တရားမဝင္ေက်ာက္မီးေသြးတူးမႈျဖင့္ အမႈရင္ဆိုင္ေနသူ၏ မိသားစုမ်ားက မေကြးတိုင္းအစိုးရအဖဲြ႔အား ဆႏၵထုတ္ေဖၚ

တရားမဝင္ေက်ာက္မီးေသြးတူးမႈျဖင့္ အမႈရင္ဆိုင္ေနသူ၏ မိသားစုမ်ားက မေကြးတိုင္းအစိုးရအဖဲြ႔အား ဆႏၵထုတ္ေဖၚ
မတ် 21, 2017
By Tachileik News Agency
မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕က တရားရံုးအား ဖိအားေပးသည္ဟုဆိုကာ တရားမဝင္ ေက်ာက္မီးေသြးတူးေဖာ္မႈျဖင့္ တရားရံုးတြင္ အမႈရင္ဆိုင္ေနသူမ်ား၏ မိသားစုမ်ားက ဦးေဆာင္၍ မင္းဘူးၿမိဳ႕တြင္ မတ္လ (၂၁)ရက္ ေန႔ နံနက္(၉)နာရီအခ်ိန္က အင္အား(၄၀၀)ေက်ာ္ ဆႏၵေဖာ္ထုတ္ၾကေၾကာင္း သိရသည္။
“အခ်ဳပ္ထဲမွာ ရွစ္လေက်ာ္ေနပါၿပီ။ အမွန္တရားအတိုင္း ျဖစ္ေစခ်င္ပါတယ္။ ဘယ္သူ႔ရဲ႕ဖိအားေပးမႈမွ မလိုခ်င္ပါဘူး။ ကၽြန္မတို႔ေမးၾကည္႔တဲ႔အခါမွာ တိုင္းအစိုးရကလုပ္ခိုင္းလို႔ပါလို႔ေျပာတာေတြရိွပါတယ္။ အဲဒီလို ဖိအားေပးတာမ်ိဳးေတြ မျဖစ္ေစခ်င္လို႔ အခုလို ဆႏၵေဖာ္ထုတ္ၾကတာျဖစ္ပါတယ္” ဟု တရားမဝင္ ေက်ာက္မီးေသြးတူးေဖာ္မႈျဖင့္ အမႈရင္ဆုိင္ေနရသည့္ စိန္ျခည္လင္း သတၱဳတြင္းတူးေဖာ္ေရးကုမၸဏီပိုင္ရွင္ ဦးစိန္လင္း၏ ဇနီး ေဒၚသန္းသန္းေဌးက ေျပာသည္။
မေကြးတိုင္းေဒသႀကီး မင္းဘူး၊ စကုၿမိဳ႕နယ္မ်ားတြင္ စိန္ျခည္လင္း ကုမၸဏီပိုင္ရွင္ ဦးစိန္လင္းပါ (၉)ဦးက သတၱဳတြင္းဝန္ႀကီးဌာန၏ တရားဝင္ခြင့္ျပဳခ်က္မရွိသည့္ ေနရာတြင္ ေက်ာက္မီးေသြး တူးေဖာ္ျခင္းေႀကာင့္ ၂၀၁၆ ခုႏွစ္ ဇူလုိင္လ(၁)ရက္ေန႔က ျမန္မာ့သတၱဳတြင္းဝန္ႀကီးဌာန၏ ျပင္ဆင္သည့္ ဥပေဒပုဒ္မ ၃၀(က)(၅) အရ မင္းဘူးျမိဳ႕နယ္ တရားရံုးတြင္ တရားစြဲဆိုခံထားရျခင္းျဖစ္ၿပီး ရွစ္လေက်ာ္ၾကာျမင့္ေနျခင္းမွာ မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔မွ ဖိအားေပးျခင္းျဖစ္သည္ဟုဆိုကာ ဆႏၵထုတ္ေဖာ္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ဆႏၵေဖာ္ထုတ္သူမ်ားက မင္းဘူးၿမိဳ႕ အမွတ္ (၄)ရပ္ကြက္ အဝိုင္းပတ္အနီးမွ ၿမိဳ႕နယ္တရားရံုးအထိ စီတန္းလွည့္လည္ ဆႏၵေဖာ္ထုတ္ခဲ့ၾကျခင္းျဖစ္သည္။
မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက “ေလာေလာဆယ္ မေကြးတိုင္းမွာ နာမည္ႀကီးေနတာကေတာ႔ ေရနံလက္ယက္တြင္းေတြကိစၥ၊ ေက်ာက္မီးေသြးတြင္းေတြကို နယ္က်ဴးျပီးေတာ့ တူးေဖာ္ေနတဲ့ကိစၥေတြပါ။ ကၽြန္ေတာ္တို႔အေနနဲ႔လည္း စီးပြားေရးသမားေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို တရားဥပေဒ စိုးမိုးမႈရိွေအာင္၊ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္နဲ႔ တိုင္း ေဒသႀကီးရဲ႕ အခြန္အတုပ္ေတြရေအာင္ ၾကိဳးပမ္း ေဆာင္ရြက္ေနပါတယ္္”ဟု ဒုတိယအႀကိမ္ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္၊ ဒုတိယပံုမွန္ အစည္းအေဝး ပထမေန႔တြင္ ထည္႔သြင္း ေျပာၾကားခဲ႔ၿပီးေနာက္ ေက်ာက္မီးေသြးတြင္းတူးေဖာ္ေနမႈအား ပထမဆံုးအႀကိမ္ အေရးယူ တရားစဲြဆိုမႈ ျပဳလုပ္ခဲ႔ျခင္း ျဖစ္သည္။
