အသားထုတ္လုပ္မႈ လိုင္စင္တြင္ တစ္ႏွစ္အတြင္း အသား မထုတ္လုပ္ရ ရက္မ်ားအျဖစ္ (၈)ရက္သတ္မွတ္ထား

အသားထုတ္လုပ္မႈ လိုင္စင္တြင္ တစ္ႏွစ္အတြင္း အသား မထုတ္လုပ္ရ ရက္မ်ားအျဖစ္ (၈)ရက္သတ္မွတ္ထား
မတ် 20, 2017
By Tachileik News Agency
စည္ပင္သာယာေရးဌာနက သားသတ္လိုင္စင္မ်ား ထုတ္ေပးရာတြင္ သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ား အနက္ တစ္ႏွစ္အတြင္း အသား မထုတ္လုပ္ရ၊ မေရာင္းခ်ရသည့္ေန႔ (၈)ရက္ သတ္မွတ္ ေပးထားေၾကာင္း သိရသည္။
အသားထုတ္လုပ္မႈအား ျမန္မာႏွစ္သစ္ကူးေန႔ (ႏွစ္ဆန္းတစ္ရက္)၊ ကဆုန္လျပည့္ေန႔၊ ဝါဆိုလျပည့္ေန႔၊ ဝါေခါင္လျပည့္ေန႔ (ေမတၱာအခါ ေတာ္ေန႔)၊ ကမၻာ့တိရစၦာန္မ်ားေန႔( ေအာက္တိုဘာလ ၄ ရက္)၊ သီတင္းကၽြတ္လျပည့္ေန႔၊ တန္ေဆာင္မုန္း လျပည့္ေန႔ႏွင့္ တေပါင္းလျပည့္ေန႔တို႔တြင္ လုပ္ေဆာင္ျခင္း မျပဳရန္ လုပ္ငန္းစည္းကမ္းခ်က္တြင္ ထည့္သြင္း သတ္မွတ္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။
စည္ပင္သာယာနယ္နိမိတ္အတြင္း အသားထုတ္လုပ္ေရာင္းခ်မႈ က်န္းမာေရးႏွင့္ ညီညႊတ္ၿပီး စနစ္တက် ျဖစ္ေစေရးအတြက္ စည္းကမ္းခ်က္ (၆)ခ်က္ျဖင့္ အသားထုတ္လုပ္ခြင့္ကို လုိင္စင္ စိစစ္ထုတ္ေပးေနျခင္း ျဖစ္ၿပီး အဆိုပါလိုင္စင္မွာ အသားထုတ္လုပ္၍ အမ်ားျပည္သူ စားသံုးရန္ ေရာင္းခ်ရန္သာျဖစ္ျပီး အသားေျခာက္ထုတ္လုပ္ျခင္း၊ စည္သြပ္ဘူးထုတ္လုပ္ျခင္းမ်ားကို ခြင့္ျပဳထားျခင္း မဟုတ္ေၾကာင္း သိရသည္။
စည္ပင္သာယာေရးဦးစီးဌာနက အသားထုတ္လုပ္မႈ လုိင္စင္မ်ား ထုတ္ေပးေနရာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ အတြင္း ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္အတြက္ အသားထုတ္လုပ္မႈလိုင္စင္ (၂၅)ဦးကို မတ္လ (၂၀)ရက္ေန႔က ထုတ္ေပးလိုက္ၿပီး ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္က (၂၃)ဦးကို လုိင္စင္ ထုတ္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

စည်ပင်သာယာရေးဌာနက သားသတ်လိုင်စင်များ ထုတ်ပေးရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များ အနက် တစ်နှစ်အတွင်း အသား မထုတ်လုပ်ရ၊ မရောင်းချရသည့်နေ့ (၈)ရက် သတ်မှတ် ပေးထားကြောင်း သိရသည်။

အသားထုတ်လုပ်မှုအား မြန်မာနှစ်သစ်ကူးနေ့ (နှစ်ဆန်းတစ်ရက်)၊ ကဆုန်လပြည့်နေ့၊ ဝါဆိုလပြည့်နေ့၊ ဝါခေါင်လပြည့်နေ့ (မေတ္တာအခါ တော်နေ့)၊ ကမ္ဘာ့တိရစ္ဆာန်များနေ့( အောက်တိုဘာလ ၄ ရက်)၊ သီတင်းကျွတ်လပြည့်နေ့၊ တန်ဆောင်မုန်း လပြည့်နေ့နှင့် တပေါင်းလပြည့်နေ့တို့တွင် လုပ်ဆောင်ခြင်း မပြုရန် လုပ်ငန်းစည်းကမ်းချက်တွင် ထည့်သွင်း သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

စည်ပင်သာယာနယ်နိမိတ်အတွင်း အသားထုတ်လုပ်ရောင်းချမှု ကျန်းမာရေးနှင့် ညီညွှတ်ပြီး စနစ်တကျ ဖြစ်စေရေးအတွက် စည်းကမ်းချက် (၆)ချက်ဖြင့် အသားထုတ်လုပ်ခွင့်ကို လိုင်စင် စိစစ်ထုတ်ပေးနခြေင်း ဖြစ်ပြီး အဆိုပါလိုင်စင်မှာ အသားထုတ်လုပ်၍ အများပြည်သူ စားသုံးရန် ရောင်းချရန်သာဖြစ်ပြီး အသားခြောက်ထုတ်လုပ်ခြင်း၊ စည်သွပ်ဘူးထုတ်လုပ်ခြင်းများကို ခွင့်ပြုထားခြင်း မဟုတ်ကြောင်း သိရသည်။

စည်ပင်သာယာရေးဦးစီးဌာနက အသားထုတ်လုပ်မှု လိုင်စင်များ ထုတ်ပေးနေရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် အသားထုတ်လုပ်မှုလိုင်စင် (၂၅)ဦးကို မတ်လ (၂၀)ရက်နေ့က ထုတ်ပေးလိုက်ပြီး ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်က (၂၃)ဦးကို လိုင်စင် ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~