Update News

“ကြ်န္ေတာ့္မွာ တာဝန္ရွိလို႔ ကြ်န္ေတာ္ေနေနေပးခဲ့တာပါ။ ေဆးရံုလို႔ဆိုေပမဲ့ ကယ္လည္းကယ္၊ ကုလည္း ကုေပးခဲ့ရတာေပါ့။ ၿငိမ္းခ်မ္းေရး အျမန္ဆံုးရေစခ်င္ပါၿပီ” ေလာက္ကိုင္ျပည္သူ႔ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ျမင့္ထြန္းႏွင့္ေတြ႔ဆံုျခင္း

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေလာက္ကိုင္ၿမိဳ႕အား မတ္လ(၆)ရက္ေန႔ နံနက္(၂)နာရီခန္႔က MNDAA က ဝင္ေရာက္ တုိက္ခိုက္ရာမွ တိုက္ပြဲမ်ားျဖစ္ပြားၿပီး ေဒသခံျပည္သူမ်ား တိမ္းေရွာင္ေနရေသာ္လည္း ေလာက္ကိုင္ျပည္သူ႔ ေဆးရံုတြင္ က်န္းမာေရးဝန္ထမ္းအခ်ိဳ႕ႏွင့္အတူ ဆက္လက္ တာဝန္ထမ္းေဆာင္ေနခဲ့သည့္ ေလာက္ကုိင္ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ျမင့္ထြန္းအား မတ္လ(၃၀)ရက္ေန႔က ေတြ႔ဆံု၍ တိုက္ပြဲကာလအတြင္း ေလာက္ကိုင္ၿမိဳ႕ အေျခအေနမ်ားကို ေမးျမန္းထားျခင္းျဖစ္ပါတယ္။

TNA ။ ။ ေလာက္ကိုင္ၿမိဳ႕မွာ တုိက္ပြဲျဖစ္တဲ့ကာလအတြင္း ေဆးရံုမွာ ဆက္လက္တာဝန္ ထမ္းေဆာင္ျဖစ္တဲ့ အေျခအေနေလး ေျပာျပေပးပါလား။

