသမားေတြပဲ ဒုကၡေရာက္ရတာ “ဟု အဆိုပါလမ္းတြင္ ကုန္တင္ယာဥ္ေမာင္းေနသည့္ ကိုေမာင္ေဌးက ေျပာသည္။

ျပည္ေထာင္စုလမ္းအား တာဝန္ယူထားသည့္ Oriental Highway Co.ltd ဂိတ္တြင္ မူဆယ္မွ အဆင္းကားမ်ား အား အခ်ိန္ကန္႔သတ္၍လႊတ္ေပးသည့္စနစ္ ယခင္ကက်င့္သံုးခဲ့ေသာ္လည္း အဆင္မေျပသျဖင့္ လက္ရွိတြင္ အခ်ိန္အတိအက် မသတ္မွတ္ဘဲ လမ္းအေျခအေနကိုၾကည့္၍ ယာဥ္မ်ားအား တားျခင္း၊ လႊတ္ျခင္းမ်ား ျပဳလုပ္ေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

“အခုကေတာ့ အရင္လိုအခ်ိန္နဲ႔ လႊတ္ေပးတာမဟုတ္ဘူး။ လမ္းမွာ ပိတ္ဆို႔မႈျဖစ္တဲ့အေျခအေနကို ရွင္းလင္းႏိုင္မယ့္ အခ်ိန္ေပၚမူတည္ၿပီးေတာ့ လမ္းေၾကာကို ရွင္းရွင္းေပးသြားမယ္။ မူဆယ္ဘက္က အဆင္းကားကို အၾကာႀကီးပိတ္ထားရင္လည္း ဒီကတက္သြားတဲ့ကားေတြနဲ႔ သြားေထာက္ေနမွာ စိုးရတာေၾကာင့္ မူဆယ္ အဆင္းကားေတြကို အရင္လႊတ္ေပးမယ္။ ကြတ္ခိုင္နဲ႔ လားရိႈးက ကားေတြကိုေတာ့ ညေန(၅)နာရီ ဝန္းက်င္ ေလာက္မွာလႊတ္ေပးမယ္လို႔ စီစဥ္ထားပါတယ္ “ဟု OHC မွ စီမံမန္ေနဂ်ာ ဦးတင္ကိုကိုက ေျပာသည္။

အဆိုပါ လမ္းပိုင္းတြင္ ကားစီးေရမ်ား၍ ယာဥ္ေၾကာပိတ္ဆို႔မႈအျပင္ ရာသီဥတုအေျခအေနႏွင့္ လက္နက္ကိုင္ အဖြဲ႕မ်ားမွ တားဆီးမႈအေျခအေနမ်ားေၾကာင့္လည္း ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ျဖစ္ပြားေလ့ရိွေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေး - မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီး လားရှိုး-မူဆယ် လမ်းပိုင်းတွင် ယာဉ်အသွားအလာများပြီး ယာဉ်စည်းကမ်း မလိုက်နာမှုကြောင့် လမ်းပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်နေရာ လမ်းအခြေအနေကိုကြည့်၍ ယာဉ်များအလှည့်ကျလွှတ်ပေးသည့်စနစ်ဖြင့် ဖြေရှင်းနေကြောင်း သိရသည်။

“ဒီအစီအစဉ်ကတော့ ရှမ်းပြည်နယ်ရဲမင်းကြီးနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ယာဉ်ထိန်းတပ်ဖွဲ့ရဲ့ အစီအစဉ်နဲ့ လုပ်တာပါ။ လမ်းလည်းပိတ်နေတယ်။ ကားတွေခေါင်းချင်းဆိုင်ပြီး ရှင်းမရဖြစ်နေတဲ့အချိန်မှာ ကားတွေကို ထပ်လွှတ်လိုက်တဲ့ အချိန်ကျရင် ပိုဆိုးသွားမယ်လေ။ ဒါကြောင့် လမ်းပိတ်နေတဲ့ အနေအထားပေါ် မူတည်ပြီးတော့ ကွတ်ခိုင်မြို့အဝင်နားရယ်၊ လားရှိုး OHC(Oriental Highway Co.ltd)ဂိတ်မှာရယ် ပိတ်ထားပြီးတော့ လမ်းပွင့်သွားမှ ပြန်လွှတ်ပေးတာမျိုး လုပ်နေတာပါ”ဟု Oriental Highway Co.ltd မှ စီမံရေးဒါရိုက်တာ ဦးတင်ကိုကိုက ပြောသည်။

အဆိုပါလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးဝါးစွာဖြစ်နေသဖြင့် မတ်လ (၃၁) ရက်နေ့မှစ၍ ယာဉ်လမ်းကြော ပိတ်ဆို့မှုအခြေအနေအရ အချိန်ခွဲခြား၍ တားဆီးခြင်း၊ လွှတ်ပေးခြင်းစနစ်ဖြင့် နေ့စဉ်ဖြေရှင်းပေးနခြေင်းဖြစ်ကြောင်း Oriental Highway Co.ltd မှ သိရသည်။

“အဓိကက ကားဆရာတွေအချင်းချင်း စည်းကမ်းရှိကြဖို့လိုတယ်။ ရှေ့မှာပိတ်နေတယ်ဆို တန်းစီပြီး အလှည့်ကျ စောင့်တာက အဆင်ပြေတယ်။ ဇွတ်ကျော်တက်ပြီး အဲဒီနားမှာထပ်ပိတ်သွားရင် အဆင်းကားရော အတက်ကားရော ဘယ်သူမှဆက်သွားလို့ မရတော့ဘူး။ စည်းကမ်းတကျသွားတာက အကောင်းဆုံးပါပဲ။ လမ်းမကောင်းလို့ လမ်းပိတ်တတ်သလို စည်းကမ်းမဲ့မောင်းလို့ပိတ်ရတာလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လမ်းပိတ်နေရင် ကျွန်တော်တို့ကားသမားတွေပဲ ဒုက္ခရောက်ရတာ “ဟု အဆိုပါလမ်းတွင် ကုန်တင်ယာဉ်မောင်းနေသည့် ကိုမောင်ဌေးက ပြောသည်။

ပြည်ထောင်စုလမ်းအား တာဝန်ယူထားသည့် Oriental Highway Co.ltd ဂိတ်တွင် မူဆယ်မှ အဆင်းကားများ အား အချိန်ကန့်သတ်၍လွှတ်ပေးသည့်စနစ် ယခင်ကကျင့်သုံးခဲ့သော်လည်း အဆင်မပြေသဖြင့် လက်ရှိတွင် အချိန်အတိအကျ မသတ်မှတ်ဘဲ လမ်းအခြေအနေကိုကြည့်၍ ယာဉ်များအား တားခြင်း၊ လွှတ်ခြင်းများ ပြုလုပ်ပေးနခြေင်း ဖြစ်ကြောင်း သိရသည်။

“အခုကတော့ အရင်လိုအချိန်နဲ့ လွှတ်ပေးတာမဟုတ်ဘူး။ လမ်းမှာ ပိတ်ဆို့မှုဖြစ်တဲ့အခြေအနေကို ရှင်းလင်းနိုင်မယ့် အချိန်ပေါ်မူတည်ပြီးတော့ လမ်းကြောကို ရှင်းရှင်းပေးသွားမယ်။ မူဆယ်ဘက်က အဆင်းကားကို အကြာကြီးပိတ်ထားရင်လည်း ဒီကတက်သွားတဲ့ကားတွေနဲ့ သွားထောက်နေမှာ စိုးရတာကြောင့် မူဆယ် အဆင်းကားတွေကို အရင်လွှတ်ပေးမယ်။ ကွတ်ခိုင်နဲ့ လားရှိုးက ကားတွေကိုတော့ ညနေ(၅)နာရီ ဝန်းကျင် လောက်မှာလွှတ်ပေးမယ်လို့ စီစဉ်ထားပါတယ် “ဟု OHC မှ စီမံမန်နေဂျာ ဦးတင်ကိုကိုက ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် ကားစီးရေများ၍ ယာဉ်ကြောပိတ်ဆို့မှုအပြင် ရာသီဥတုအခြေအနေနှင့် လက်နက်ကိုင် အဖွဲ့များမှ တားဆီးမှုအခြေအနေများကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~