တာချီလိတ်တွင် အခမဲ့ ခွဲစိတ်ကုသပေးမည့် ဂျာမနီနိုင်ငံမှ ဆရာဝန်များအဖွဲ့ တာချီလိတ်သို့ ရောက်ရှိ

တာချီလိတ်တွင် အခမဲ့ ခွဲစိတ်ကုသပေးမည့် ဂျာမနီနိုင်ငံမှ ဆရာဝန်များအဖွဲ့ တာချီလိတ်သို့ ရောက်ရှိ
မတျ 4, 2017
By Tachileik News Agency
ဂျာမနီနိုင်ငံ အခြေစိုက် Interplast အဖွဲ့အစည်းနှင့် MCA(Myanmar Chef's Association)အဖွဲ့ တို့မှ ပူးပေါင်း၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ၊ နှာခေါင်းကွဲ ၊ မီးလောင်ဒဏ်ရာ ၊ အဆီအကြိတ် နှင့် ခြေပူးလက်ပူးစသည့် ဝေဒနာရှင်များကို အခမဲ့ ကုသခွဲစိတ်မှု ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်သွားရန်အတွက် ဂျာမနီနိုင်ငံမှ ဆရာများနှင့်အဖွဲ့သည် ယနေ့ မတ်လ(၄)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး(ဓမ္မသီရိဆေးရုံကြီး)တွင် မတ်လ (၆)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကုသပေးသွားမှာ ဖြစ်ကြောင်း နှင့် လက်ရှိတွင် ဆေးဝါးကုသမှု ခံရယူရန်အတွက် ရပ်နီးရပ်ဝေးမှ ဝေဒနာ ရှင်များလည်း ရောက်ရှိလာကြောင်း သိရသည်။  
တာချီလိတ်သို့ လာရောက်၍ ဆေးဝါးကုသမှုခံယူမည့် ဝေဒနာရှင်များ အတွက် တာချီလိတ်မှ လူမှုရေးအသင်း အဖွဲ့များနှင့် စေတနာရှင်များက အဆင်ပြေစေရန်  လူနာများနှင့် လူနာရှင် မိသားစုများ ရောက်ရှိလာချိန်တွင် တည်းခိုနိုင်ရန်အတွက် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်း သာသနာပြု (ဗဟို) ၀န်ထမ်းကုန်းကျောင်းတိုက်တွင် စီစဉ်ထားရှိကြောင်း နှင့် လူနာများနှင့် လူနာရှင်များအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညစာ ထမင်းဟင်းများအတွက် စီစဉ်ထားရှိသည့်အပြင် ကားအကြိုအပို့များလည်း စီစဉ်ပေးထားကြောင်း သိရှိရသည်။
ဆေးဝါးကုမှုခံယူလိုသည့် ဝေဒနာရှင်များ နှင့် သွေးလှူဒါန်းလိုသော စေတနာရှင်များအနေဖြင့် ဒေါ်သန်းသန်းဌေး ( 09445242232 ) ၊ ဒေါ်ရွှေစင်ခက် ( 0941003219 ) ၊ ဒေါ်မေဇာခြည်လင်း ( 095241807 ) ဖော်ပြပါ ဖုန်းနံပါတ်များမှတဆင့် သတ်မှတ်ကာလအတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - အုတ်လှငယ်


~~~~~~~~⊰❂ unicode ~~~~~~~~

ဂျာမနီနိုင်ငံ အခြေစိုက် Interplast အဖွဲ့အစည်းနှင့် MCA(Myanmar Chef's Association)အဖွဲ့ တို့မှ ပူးပေါင်း၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှာခေါင်းကွဲ၊ မီးလောင်ဒဏ်ရာ၊ အဆီအကြိတ် နှင့် ခြေပူးလက်ပူးစသည့်ေဝဒနာရှင်များကို အခမဲ့ ကုသခွဲစိတ်မှု ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်သွားရန်အတွက် ဂျာမနီနိုင်ငံမှ ဆရာများနှင့်အဖွဲ့သည် ယနေ့ မတ်လ(၄)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး(ဓမ္မသီရိဆေးရုံကြီး)တွင် မတ်လ (၆)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကုသပေးသွားမှာ ဖြစ်ကြောင်း နှင့် လက်ရှိတွင် ဆေးဝါးကုသမှု ခံရယူရန်အတွက် ရပ်နီးရပေ်ဝးမှေဝဒနာ ရှင်များလည်း ရောက်ရှိလာကြောင်း သိရသည်။

တာချီလိတ်သို့ လာရောက်၍ ဆေးဝါးကုသမှုခံယူမည့်ေဝဒနာရှင်များ အတွက် တာချီလိတ်မှ လူမှုရေးအသင်း အဖွဲ့များနှင့် စေတနာရှင်များက အဆင်ပြေစေရန် လူနာများနှင့် လူနာရှင် မိသားစုများ ရောက်ရှိလာချိန်တွင် တည်းခိုနိုင်ရန်အတွက် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ တောင်တန်း သာသနာပြု (ဗဟို) ဝန်ထမ်းကုန်းကျောင်းတိုက်တွင် စီစဉ်ထားရှိကြောင်း နှင့် လူနာများနှင့် လူနာရှင်များအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညစာ ထမင်းဟင်းများအတွက် စီစဉ်ထားရှိသည့်အပြင် ကားအကြိုအပို့များလည်း စီစဉ်ပေးထားကြောင်း သိရှိရသည်။

ဆေးဝါးကုမှုခံယူလိုသည့်ေဝဒနာရှင်များ နှင့် သွေးလှူဒါန်းလိုသော စေတနာရှင်များအနဖြေင့် ဒေါ်သန်းသန်းဌေး ( 09445242232 )၊ ဒေါ်ရွှေစင်ခက် ( 0941003219 )၊ ဒေါ်မေဇာခြည်လင်း ( 095241807 ) ဖော်ပြပါ ဖုန်းနံပါတ်များမှတဆင့် သတ်မှတ်ကာလအတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - အုတ်လှငယ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~