Dr.AMT ။ စျဖစ္တဲ့ေန႔ကေတာ့ တိုက္ပြဲက ေတာ္ေတာ္ျပင္းထန္တယ္။ မနက္ (၁) နာရီေလာက္ကေန မနက္ (၅)နာရီေက်ာ္ (၆) နာရီေလာက္အထိ ျဖစ္ၾကတာဆိုေတာ့ တိုက္ပြဲကေတာ္ေတာ္ၾကမ္းတယ္။ ျဖစ္ၿပီးတဲ့ ေနာက္တစ္ရက္မွာေတာ့ ေဆးရံုမွာရွိတဲ့လူနာေတြလည္း ေၾကာက္လန္႔ၿပီး အကုန္ဆင္းေျပးကုန္ၾကေတာ့တာပဲ။ ေနာက္ ေဆးရံုဝန္ထမ္းေတြ ေတာ္ေတာ္မ်ားမ်ားလည္း ေၾကာက္လို႔ျပန္ကုန္ၾကတာေပါ့။ ေနာက္တစ္ရက္ က်ေတာ့ အဲဒီမွာ ႀကံခုတ္ၾကတဲ့သူေတြ (၁၈) ေယာက္ေလာက္ ေဆးရံုကိုေရာက္လာၾကတယ္။ အဲဒီအခ်ိန္မွာ ကြ်န္ေတာ္က အစည္းအေဝးသြားတက္ေနတာ။ သူတို႔ (၁၈) ေယာက္က ေဆးရံုမွာ ခဏနားခ်င္တယ္လို႔ ေျပာလာၾကတယ္။ ေဆးရံုက သူနာျပဳက ေဆးရံုကိုအဲဒီလို လာလို႔မရဘူး။ ဒါကေဆးကုသတဲ့ဌာနပါ။ ကယ္ဆယ္ေရးစခန္း မဟုတ္ဘူးေပါ့။ အဲဒီလိုျပန္ေျပာလိုက္တယ္။ အဲဒီအခ်ိန္မွာ ကြ်န္ေတာ္က ျပန္ေရာက္လာတယ္။ ကြ်န္ေတာ္နဲ႔အတူ ေလာက္ကိုင္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးလည္း ေရာက္လာတယ္။ အဲဒါနဲ႔ခရိုင္ အုပ္ခ်ဳပ္ေရးမွဴးကို တင္ျပလိုက္တယ္။ သူတို႔ (၁၈) ေယာက္က ေနစရာ၊ စားစရာ အခက္အခဲရွိေနလို႔ ဒီမွာခဏနားခြင့္ေပးလိုက္မယ္ေပါ့။ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးကလည္း ခြင့္ျပဳတာနဲ႔ ကြ်န္ေတာ္လည္း ေဆးရံုမွာရွိတဲ့ စားေသာက္စရာေတြကို ေဝေပးလိုက္တယ္။ မုန္႔ေတြေပ့ါ။ ေနာက္က်ေတာ့ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ကားေတြ စီစဥ္ေပးပါ့မယ္လို႔ ေျပာလာတယ္။ အဲဒီလိုလည္း သတင္းရသြားၾကေရာ လူေတြ ခဏေလးနဲ႔ မ်ားလာတယ္။ (၁၈) ေယာက္ကေန လူအေယာက္ (၃၀၀) ေလာက္ခဏေလးနဲ႔ ေဆးရံုကို ေရာက္လာၾကတယ္။ ကားေတြ စီစဥ္ေပးေနတယ္ဆိုတဲ့သတင္းကို သူတို႔အခ်င္းခ်င္း အခ်ိတ္အဆက္ရသြားၾကေတာ့ ေဆးရံုမွာ လူေတြက တျဖည္းျဖည္းနဲ႔ မ်ားလာေတာ့ ဒီတိုင္းဆိုရင္ေတာ့ မျဖစ္ေတာ့ဘူးဆိုၿပီး ပထမဦးဆံုး ၾကက္ေျခနီအဖြဲ႔နဲ႔ အတူ လူေတြကို စာရင္းေကာက္ယူလိုက္တယ္။ ေနာက္ပိုင္းက်ေတာ့ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးတို႔၊ ေဒသကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရ အဖြဲ႔ေတြကို တိုက္ရိုက္တင္ျပလိုက္ေတာ့ ေဒသဦးစီးဥကၠဌက ေလာေလာဆယ္ အဲဒီလူေတြ စားဖို႔ဆိုၿပီးေတာ့ ဆန္(၁၀)အိတ္ရယ္၊ တရုတ္ေငြ ယြမ္ (၂၀၀၀) ရယ္ေပးလိုက္တယ္။ အဲဒါနဲ႔ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးကေနတစ္ဆင့္ ကိုးကန္႔ၾကက္ေျခနီအဖြဲ႔ေတြ၊ ေဖာင္ေဒးရွင္းေတြနဲ႔စုၿပီးမွ ေနာက္  မထသတို႔ ဘာတို႔ပါပါတယ္။ ၿမိဳ႕နယ္ထဲက ဌာနဆိုင္ရာေတြကို အကူအညီေတာင္းခံၿပီးေတာ့ မတ္လ (၆) ရက္ေန႔ တစ္ညထဲကို လူဦးေရ(၅၀၀) ေက်ာ္ေလာက္ လားရိႈးကို ပို႔ေပးႏိုင္လိုက္တယ္။ ေဆးရံုမွာေတာ့ လူ ( ၃၀၀ ) ေလာက္ က်န္ေနတာေပ့ါ။

TNA။ ။ တိုက္ပြဲကာလမွာ ေဆးရံုက စစ္ေဘးေရွာင္ေတြကို ကူညီေပးေနခဲ့ရတာေပါ့ေနာ္။ ဒီကာလအတြင္းမွာ တျခားက ကူညီေဆာင္ရြက္ေပးေနတဲ့အေျခအေနေတြကေရာ ဘယ္လိုရိွပါသလဲ။

