မိုင္းျဖတ္ - က်ဳိင္းတံု လမ္းပိုင္းတြင္ ယာဥ္တိမ္းေမွာက္မႈ အမ်ားဆံုး ျဖစ္သည့္ ေနရာအား ျပဳျပင္ရန္ သြားေရာက္ စစ္ေဆး

မိုင္းျဖတ္ - က်ဳိင္းတံု လမ္းပိုင္းတြင္ ယာဥ္တိမ္းေမွာက္မႈ အမ်ားဆံုး ျဖစ္သည့္ ေနရာအား ျပဳျပင္ရန္ သြားေရာက္ စစ္ေဆး
မတ် 18, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္၊ မိုင္းျဖတ္ - က်ဳိင္းတံု လမ္းေပၚ ဆိုင္းေလေက်းရြာအနီး၊ ယာဥ္တိမ္းေမွာက္မႈ မၾကာခဏျဖစ္ပြားေနသည့္ ေနရာအား ျပဳျပင္ႏုိင္ရန္ သက္ဆုိင္ရာဌာနမ်ား ပူးေပါင္းအဖြဲ႕ျဖင့္ မတ္လ(၁၇) ရက္ေန႔က စတင္စစ္ေဆးေနေၾကာင္း သိရသည္။
“လမ္းအေကြ႔ေတြ ကုန္းတက္၊ ကုန္းဆင္းေတြမွာ သတိေပး အမွတ္အသားေတြလည္း လုပ္ထားပါတယ္။ ယာဥ္ေမာင္းေတြ သတိမထားၾကလုိ႔ပါ။ ေနာက္ထပ္လည္း အရွိန္ေလွ်ာ့ရန္ သတိေပးႏုိင္ေအာင္ အသံနဲ႔ အခ်က္ေပးတဲ့ လမ္းတားေတြ လုပ္ေဆာင္ေပးသြားမွာပါ” ဟု ကုန္းလမ္း ပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးေသာင္းျမင့္က တာခ်ီလိတ္သတင္း ေအဂ်င္စီကို ေျပာသည္။
အဆိုပါ လမ္းပိုင္းမွ အေကြ႔မ်ားသည့္ မိုင္တိုင္အမွတ္ (၇၀၁) မွ (၇၀၃)ၾကားတြင္ လမ္းအမွတ္ အသား သေကၤတမ်ား ထပ္တိုး စိုက္ထူျခင္း၊ မုိင္တိုင္အမွတ္ (၇၀၃) ႏွင့္ (၇၀၄)ၾကားတြင္ လမ္းတစ္ျခမ္း နိမ့္ေနျခင္းအား ျပဳျပင္ႏိုင္ရန္ တင္ျပသြားျခင္းႏွင့္ ယာဥ္တိမ္းေမွာက္မႈ အမ်ားဆံုး ျဖစ္ပြားတတ္သည့္ ေနရာမ်ားတြင္ လမ္းေဘး အရံအတားမ်ား ျပဳလုပ္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
“ ကၽြန္ေတာ့္ အျမင္ကေတာ့ ယာဥ္ေမာင္းသူေတြ သတိမထားလို႔ ျဖစ္တာမ်ားပါတယ္။ ကားေတြက အရမ္းေကာင္းေတာ့ ေမာင္းတဲ့သူေတြက မွန္ကို အလံုပိတ္၊ သီခ်င္းနားေထာင္ၿပီး ေမာင္းတာရွိပါတယ္။ ေရွ႕က မုိင္ႏႈန္းကိုလည္း မၾကည့္၊ မွန္ပိတ္ထားတယ္ဆိုေတာ့ ေလတိုးသံလည္း မၾကားတာရယ္၊ လမ္းေကြ႔ေတြ၊ ကုန္းတက္၊ ကုန္းဆင္းေတြမွာ ေအာ္တိုဂီယာေတြဆိုေတာ့ ဂီယာမခ်ိန္းဘဲ ေမာင္းၾကေတာ့ အရွိန္လြန္ၿပီး ျဖစ္သြားတာမ်ားပါတယ္” ဟု အဆိုပါလမ္းပိုင္းမွ ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။
အဆိုပါ လမ္းအား ျပဳျပင္ရန္အတြက္ တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမွဳဦးစီးဌာနမွ ခ႐ိုင္ဦးစီးမွဴး ဦးေသာင္းျမင့္၊ တာခ်ီလိတ္ၿမိဳ႕နယ္ ေဆာက္လုပ္ေရး လမ္းဦးစီးဌာနမွ ဦးမာကု၊ တာခ်ီလိတ္ခ႐ိုင္ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ရဲအုပ္ ေဇာ္ေဇာ္ၫႊန္႔၊ မိုင္းျဖတ္ၿမိဳ႕နယ္ ေဆာက္လုပ္ေရး၊ လမ္းဦးစီးဌာနမွ ဦးတင္မိုးတို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႔သည္ က်ိဳင္းတံု - မုိင္းျဖတ္လမ္းမွ မုိင္တိုင္အမွတ္ (၇၀၁)ႏွင့္ (၇၀၄)ၾကားရွိလမ္းပိုင္းအား မတ္လ(၁၇)ရက္ေန႔ ညေန(၅)နာရီခန္႔တြင္ သြားေရာက္ စစ္ေဆးၾကျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ် - ကျိုင်းတုံ လမ်းပေါ် ဆိုင်းလေကျေးရွာအနီး၊ ယာဉ်တိမ်းမှောက်မှု မကြာခဏဖြစ်ပွားနေသည့် နေရာအား ပြုပြင်နိုင်ရန် သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့ဖြင့် မတ်လ(၁၇) ရက်နေ့က စတင်စစ်ဆေးနေကြောင်း သိရသည်။