သတင္း/ဓာတ္ပံု - #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တရားရုံးအား ဖိအားပေးသည်ဟုဆိုကာ တရားမဝင် ကျောက်မီးသွေးတူးဖော်မှုဖြင့် တရားရုံးတွင် အမှုရင်ဆိုင်နေသူများ၏ မိသားစုများက ဦးဆောင်၍ မင်းဘူးမြို့တွင် မတ်လ (၂၁)ရက် နေ့ နံနက်(၉)နာရီအချိန်က အင်အား(၄၀၀)ကျော် ဆန္ဒဖော်ထုတ်ကြကြောင်း သိရသည်။
“အချုပ်ထဲမှာ ရှစ်လကျော်နေပါပြီ။ အမှန်တရားအတိုင်း ဖြစ်စေချင်ပါတယ်။ ဘယ်သူ့ရဲ့ဖိအားပေးမှုမှ မလိုချင်ပါဘူး။ ကျွန်မတို့မေးကြည့်တဲ့အခါမှာ တိုင်းအစိုးရကလုပ်ခိုင်းလို့ပါလို့ပြောတာတွေရှိပါတယ်။ အဲဒီလို ဖိအားပေးတာမျိုးတွေ မဖြစ်စေချင်လို့ အခုလို ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်” ဟု တရားမဝင် ကျောက်မီးသွေးတူးဖော်မှုဖြင့် အမှုရင်ဆိုင်နေရသည့် စိန်ခြည်လင်း သတ္တုတွင်းတူးဖော်ရေးကုမ္ပဏီပိုင်ရှင် ဦးစိန်လင်း၏ ဇနီး ဒေါ်သန်းသန်းဌေးက ပြောသည်။
မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုမြို့နယ်များတွင် စိန်ခြည်လင်း ကုမ္ပဏီပိုင်ရှင် ဦးစိန်လင်းပါ (၉)ဦးက သတ္တုတွင်းဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်မရှိသည့် နေရာတွင် ကျောက်မီးသွေး တူးဖော်ခြင်းကြောင့် ၂၀၁၆ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့က မြန်မာ့သတ္တုတွင်းဝန်ကြီးဌာန၏ ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃၀(က)(၅) အရ မင်းဘူးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး ရှစ်လကျော်ကြာမြင့်နခြေင်းမှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖိအားပေးခြင်းဖြစ်သည်ဟုဆိုကာ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်သူများက မင်းဘူးမြို့ အမှတ် (၄)ရပ်ကွက် အဝိုင်းပတ်အနီးမှ မြို့နယ်တရားရုံးအထိ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “လောလောဆယ် မကွေးတိုင်းမှာ နာမည်ကြီးနေတာကတော့ ရေနံလက်ယက်တွင်းတွေကိစ္စ၊ ကျောက်မီးသွေးတွင်းတွေကို နယ်ကျူးပြီးတော့ တူးဖော်နေတဲ့ကိစ္စတွေပါ။ ကျွန်တော်တို့အနေနဲ့လည်း စီးပွားရေးသမားတွေရဲ့ လုပ်ဆောင်ချက်တွေကို တရားဥပဒေ စိုးမိုးမှုရှိအောင်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ တိုင်းဒေသကြီးရဲ့ အခွန်အတုပ်တွေရအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်”ဟု ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယပုံမှန် အစည်းအဝေး ပထမနေ့တွင် ထည့်သွင်း ပြောကြားခဲ့ပြီးနောက် ကျောက်မီးသွေးတွင်းတူးဖော်နေမှုအား ပထမဆုံးအကြိမ် အရေးယူ တရားစွဲဆိုမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သတင်း/ဓာတ်ပုံ - #ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~