Dr.AMT ။ လူကလည္းသိပ္မ်ားတယ္ဆိုေတာ့ ကြ်န္ေတာ္တို႔လည္း ခ်က္ျပဳတ္မေကြ်းႏိုင္ဘူး။ ေန႔လယ္ဘက္ ေတြကို မုန္႔တို႔ အခ်ိဳရည္တို႔ေဝေပးလိုက္တယ္။ သူတို႔မွာက အိုးခြက္ပန္းကန္ေတြ ပါလာတယ္ဆိုေတာ့ ေဒသဦးစီးဌာနက ေပးတဲ့ဆန္ကို ေဝေပးလိုက္တယ္။ ၿပီးေတာ့ ငါးေသတၱာေတြဝယ္ၿပီး လူ( ၂ ) ေယာက္ကို တစ္နပ္စာ တစ္ဗူးႏႈန္းန႔ဲ ဆီတို႔ဘာတို႔ပါ ေဝေပးလိုက္တယ္။ အဲဒီအခ်ိန္မွာ ေဆးရံုမွာ လူနာလည္းမရွိေတာ့ဘူး။ ဒါနဲ႔ ေဆးရံုကို ယာယီကယ္ဆယ္ေရးစခန္းအျဖစ္ အသံုးျပဳလိုက္ေတာ့မယ္ဆိုၿပီးေတာ့ အေဆာင္(၂)ေဆာင္ ရွိတာ ျဖစ္တဲ့အတြက္ အမ်ိဳးသမီးေတြကို အေဆာင္တစ္ခု၊ အမ်ိဳးသားေတြကို အေဆာင္တစ္ခု၊ အဲဒီလိုခြဲၿပီး ထားလိုက္တယ္။ မီးစက္ရွိေပမဲ့ ည (၇)နာရီေလာက္ထိပဲ စက္ႏႈိးတယ္။ မီးအရမ္းလင္းေနရင္လည္း အႏၱရာယ္ရွိႏိုင္တယ္ေလ။ စျဖစ္တဲ့ေန႔ကေန ေနာက္ထပ္ (၃) ရက္ေလာက္ကေတာ့ အဲဒီလိုမ်ိဳးပဲ ေဆးရံုမွာလည္း လူေတြရာနဲ႔ခ်ီၿပီး ညအိပ္ က်န္ေနတယ္။ ကားေတြနဲ႔လည္း တစ္ရက္တစ္ရက္ကို လူ (၄၀၀) ထက္မနည္းဘူး ပို႔ေပးလိုက္ႏုိင္တယ္။ (၉) ရက္ေန႔ထင္တယ္ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းအဖြဲ႔ တက္လာတယ္။ အဲဒီအခ်ိန္ကစၿပီး ေတာ္ေတာ္ႀကီးကို အဆင္ေျပသြားတယ္။ ဘာလို႔လဲဆိုေတာ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းက ေခါက္ဆဲြေျခာက္ဖာေတြ အမ်ားႀကီး ပါလာတယ္။ ေပါင္မုန္႔ေတြ ေရေတြလည္း ပါလာတယ္။ ေနာက္ ကိုေဝဠဳေက်ာ္ကိုယ္တိုင္ ဒီအထိေရာက္လာတယ္ဆိုေတာ့ က်န္တဲ့ပရဟိတအသင္းေတြ ေစတနာရွင္ေတြ ေတာ္ေတာ္အားတက္သြားၾကတယ္။ ကိုေဝဠဳေက်ာ္က (၃) ရက္ေလာက္ေနသြားတယ္။ ၿပီးေတာ့ မန္ခါးနယ္ ဘက္ကေန လူ(၈၀)ေလာက္ကိုလည္း မေၾကာက္မလန္႔ သြားၿပီးဆြဲထုတ္ေပးခဲ့ေသးတယ္။ ပို႔ေပးတယ္။ အဓိကကေတာ့ ေဖါင္ေဒးရွင္းေတြ၊ ေစတနာရွင္ေတြရဲ့ကူညီမႈေတြရယ္၊ တစ္ခ်ိဳ႕ေတြရွိတယ္။ ကိုယ့္ကားနဲ႔ကိုယ္ တက္လာၿပီး လူေတြလာသယ္ေပးသြားတဲ့ ေစတနာရွင္ေတြရွိတယ္။ ေနာက္ၾကက္ေျခနီဌာနခ်ဳပ္ကလည္း ငါးေသတၱာဗူး ႏွစ္ေသာင္းရယ္၊ ရြက္ဖ်င္တဲေတြရယ္ အဲဒါေတြကူညီေပးတယ္။ ေနာက္ၿပီး ကုန္းၾကမ္းေဒသ ၊ ေလာက္ကိုင္ေဒသမွာရွိတဲ့ ဝန္ထမ္းေတြ၊ ပညာေရးဝန္ထမ္းေတြ ၊ အုပ္ခ်ဳပ္ေရးဌာနေတြက ဝန္ထမ္းေတြ အတြက္လည္း အာဏာပိုင္အဖြဲ႔အစည္းေတြရဲ့ လမ္းညႊန္မႈနဲ႔ ရိကၡာေတြကို သြားၿပီးခြဲေဝေပးခဲ့တယ္။

