လွ်ပ္စစ္ဒယ္အိုး အပူလြန္ကဲ၍ ေနအိမ္ႏွစ္လံုး မီးေလာင္ဆံုးရႈံး

လွ်ပ္စစ္ဒယ္အိုး အပူလြန္ကဲ၍ ေနအိမ္ႏွစ္လံုး မီးေလာင္ဆံုးရႈံး
ဧပြီ 23, 2017
By Tachileik News Agency

ဟင္းေႏႊးထားၿပီး အျပင္ထြက္ေနစဥ္ လွ်ပ္စစ္ဒယ္အိုး အပူလြန္ကဲရာမွ ျဖစ္ပြားသည့္ မီးေလာင္မႈေၾကာင့္ မေကြးတိုင္းေဒသႀကီး ဂန္႔ေဂါၿမိဳ႕  စည္ပင္သာယာရပ္ကြက္တြင္ ေနအိမ္(၂)လံုး ဆံုးရံႈးသြားေၾကာင္း သိရသည္။

ဂန္႔ေဂါၿမိဳ႕ စည္ပင္သာယာရပ္ကြက္ေန ေမာင္ဦး(ခ)ထြန္းထြန္းဦးသည္ ဧၿပီလ (၂၂) ရက္ေန႔ နံနက္ (၆) နာရီ၀န္းက်င္က ေနအိမ္၌ တစ္ဦးတည္းရိွေနစဥ္  ေနအိမ္မီးဖိုေဆာင္၌ တရုတ္ႏုိင္ငံထုတ္ လွ်ပ္စစ္ဒယ္အိုးျဖင္႔ ငါးဟင္းေႏႊးထားၿပီး အျပင္သို႔ ထြက္သြားစဥ္ မီးေလာင္မႈ ျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဟင္းေႏႊးသည့္ ဒယ္အိုးေအာက္တြင္ ပလပ္စတစ္စ ခင္းထားၿပီး မီးဖိုေဆာင္မွာ သစ္သား မီးဖိုေဆာင္ျဖစ္ေၾကာင္း သိရသည္။

"မီးက ေခါင္းရင္းဘက္မွာရိွတဲ့ ေနအိမ္ကို ကူးသြားတယ္။ မီးသတ္ေတြနဲ႔ ျပည္သူေတြပါ ဝိုင္းဝန္း ၿငိႇမ္းသတ္ႏိုင္ခဲ့လို႔သာ အဲဒီအိမ္တစ္ျခမ္းပဲေလာင္ၿပီး မီးၿငိမ္းသြားတာ”ဟု  စည္ပင္သာယာရပ္ကြက္ေနသူ တစ္ဦးက ေျပာသည္။

မီးေလာင္ရာသို႔ ဂန္႔ေဂါၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ မီးသတ္ယာဥ္(၄)စီး၊ ေရသယ္ယာဥ္(၃)စီးတို႔ႏွင့္အတူ ၿမိဳ႕ေပၚမွ ျပည္သူအင္အား(၂၀၀)ဦးခန္႔က ဝိုင္းဝန္းၿငိႇမ္းသတ္ႏိုင္ခဲ့ၾကရာ နံနက္ (၇) နာရီ (၅၅)မိနစ္အခ်ိန္တြင္ မီးညြန္႔က်ိဳး၍ နံနက္ (၈)နာရီအခ်ိန္တြင္ မီးလံုးဝၿငိမ္းသြားေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ လူေနအိမ္ႏွစ္လံုး ဆံုးရႈံးသြားၿပီး ဆံုးရံွဴးမႈတန္ဖိုး က်ပ္(၃၉)သိန္းေက်ာ္ရိွေၾကာင္း မီးသတ္ဦးစီးဌာနက ခန္႔မွန္းတြက္ခ်က္ထားသည္။

အဆိုပါ မီးေလာင္မႈႏွင့္ပတ္သက္၍ ေမာင္ဦး(ခ)ထြန္းထြန္းဦးအား ဂန္႔ေဂါၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၇၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ အရ အမႈဖြင္႔အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
လျှပ်စစ်ဒယ်အိုး အပူလွန်ကဲ၍ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး
**************
ဟင်းနွှေးထားပြီး အပြင်ထွက်နေစဉ် လျှပ်စစ်ဒယ်အိုး အပူလွန်ကဲရာမှ ဖြစ်ပွားသည့် မီးလောင်မှုကြောင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ စည်ပင်သာယာရပ်ကွက်တွင် နေအိမ်(၂)လုံး ဆုံးရှုံးသွားကြောင်း သိရသည်။

ဂန့်ဂေါမြို့ စည်ပင်သာယာရပ်ကွက်နေ မောင်ဦး(ခ)ထွန်းထွန်းဦးသည် ဧပြီလ (၂၂) ရက်နေ့ နံနက် (၆) နာရီဝန်းကျင်က နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် နေအိမ်မီးဖိုဆောင်၌ တရုတ်နိုင်ငံထုတ် လျှပ်စစ်ဒယ်အိုးဖြင့် ငါးဟင်းနွှေးထားပြီး အပြင်သို့ ထွက်သွားစဉ် မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ဟင်းနွှေးသည့် ဒယ်အိုးအောက်တွင် ပလပ်စတစ်စ ခင်းထားပြီး မီးဖိုဆောင်မှာ သစ်သား မီးဖိုဆောင်ဖြစ်ကြောင်း သိရသည်။

"မီးက ခေါင်းရင်းဘက်မှာရှိတဲ့ နေအိမ်ကို ကူးသွားတယ်။ မီးသတ်တွေနဲ့ ပြည်သူတွေပါ ဝိုင်းဝန်း ငြှိမ်းသတ်နိုင်ခဲ့လို့သာ အဲဒီအိမ်တစ်ခြမ်းပဲလောင်ပြီး မီးငြိမ်းသွားတာ”ဟု စည်ပင်သာယာရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

မီးလောင်ရာသို့ ဂန့်ဂေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၃)စီးတို့နှင့်အတူ မြို့ပေါ်မှ ပြည်သူအင်အား(၂၀၀)ဦးခန့်က ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့ကြရာ နံနက် (၇) နာရီ (၅၅)မိနစ်အချိန်တွင် မီးညွန့်ကျိုး၍ နံနက် (၈)နာရီအချိန်တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနေအိမ်နှစ်လုံး ဆုံးရှုံးသွားပြီး ဆုံးရှူံးမှုတန်ဖိုး ကျပ်(၃၉)သိန်းကျော်ရှိကြောင်း မီးသတ်ဦးစီးဌာနက ခန့်မှန်းတွက်ချက်ထားသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ မောင်ဦး(ခ)ထွန်းထွန်းဦးအား ဂန့်ဂေါမြို့မရဲစခန်းတွင် (ပ) ၂၇၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~