ကေလးငယ္တစ္ဦး မီးျခစ္ျဖင့္ ေဆာ့ကစားရာမွ ေနအိမ္မီးေလာင္မႈ က်ဳိင္းလပ္ၿမိဳ႕ နမ့္ဆီးအာခါရြာတြင္ ျဖစ္ပြား

ကေလးငယ္တစ္ဦး မီးျခစ္ျဖင့္ ေဆာ့ကစားရာမွ ေနအိမ္မီးေလာင္မႈ က်ဳိင္းလပ္ၿမိဳ႕ နမ့္ဆီးအာခါရြာတြင္ ျဖစ္ပြား
မတ် 19, 2017
By Tachileik News Agency
တာခ်ီလိတ္ခရိုင္ က်ဳိင္းလပ္ၿမိဳ႕၊ က်ာခမ္းေက်ာက္ ေက်းရြာအုပ္စု၊ နမ့္ဆီးအာခါ ေက်းရြာတြင္ ကေလးငယ္ တစ္ဦး မီးျခစ္ျဖင့္ ေဆာ့ကစားရာမွ ေနအိမ္မီးေလာင္မႈ ျဖစ္ပြားေၾကာင္း သိရသည္။
မတ္လ(၁၈)ရက္ေန႔ ညေန(၅)နာရီခြဲ ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ခရိုင္ က်ဳိင္းလပ္ၿမိဳ႕၊ က်ာခမ္းေက်ာက္ ေက်းရြာအုပ္စု၊ နမ့္ဆီးအာခါေက်းရြာတြင္ ဦးေဂရဲ၏ သားျဖစ္သူ အသက္(၉)ႏွစ္ရွိ ကေလးငယ္သည္ လူႀကီးမ်ား မရွိခိုက္ မီးျခစ္ျဖင့္ ေဆာ့ကစားရာမွ အုပ္ညႇပ္ပ်ဥ္ကာ သြမ္းမိုး(၂)ထပ္အမ်ဳိးအစား အိမ္တစ္လံုး မီးေလာင္မႈ ျဖစ္ပြားရာ က်ဳိင္းလပ္ၿမိဳ႕ မီးသတ္တပ္ဖြဲ႔ႏွင့္ ျပည္သူမ်ားပူးေပါင္း ၿငိႇမ္းသတ္ခဲ့ရျပီး ညေန(၆း၂၀)နာရီ ၀န္းက်င္တြင္ မီးညြန႔္ က်ိဳးသြားျခင္းေၾကာင့္ အနီးအနား ေနအိမ္သို႔ ကူးစက္ ေလာင္းကြ်မ္းမႈ မရွိေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈႏွင့္ ပတ္သက္၍ ကေလးငယ္၏ ဖခင္ျဖစ္သူ ဦးေဂရဲအား က်ဳိင္းလပ္နယ္ေျမရဲစခန္းတြင္ (ပ)၃/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ (၂၅၈)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
ဓာတ္ပံု - က်ဳိင္းလပ္ ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့၊ ကျာခမ်းကျောက် ကျေးရွာအုပ်စု၊ နမ့်ဆီးအာခါ ကျေးရွာတွင် ကလေးငယ် တစ်ဦး မီးခြစ်ဖြင့် ဆော့ကစားရာမှ နေအိမ်မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

မတ်လ(၁၈)ရက်နေ့ ညနေ(၅)နာရီခွဲ ဝန်းကျင်အချိန်က တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့၊ ကျာခမ်းကျောက် ကျေးရွာအုပ်စု၊ နမ့်ဆီးအာခါကျေးရွာတွင် ဦးဂေရဲ၏ သားဖြစ်သူ အသက်(၉)နှစ်ရှိ ကလေးငယ်သည် လူကြီးများ မရှိခိုက် မီးခြစ်ဖြင့် ဆော့ကစားရာမှ အုပ်ညှပ်ပျဉ်ကာ သွမ်းမိုး(၂)ထပ်အမျိုးအစား အိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားရာ ကျိုင်းလပ်မြို့ မီးသတ်တပ်ဖွဲ့နှင့် ပြည်သူများပူးပေါင်း ငြှိမ်းသတ်ခဲ့ရပြီး ညနေ(၆း၂၀)နာရီ ဝန်းကျင်တွင် မီးညွန့် ကျိုးသွားခြင်းကြောင့် အနီးအနား နေအိမ်သို့ ကူးစက် လောင်းကျွမ်းမှု မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးဂေရဲအား ကျိုင်းလပ်နယ်မြေရဲစခန်းတွင် (ပ)၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ (၂၅၈)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကျိုင်းလပ် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~