TNA။ ။ ေလာက္ကိုင္ျပည္သူ႔ေဆးရံုမွာ ဝန္ထမ္းဘယ္ေလာက္ရိွၿပီး တိုက္ပြဲကာလအတြင္း ဘယ္ႏွစ္ေယာက္ က်န္ခဲ့ပါသလဲ။

Dr.AMT ။ အဲဒီတိုက္ခိုက္မႈေတြမျဖစ္ခင္က ေလာက္ကိုင္ေဆးရံုမွာ ဝန္ထမ္းဦးေရ (၅၀)ေလာက္ ရွိတယ္။ စျဖစ္တဲ့အခ်ိန္ကေန (၂၃) ရက္ေန႔ေလာက္ထိကေတာ့ ကြ်န္ေတာ္အပါအဝင္ ေဆးရံုဝန္ထမ္း ( ၇ ) ေယာက္ပဲရွိတယ္။ ကြ်န္ေတာ္ရယ္၊ ဌာနခြဲစာေရးရယ္၊ အေထြေထြအလုပ္သမား (၄) ေယာက္ရယ္၊ ယာဥ္ေမာင္းတစ္ေယာက္ရယ္ စုစုေပါင္း (၇)ေယာက္ပဲရွိတယ္။  ေလာက္ကိုင္ၿမိဳ့မွာ တရုတ္ေဆးရံု ႏွစ္ခု သံုးခုေလာက္ရွိတယ္။ တရုတ္ေဆးခန္းကေတာ့ (၂၀၀) ေက်ာ္ေလာက္ ရွိတယ္။ ဒါေပမဲ့ တိုက္ပြဲျဖစ္ၿပီး ေနာက္တစ္ရက္မွာ ေဆးရံုေတြကပိတ္ၿပီး ေျပးကုန္ၾကေတာ့ အဲဒီေဆးရံု၊ ေဆးခန္းက လူနာေတြက ကြ်န္ေတာ္တို႔ေဆးရံုကို ေရာက္လာၾကတာေပါ့။ ဒါေပမဲ့ ေလာက္ကိုင္မွာလည္း စစ္ေဆးရံု ရွိတယ္။ ကြ်န္ေတာ့္ဆီ လာတဲ့ လူနာေတြက ေသနတ္မွန္တာ၊ မိုင္းထိတာ၊ လက္နက္ႀကီး အစအန မွန္တာေတြ အဲဒါေတြမ်ားတဲ့အတြက္ စစ္ေဆးရံုက ေဆးတပ္မႈးကို အကူအညီေတာင္းၿပီးေတာ့ ေဆးရံုကားနဲ႔ပဲ လူနာေတြကို ပို႔ေပးလိုက္တယ္။ ဒါေပမဲ့ စစ္ေဆးရံုကလည္း လူနာတစ္ဝက္ေလာက္ကိုပဲ လက္ခံႏိုင္တယ္။

