လိြဳင္ေကာ္ႏွင့္ မယ္ေဟာင္ေဆာင္ ညီအစ္မၿမိဳ႕ေတာ္အျဖစ္ လက္မွတ္ေရးထုိးပြဲ လိြဳင္ေကာ္တြင္က်င္းပ

လိြဳင္ေကာ္ႏွင့္ မယ္ေဟာင္ေဆာင္ ညီအစ္မၿမိဳ႕ေတာ္အျဖစ္ လက္မွတ္ေရးထုိးပြဲ လိြဳင္ေကာ္တြင္က်င္းပ
မတ် 9, 2017
By Tachileik News Agency
ျမန္မာႏိုင္ငံ ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ႏွင့္ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ခရိုင္၊ မယ္ေဟာင္ေဆာင္ၿမိဳ႕တို႔ အၾကား ခ်စ္ၾကည္ေရးႏိုင္ငံ ညီအစ္မၿမိဳ႕ေတာ္ (Sister Cities ) တည္ေထာင္ျခင္း လက္မွတ္ေရးထိုးပြဲ အခမ္းအနားကို မတ္လ(၉)ရက္ နံနက္ပိုင္းက လိြဳင္ေကာ္ၿမိဳ႕ ျပည္နယ္ခန္းမတြင္ က်င္းပသည္။
အဆိုပါ ႏႇစ္ႏိုင္ငံ ညီအစ္မၿမိဳ႕ေတာ္အျဖစ္ လက္မွတ္ေရးထိုးပြဲတြင္ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ခရိုင္ အစိုးရ ကိုယ္စားလွယ္မ်ားႏွင့္ ကယားျပည္နယ္ အစိုးရအဖြဲ႕တို႔ ေတြ႔ဆုံကာ လက္မွတ္ေရးထိုးျခင္း ျဖစ္သည္။ 
ညီအစ္မၿမိဳ႕ေတာ္ အျဖစ္ သတ္မွတ္ၿပီးပါက ႏွစ္ႏိုင္ငံ ခရီးသြားမ်ား အျပန္အလွန္ ဝင္ေရာက္ လည္ပတ္ ႏိုင္ေရးႏွင့္ ကုန္သြယ္မႈမ်ား အျမန္ဆုံး လုပ္ေဆာင္ႏိုင္ေရး ကိစၥရပ္မ်ားအား ေဆြးေႏြးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
ကယားျပည္နယ္တြင္ ထိုင္းနုိင္ငံႏွင့္နယ္စပ္ မယ္စဲ့နယ္စပ္ကုန္သြယ္ေရးစခန္းအား ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ (၁၇) ရက္က ဖြင့္လွစ္လုိက္ၿပီးေနာက္ အဆိုပါ နယ္စပ္ကုန္သြယ္ေရးစခန္းႏွင့္ ဆက္စပ္ေနသည့္ ထုိင္းႏုိင္ငံ မယ္ေဟာင္ေဆာင္ခရိုင္က ကုန္သြယ္ေရးလမ္း ေဖာက္လုပ္ျခင္း အပါအဝင္ ကယားျပည္နယ္ႏွင့္ ကုန္သြယ္ေရးအတြက္ လုပ္ေဆာင္လာျခင္းျဖစ္သည္။
သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ မယ်ဟောင်ဆောင်မြို့တို့ အကြား ချစ်ကြည်ရေးနိုင်ငံ ညီအစ်မမြို့တော် (Sister Cities ) တည်ထောင်ခြင်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မတ်လ(၉)ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပသည်။
အဆိုပါ နှစ်နိုင်ငံ ညီအစ်မမြို့တော်အဖြစ် လက်မှတ်ရေးထိုးပွဲတွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် အစိုးရ ကိုယ်စားလှယ်များနှင့် ကယားပြည်နယ် အစိုးရအဖွဲ့တို့ တွေ့ဆုံကာ လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။ 
ညီအစ်မမြို့တော် အဖြစ် သတ်မှတ်ပြီးပါက နှစ်နိုင်ငံ ခရီးသွားများ အပြန်အလှန် ဝင်ရောက် လည်ပတ် နိုင်ရေးနှင့် ကုန်သွယ်မှုများ အမြန်ဆုံး လုပ်ဆောင်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်တွင် ထိုင်းနိုင်ငံနှင့်နယ်စပ် မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းအား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၇) ရက်က ဖွင့်လှစ်လိုက်ပြီးနောက် အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ဆက်စပ်နေသည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်က ကုန်သွယ်ရေးလမ်း ဖောက်လုပ်ခြင်း အပါအဝင် ကယားပြည်နယ်နှင့် ကုန်သွယ်ရေးအတွက် လုပ်ဆောင်လာခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~