“လမ်းအကွေ့တွေ ကုန်းတက်၊ ကုန်းဆင်းတွေမှာ သတိပေး အမှတ်အသားတွေလည်း လုပ်ထားပါတယ်။ ယာဉ်မောင်းတွေ သတိမထားကြလို့ပါ။ နောက်ထပ်လည်း အရှိန်လျှော့ရန် သတိပေးနိုင်အောင် အသံနဲ့ အချက်ပေးတဲ့ လမ်းတားတွေ လုပ်ဆောင်ပေးသွားမှာပါ” ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က တာချီလိတ်သတင်း အေဂျင်စီကို ပြောသည်။

အဆိုပါ လမ်းပိုင်းမှ အကွေ့များသည့် မိုင်တိုင်အမှတ် (၇၀၁) မှ (၇၀၃)ကြားတွင် လမ်းအမှတ် အသား သင်္ကေတများ ထပ်တိုး စိုက်ထူခြင်း၊ မိုင်တိုင်အမှတ် (၇၀၃) နှင့် (၇၀၄)ကြားတွင် လမ်းတစ်ခြမ်း နိမ့်နခြေင်းအား ပြုပြင်နိုင်ရန် တင်ပြသွားခြင်းနှင့် ယာဉ်တိမ်းမှောက်မှု အများဆုံး ဖြစ်ပွားတတ်သည့် နေရာများတွင် လမ်းဘေး အရံအတားများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော့် အမြင်ကတော့ ယာဉ်မောင်းသူတွေ သတိမထားလို့ ဖြစ်တာများပါတယ်။ ကားတွေက အရမ်းကောင်းတော့ မောင်းတဲ့သူတွေက မှန်ကို အလုံပိတ်၊ သီချင်းနားထောင်ပြီး မောင်းတာရှိပါတယ်။ ရှေ့က မိုင်နှုန်းကိုလည်း မကြည့်၊ မှန်ပိတ်ထားတယ်ဆိုတော့ လေတိုးသံလည်း မကြားတာရယ်၊ လမ်းကွေ့တွေ၊ ကုန်းတက်၊ ကုန်းဆင်းတွေမှာ အော်တိုဂီယာတွေဆိုတော့ ဂီယာမချိန်းဘဲ မောင်းကြတော့ အရှိန်လွန်ပြီး ဖြစ်သွားတာများပါတယ်” ဟု အဆိုပါလမ်းပိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါ လမ်းအား ပြုပြင်ရန်အတွက် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်၊ တာချီလိတ်မြို့နယ် ဆောက်လုပ်ရေး လမ်းဦးစီးဌာနမှ ဦးမာကု၊ တာချီလိတ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် ဇော်ဇော်ညွှန့်၊ မိုင်းဖြတ်မြို့နယ် ဆောက်လုပ်ရေး၊ လမ်းဦးစီးဌာနမှ ဦးတင်မိုးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံ - မိုင်းဖြတ်လမ်းမှ မိုင်တိုင်အမှတ် (၇၀၁)နှင့် (၇၀၄)ကြားရှိလမ်းပိုင်းအား မတ်လ(၁၇)ရက်နေ့ ညနေ(၅)နာရီခန့်တွင် သွားရောက် စစ်ဆေးကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~