ျဖစ္ၿပီးေနာက္တစ္ရက္မွာ လက္နက္ႀကီးထိလို႔ ေျခေထာက္ျပတ္တဲ့ႏွစ္ဦး၊ ဗိုက္ထိတဲ့တစ္ဦး၊ မ်က္လံုးထိတဲ့ တစ္ဦး အဲဒီေလးဦးကိုပို႔ေပးေတာ့ ဒဏ္ရာ ေတာ္ေတာ္ဆိုးတဲ့သူေတြကိုေတာ့ ေနျပည္ေတာ္တို႔၊ မဂၤလာဒံုတို႔ ကိုဆက္ပို႔တယ္ထင္တယ္။ ဒဏ္ရာဆိုးဝါးတဲ့လူနာေတြကို ေန႔တိုင္း စစ္ေဆးရံုကုိပို႔ေပးရတယ္။ ခ်ဳပ္တာေတြ၊ ေဆးထည့္တာေတြ ကို စစ္ေဆးရံုက လုပ္ေပးတယ္။ တခ်ိဳ႕က လက္နက္မွန္တဲ့ဒဏ္ရာေတြ ရထားတယ္။ ျမန္မာစကားကလည္း လံုးဝနားမလည္ဘူး။ လူနာေစာင့္လည္း မပါဘူး။ အဲဒီလိုလူနာေတြကိုေတာ့ စစ္ေဆးရံုကိုပို႔လို႔မရဘူး။ ျပည္သူ႔ေဆးရံုကပဲ အကုန္ကုသေပးရတယ္။ အဲဒီလူနာ စားေသာက္ဖို႔ကအစ ေဆးရံုကပဲ လုပ္ေပးရတာေပ့ါ။ တခ်ိဳ႕လည္း လက္နက္ကိုင္အဖြဲ႕ကေန ဒဏ္ရာရၿပီး လာကုတာမ်ိဳးလည္း ရိွႏုိင္ေတာ့ သတိထားရတယ္။ ျဖစ္ၿပီး ေလးငါးရက္ေလာက္မွာ ေလာက္ကိုင္ေဒသဦးစီးဥကၠဌရဲ့အိမ္ကို လာတိုက္ၾကတာျဖစ္ေသးတယ္။ အဲဒါလည္း အေတာ္ဆိုးတယ္။ RPG ေတြဘာေတြပါပါတယ္။ ေဆးရံုနဲ႔ဆို ဘာမွမေဝးဘူး။ တိုက္ပြဲကေတာ္ေတာ္ၾကာတယ္။ အဲဒီမွာလည္း ေပါင္မွာလက္နက္မွန္တဲ့ဒါဏ္ရာနဲ႔ ျမန္မာစကားမတတ္၊ လူနာေစာင့္မပါတဲ့ လူနာတစ္ေယာက္ေဆးရံုကို ေရာက္လာတယ္။ ေဆးရံုမွာပဲ လက္ခံကုေပးလိုက္တယ္။ မတ္လ ( ၂၃ ) ရက္ေန႔အထိေတာ့ ျပင္ပလူနာ အေယာက္ ( ၅၀ )ေလာက္ရွိတယ္။ ျဖစ္ၿပီးတဲ့အခ်ိန္ကစၿပီးေတာ့ ေလာက္ကိုင္က တရုတ္ေဆးရံု၊ ေဆးခန္းေတြ အကုန္ပိတ္သြားတဲ့အတြက္ စစ္ေဆးရံုရယ္၊ ျပည္သူ႔ေဆးရံုရယ္ပဲ က်န္ေတာ့တယ္။ စစ္ေဆးရံုကလည္း လံုၿခံဳေရးအေျခအေနအရ လူတိုင္းကိုေပးမဝင္ေတာ့ဘူးဆိုေတာ့ ျပည္သူ႔ ေဆးရံုကိုပဲ ရွိသမွ်လူနာေတြက လာတက္ၾကေတာ့တယ္။

ျဖစ္ၿပီးေတာ့ တစ္ပတ္ေလာက္ေနေတာ့ ျပည္သူ႔ေဆးရံုမွာရွိတဲ့ ဘုရားကုန္းေတာ္ေပၚမွာ ဗ်ဴဟာတပ္က လာထိုင္ တယ္။ တင့္ကားတပ္က သံခ်ပ္ကာကား(၂)စီးရယ္လာထိုင္ေနတာေပါ့။ (၂၃) ရက္ေန႔ ညက်ေတာ့ အဲဒီဗ်ဴဟာ ကုန္း ကိုလွမ္းထုတယ္လို႔ၾကားတာပဲ။ က်တာကေတာ့ လက္နက္ႀကီးက်ည္ေတြက ေဆးရံုနားမွာလာက်တယ္။

