ေနာင္ခ်ိဳႏွင့္ ေက်ာက္မဲဘူတာၾကား ေတာမီးမွတဆင့္ ရထားစက္ေခါင္းတြဲမီးေလာင္

ေနာင္ခ်ိဳႏွင့္ ေက်ာက္မဲဘူတာၾကား ေတာမီးမွတဆင့္ ရထားစက္ေခါင္းတြဲမီးေလာင္
မတ် 22, 2017
By Tachileik News Agency
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳဘူတာႏွင့္ ေက်ာက္မဲဘူတာၾကား ေတာလမ္းတစ္ေနရာတြင္ ေတာမီးေလာင္ကြ်မ္းေနရာမွ လားရိႈး-မႏၱေလး ရထားစက္ေခါင္းမီးေလာင္မႈ မတ္လ (၂၁)ရက္ေန႔ ေန႔လယ္ (၂)နာရီ(၃၀)မိနစ္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 
အဆိုပါ မီးေလာင္မႈေၾကာင့္ စက္ေခါင္း အဲယားကလိုင္နာတစ္ခု ပ်က္စီးဆံုးရႈံးခဲ့ရၿပီး ထိခုိက္ဒဏ္ရျခင္း မရိွေၾကာင္း သိရသည္။
“ေနာင္ခ်ိဳဘက္ကို ရထားက အလာမွာ ရထားလမ္းေဘး တစ္ေနရာမွာ ေတာမီး ေလာင္ေနတဲ့ေနရာတစ္ခု က သံလမ္းနားမွာ ကပ္ေနတယ္။ ရထားကလည္း ရုတ္တရက္ဆိုေတာ့ ရပ္လို႔ မရေတာ့ ဆက္ေမာင္းလာတာ။ ရထားအရွိန္နဲ႔ ေလပူေတြစုပ္မိၿပီး စက္ေခါင္းရဲ႔ ဆီယိုေနတဲ့ ေနရာကေန မီးေလာင္မႈျဖစ္ပြားတာပါ။ အဲယားကလိုင္နာတစ္ခုပဲ ပ်က္စီးသြားတယ္။ အဲဒါကျပင္လို႔ ရပါတယ္။ က်န္တာဘာမွ မပ်က္စီးခဲ့ပါဘူး “ဟု ေနာင္ခ်ိဳၿမိဳ႕မရဲစခန္း မွ တာဝန္မွဴး ဒုရဲအုပ္တင္မင္းႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မီးေလာင္မႈျဖစ္ပြားစဥ္ အနီးသို႔ ေရာက္ရွိလာသူမ်ားႏွင့္ ရထားဝန္ထမ္းမ်ား ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ၿပီး ညေန (၃) နာရီတြင္ ရထားမွာ မႏၱေလး သို႔ ဆက္လက္ ထြက္ခြာသြားခဲ့ေၾကာင္း သိရသည္။
ယခုကဲ့သို႔ ရထားသံလမ္းအနီး ေတာမီးေလာင္ေနျခင္းေၾကာင့္ ရထားစက္ေခါင္းအား မီးကူးေလာင္က်ြမ္းခဲ့ရျခင္းမွာ ယခင္ကျဖစ္ေပၚခဲ့ဖူးျခင္း မရွိဘဲ ျဖစ္ေတာင့္ျဖစ္ခဲကိစၥရပ္တစ္ခုသာ ျဖစ္ေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုဘူတာနှင့် ကျောက်မဲဘူတာကြား တောလမ်းတစ်နေရာတွင် တောမီးလောင်ကျွမ်းနေရာမှ လားရှိုး-မန္တလေး ရထားစက်ခေါင်းမီးလောင်မှု မတ်လ (၂၁)ရက်နေ့ နေ့လယ် (၂)နာရီ(၃၀)မိနစ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် စက်ခေါင်း အဲယားကလိုင်နာတစ်ခု ပျက်စီးဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရခြင်း မရှိကြောင်း သိရသည်။

“နောင်ချိုဘက်ကို ရထားက အလာမှာ ရထားလမ်းဘေး တစ်နေရာမှာ တောမီး လောင်နေတဲ့နေရာတစ်ခု က သံလမ်းနားမှာ ကပ်နေတယ်။ ရထားကလည်း ရုတ်တရက်ဆိုတော့ ရပ်လို့ မရတော့ ဆက်မောင်းလာတာ။ ရထားအရှိန်နဲ့ လေပူတွေစုပ်မိပြီး စက်ခေါင်းရဲ့ ဆီယိုနေတဲ့ နေရာကနေ မီးလောင်မှုဖြစ်ပွားတာပါ။ အဲယားကလိုင်နာတစ်ခုပဲ ပျက်စီးသွားတယ်။ အဲဒါကပြင်လို့ ရပါတယ်။ ကျန်တာဘာမှ မပျက်စီးခဲ့ပါဘူး “ဟု နောင်ချိုမြို့မရဲစခန်း မှ တာဝန်မှူး ဒုရဲအုပ်တင်မင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှုဖြစ်ပွားစဉ် အနီးသို့ ရောက်ရှိလာသူများနှင့် ရထားဝန်ထမ်းများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး ညနေ (၃) နာရီတွင် ရထားမှာ မန္တလေး သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ရထားသံလမ်းအနီး တောမီးလောင်နခြေင်းကြောင့် ရထားစက်ခေါင်းအား မီးကူးလောင်ကျွမ်းခဲ့ရခြင်းမှာ ယခင်ကဖြစ်ပေါ်ခဲ့ဖူးခြင်း မရှိဘဲ ဖြစ်တောင့်ဖြစ်ခဲကိစ္စရပ်တစ်ခုသာ ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~