ျမန္မာစပါးႀကီးေျမြ (ခ) ေအာင္လအင္ဆန္ ျမစ္ႀကီးနားေရာက္ရိွ

ျမန္မာစပါးႀကီးေျမြ (ခ) ေအာင္လအင္ဆန္ ျမစ္ႀကီးနားေရာက္ရိွ
ဧပြီ 2, 2017
By Tachileik News Agency
ျမန္မာစပါးႀကီးေျမြအျဖစ္ ေက်ာ္ၾကားသည့္ ကခ်င္တိုင္းရင္းသား လက္ေဝွ႔အေက်ာ္အေမာ္ ေအာင္လအင္ဆန္အား ကခ်င္အႏုပညာရွင္မ်ား အသင္း ဗဟိုေကာ္မတီက ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕တြင္ ဂုဏ္ျပဳႀကိဳဆိုပြဲကုိ ဧၿပီလ (၂) ရက္ေန႔ နံနက္ကစ၍  မဂၽြယ္ခန္္းမေဆာင္တြင္ က်င္းပသည္။
“အခုလို ကခ်င္တိုင္းရင္းသားက MMA အားကစားေလာကမွာ ႀကိဳးစားရပ္တည္ေနတဲ့ ငယ္သူငယ္ခ်င္း ေအာင္လ ကို အရမ္းဂုဏ္ယူပါတယ္”ဟု ေအာင္လအင္ဆန္အား သြားေရာက္ ႀကိဳဆိုသည့္ ငယ္သူငယ္ခ်င္းျဖစ္သူ ကိုပန္ေနာ္က ေျပာသည္။
MMA ႏွင့္ One Championship ၿပိဳင္ပြဲမ်ားတြင္ Champion အဆင့္ထိ ယွဥ္ၿပိဳင္ခဲ့သူ ေအာင္လအင္ဆန္သည္ အေမရိကန္ျပည္ေထာင္စုတြင္ ေနထုိင္ေနၿပီး ဇာတိျဖစ္သည့္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕သို႔  ႏွစ္ရက္တာျပန္လာစဥ္ ကခ်င္အႏုပညာရွင္မ်ား အသင္းက ဂုဏ္ျပဳႀကိဳဆိုပြဲျဖင့္ ႀကိဳဆိုျခင္း ျဖစ္ေၾကာင္း သိရသည္။
ေအာင္လအင္ဆန္သည္ ကခ်င္စစ္ေျပးဒုကၡသည္မ်ားအတြက္ ရန္ပံုေငြရွာေဖြေရး လက္ေဝွ႕ပြဲျဖင့္ စစ္ေျပး ဒုကၡသည္မ်ားအား ကူညီေရးအတြက္ လုပ္ေဆာင္ေပးသူတစ္ဦးျဖစ္သည္။
သတင္း - အင္မိုင္ခ
ဓာတ္ပံု - ကိုပန္ေနာ္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာစပါးကြီးမြွေအဖြစ် ကျော်ကြားသည့် ကချင်တိုင်းရင်းသား လက်ဝှေ့အကျော်အမော် အောင်လအင်ဆန်အား ကချင်အနုပညာရှင်များ အသင်း ဗဟိုကော်မတီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဂုဏ်ပြုကြိုဆိုပွဲကို ဧပြီလ (၂) ရက်နေ့ နံနက်ကစ၍ မဂျွယ်ခန်းမဆောင်တွင် ကျင်းပသည်။

“အခုလို ကချင်တိုင်းရင်းသားက MMA အားကစားလောကမှာ ကြိုးစားရပ်တည်နေတဲ့ ငယ်သူငယ်ချင်း အောင်လ ကို အရမ်းဂုဏ်ယူပါတယ်”ဟု အောင်လအင်ဆန်အား သွားရောက် ကြိုဆိုသည့် ငယ်သူငယ်ချင်းဖြစ်သူ ကိုပန်နော်က ပြောသည်။

MMA နှင့် One Championship ပြိုင်ပွဲများတွင် Champion အဆင့်ထိ ယှဉ်ပြိုင်ခဲ့သူ အောင်လအင်ဆန်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နပြေီး ဇာတိဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ နှစ်ရက်တာပြန်လာစဉ် ကချင်အနုပညာရှင်များ အသင်းက ဂုဏ်ပြုကြိုဆိုပွဲဖြင့် ကြိုဆိုခြင်း ဖြစ်ကြောင်း သိရသည်။

အောင်လအင်ဆန်သည် ကချင်စစ်ပြေးဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေရေး လက်ဝှေ့ပွဲဖြင့် စစ်ပြေး ဒုက္ခသည်များအား ကူညီရေးအတွက် လုပ်ဆောင်ပေးသူတစ်ဦးဖြစ်သည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ကိုပန်နော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~