TNA။ ။ ဆရာနဲ႔အတူက်န္ခဲ့တဲ့ ေဆးရံုဝန္ထမ္းေတြက တာဝန္အရ က်န္ခဲ့တာလား သူတို႔သေဘာအရလား။ သူတို႔လုပ္ေဆာင္ခ်က္ကို ဆရာဘယ္လိုမွတ္ခ်က္ျပဳလိုပါသလဲ။

Dr.AMT။   ။ က်န္ေနခ့ဲတဲ႔ဝန္ထမ္းေတြက သူတို႔သေဘာနဲ႔သူတို႔ ကုသေရးမွာကူဖို႕ က်န္ေနခ့ဲတာ။ ဒီလိုပစ္ခတ္ေနတ့ဲၾကားမွာ ကၽြန္ေတာ္နဲ႕အတူက်န္ေနခ့ဲတ့ဲသူေတြကို ကၽြန္ေတာ့္အေနနဲ႕ေလးစားမိပါတယ္။

TNA။ ။လက္ရိွအေျခအေနအရ ေလာက္ကိုင္ၿမိဳ႕ ျပန္လည္ထူေထာင္ေရးလုပ္ဖို႔ အခ်ိန္ဘယ္ေလာက္ ယူရမယ္လို႔ ယူဆပါသလဲ။

Dr.AMT ။ ေလာက္ကိုင္ကို ျပန္လည္ထူေထာင္ေရးလုပ္မယ္ဆိုရင္ေတာ့ ကြ်န္ေတာ့္အထင္ တစ္လ၊ ႏွစ္လေလာက္ေတာ့ အခ်ိန္ယူရမယ္ထင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၿမိဳ့ထဲမွာလက္နက္ႀကီး ( ၁၀၇ ) ေတြ က်ထားတာလည္း မနည္းဘူးေလ။ (၂၃ ) ရက္ေန႔ မွာ ေလာက္ကိုင္ၿမိဳ့ထဲကို ေသာင္းက်န္းသူေတြက (၁၀၇) ေတြနဲ႔ ပစ္တယ္။ (၂၄ ) ရက္ေန႔ ညကအထိေတာ့ ပစ္သံခတ္သံနည္းနည္းၾကားေသးတယ္။ ေရႊဆယ္ၿမိဳ့သစ္၊ က်ဴဖန္စတဲ့ ေလာက္ကိုင္ ၿမိဳ့ရဲ့အစပ္ေတြမွာ လက္နက္ႀကီးက်ည္ဆံေတြက်တယ္။

TNA။ ။ တုိက္ပြဲျဖစ္တဲ့အခ်ိန္မွာ အားလံုးတိမ္းေရွာင္ေနေပမဲ့ ဆရာတို႔က ဘာေၾကာင့္ ဆက္ၿပီး တာဝန္ယူခဲ့တာပါလဲ။

