အုတ္သဲေက်ာက္လုပ္ငန္းမ်ားအား လိုင္စင္ျပန္လည္ခ်ထားမႈ ႏွစ္ေပါင္း (၄၀)အတြင္း အၾကန္႔ၾကာဆံုးျဖစ္

အုတ္သဲေက်ာက္လုပ္ငန္းမ်ားအား လိုင္စင္ျပန္လည္ခ်ထားမႈ ႏွစ္ေပါင္း (၄၀)အတြင္း အၾကန္႔ၾကာဆံုးျဖစ္
ဧပြီ 28, 2017
By Tachileik News Agency

ႏွစ္ေပါင္း(၄၀)အတြင္း မေကြးၿမိဳ႕နယ္တြင္ လိုင္စင္ျပန္လည္ခ်ထားမႈ အၾကန္႔ၾကာဆံုးျဖစ္ေနသည္ဟု လုပ္ငန္းရွင္မ်ား ေဝဖန္ေနသည့္ အုတ္၊သဲ၊ေက်ာက္လုပ္ငန္းလိုင္စင္မ်ားအတြက္ ကြင္းဆင္းစိစစ္မႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း မေကြးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

မေကြးၿမိဳ႕နယ္အတြင္း အုတ္လုပ္ငန္းရွင္ (၂၅) ဦး၊ သဲလုပ္ငန္းရွင္ (၁၅) ဦး၊ ေက်ာက္ေသးလုပ္ငန္းရွင္ (၁၀) ဦး၊ ေက်ာက္ႀကီးလုပ္ငန္းရွင္ (၁၀) ဦးႏွင္႔ ေျမနီလုပ္ငန္းရွင္ (၃) ဦးအား လုပ္ငန္းလိုင္စင္မ်ား ျပန္လည္ထုတ္ေပးေရးအတြက္ သက္ဆိုင္ရာက ကြင္းဆင္းစစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“လုပ္ငန္းေတြက လည္ပတ္ေနပါတယ္။ လုပ္ငန္းကြက္ေတြကိုလည္း ကြင္းဆင္းစစ္ေဆးေနပါၿပီ။ စစ္ေဆးရရိွတာေတြက္ို တိုင္းအစိုးရထံတင္ၿပီး လုပ္ငန္းလိုင္စင္ အျမန္ခ်ေပးမွာပါ”ဟု မေကြးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လုပ္ငန္းအခ်ိဳ႕မွာ ဧၿပီလ (၁၁)ရက္ေန႔မွစ၍ ပိတ္ထားရသျဖင့္ လုပ္ငန္းရွင္၊ အလုပ္သမားႏွင္႔ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား အခက္အခဲမ်ားႏွင္႔ ႀကံဳေတြ႔ေနရသည္ဟု အုတ္၊သဲ၊ ေက်ာက္ လုပ္ငန္းရွင္အခ်ိဳ႕က ဆိုသည္။

“လုပ္ငန္း လိုင္စင္သက္တမ္းတိုးေနတဲ႔အခ်ိန္မွာ ပိတ္ထားခံရတာျဖစ္ၿပီး လုပ္ငန္းရွင္ေတြလက္ထဲ လိုင္စင္ ေရာက္ရွိမွ လုပ္ငန္းျပန္လည္ လုပ္ကိုင္ခြင္႔ရၾကမွာျဖစ္လို႔ လုပ္ငန္းနဲ႔ဆက္စပ္သူေတြအားလံုး အခက္အခဲနဲ႔ ႀကံဳေတြ႔ေနရပါတယ္”ဟု အုတ္၊သဲ၊ ေက်ာက္ လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးေက်ာ္ခင္က ေျပာသည္။

အုတ္၊သဲ၊ေက်ာက္လုပ္ငန္းမ်ား လိုင္စင္သက္တမ္းတိုးရာတြင္ ေျမတိုင္းစာေရးႏွင့္ ေျမပံု (၁၀၅) ေရးဆြဲ၍ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွွဴးရံုးသို႔တင္ရၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ သက္ဆိုင္ရာဌာနမ်ားမွ ကြင္းဆင္းစစ္ေဆးကာ တိုင္းေဒသႀကီးအစိုးရအဖြဲ႔ထံ ဆက္လက္ တင္ျပၿပီးမွ လုပ္ငန္းလိုင္စင္ ခ်ထားေပးရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

အုတ်သဲကျောက်လုပ်ငန်းများအား လိုင်စင်ပြန်လည်ချထားမှု နှစ်ပေါင်း (၄၀)အတွင်း အကြန့်ကြာဆုံးဖြစ်

နှစ်ပေါင်း(၄၀)အတွင်း မကွေးမြို့နယ်တွင် လိုင်စင်ပြန်လည်ချထားမှု အကြန့်ကြာဆုံးဖြစ်နေသည်ဟု လုပ်ငန်းရှင်များ ဝေဖန်နေသည့် အုတ်၊သဲ၊ကျောက်လုပ်ငန်းလိုင်စင်များအတွက် ကွင်းဆင်းစိစစ်မှုများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မကွေးမြို့နယ်အတွင်း အုတ်လုပ်ငန်းရှင် (၂၅) ဦး၊ သဲလုပ်ငန်းရှင် (၁၅) ဦး၊ ကျောက်သေးလုပ်ငန်းရှင် (၁၀) ဦး၊ ကျောက်ကြီးလုပ်ငန်းရှင် (၁၀) ဦးနှင့် မြေနီလုပ်ငန်းရှင် (၃) ဦးအား လုပ်ငန်းလိုင်စင်များ ပြန်လည်ထုတ်ပေးရေးအတွက် သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းတွေက လည်ပတ်နေပါတယ်။ လုပ်ငန်းကွက်တွေကိုလည်း ကွင်းဆင်းစစ်ဆေးနေပါပြီ။ စစ်ဆေးရရှိတာတွေကို် တိုင်းအစိုးရထံတင်ပြီး လုပ်ငန်းလိုင်စင် အမြန်ချပေးမှာပါ”ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လုပ်ငန်းအချို့မှာ ဧပြီလ (၁၁)ရက်နေ့မှစ၍ ပိတ်ထားရသဖြင့် လုပ်ငန်းရှင်၊ အလုပ်သမားနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု အုတ်၊သဲ၊ ကျောက် လုပ်ငန်းရှင်အချို့က ဆိုသည်။

“လုပ်ငန်း လိုင်စင်သက်တမ်းတိုးနေတဲ့အချိန်မှာ ပိတ်ထားခံရတာဖြစ်ပြီး လုပ်ငန်းရှင်တွေလက်ထဲ လိုင်စင် ရောက်ရှိမှ လုပ်ငန်းပြန်လည် လုပ်ကိုင်ခွင့်ရကြမှာဖြစ်လို့ လုပ်ငန်းနဲ့ဆက်စပ်သူတွေအားလုံး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်”ဟု အုတ်၊သဲ၊ ကျောက် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ခင်က ပြောသည်။

အုတ်၊သဲ၊ကျောက်လုပ်ငန်းများ လိုင်စင်သက်တမ်းတိုးရာတွင် မြေတိုင်းစာရေးနှင့် မြေပုံ (၁၀၅) ရေးဆွဲ၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့တင်ရပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆက်လက် တင်ပြပြီးမှ လုပ်ငန်းလိုင်စင် ချထားပေးရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~