Dr.AMT ။ ဘာေၾကာင့္ သူမ်ားေတြထြက္ေျပးတဲ့အခ်ိန္မွာ ကြ်န္ေတာ္တို႔ထြက္မေျပးခဲ့ၾကတာလဲဆိုတာက်ေတာ့ ကြ်န္ေတာ္ကေတာ့ ေဆးရံုရဲ့အႀကီးအကဲတစ္ေယာက္လည္းျဖစ္တယ္။ ၿပီးေတာ့ ကိုယ္က ဆရာဝန္ဆိုေတာ့ လူနာေတြကို ကုသေပးရမယ့္ တာဝန္ရွိတယ္။ တစ္ျခားဌာနဆိုင္ရာေတြ၊ ဝန္ထမ္းေတြက သူတို႔လုပ္ငန္းေတြကို ရပ္ထားလိုက္လို႔ရတယ္။ ေနာက္မွဆက္လုပ္မယ္ဆိုလည္းရတယ္။ ကၽြန္ေတာ္က်ေတာ့ ဆရာဝန္ျဖစ္ေနတယ္။ ၿပီးေတာ့ တိုက္ပြဲျဖစ္ေနတဲ့အခ်ိန္ဆိုေတာ့ မေတာ္တဆမႈေတြက ပံုမွန္ထက္ပိုလာႏိုင္တယ္။ လူနာ ပိုမ်ားလာမယ္။ ေနာက္ၿပီး ရွိရွိသမွ်ေဆးရံုေဆးခန္းေတြက ပိတ္ကုန္တယ္ဆိုေတာ့ ဒဏ္ရာရတဲ့လူနာေတြကို ဘယ္သူက ကုေပးမွာလဲ။ ဒါေၾကာင့္မို႔လို႔ ကြ်န္ေတာ္က ေဆးရံုမွာပဲ ဆက္ၿပီးေတာ့ တာဝန္ထမ္းေဆာင္ေပး ခဲ့တာျဖစ္ပါတယ္။ ကြ်န္ေတာ့္မွာ တာဝန္ရွိလို႔ ကြ်န္ေတာ္ေနေနေပးခဲ့တာပါ။ ေဆးရံုလို႔ ဆိုေပမဲ့ ကယ္လည္းကယ္ ကုလည္း ကုေပး ခဲ့ရတာေပါ့။  ၿငိမ္းခ်မ္းေရး အျမန္ဆံုးရေစခ်င္ပါၿပီ။

ေက်းဇူးတင္ပါတယ္။

ေတြ႔ဆံုေမးျမန္းသူ #ေနၿဖိဳးျမင့္


တိုက္ပြဲကာလအတြင္း ေလာက္ကိုင္ျပည္သူ႔ေဆးရံုတြင္ တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ ေဆးရံုအုပ္​၊ ဌာနခြဲစာ​ေရးႀကီး​၊ ယဥ္​​ေမာင္​းႏွင့္ အ​ေထြ​ေထြလုပ္​သား ၄ ဦး
~~~~~~~~⊰❂ unicode ~~~~~~~~
တိုက်ပွဲကာလအတွင်း လောက်ကိုင်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆေးရုံအုပ်​၊ ဌာနခွဲစာ​ရေးကြီး​၊ ယဉ်​​မောင်​းနှင့် အ​ထွေ​ထွေလုပ်​သား ၄ ဦး





~~~~~~~~⊰❂ unicode ~~~~~~~~

“ကျွန်တော့်မှာ တာဝန်ရှိလို့ ကျွန်တော်နေနေပေးခဲ့တာပါ။ ဆေးရုံလို့ဆိုပေမဲ့ ကယ်လည်းကယ်၊ ကုလည်း ကုပေးခဲ့ရတာပေါ့။  ငြိမ်းချမ်းရေး အမြန်ဆုံးရစေချင်ပါပြီ”
လောက်ကိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်းနှင့်တွေ့ဆုံခြင်း
************

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အား မတ်လ(၆)ရက်နေ့ နံနက်(၂)နာရီခန့်က MNDAA က ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံပြည်သူများ တိမ်းရှောင်နေရသော်လည်း လောက်ကိုင်ပြည်သူ့ ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းအချို့နှင့်အတူ ဆက်လက် တာဝန်ထမ်းဆောင်နေခဲ့သည့် လောက်ကိုင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်းအား မတ်လ(၃၀)ရက်နေ့က တွေ့ဆုံ၍ တိုက်ပွဲကာလအတွင်း လောက်ကိုင်မြို့ အခြေအနေများကို မေးမြန်းထားခြင်းဖြစ်ပါတယ်။

TNA ။ ။ လောက်ကိုင်မြို့မှာ တိုက်ပွဲဖြစ်တဲ့ကာလအတွင်း ဆေးရုံမှာ ဆက်လက်တာဝန် ထမ်းဆောင်ဖြစ်တဲ့ အခြေအနေလေး ပြောပြပေးပါလား။

Dr.AMT ။ ။ စဖြစ်တဲ့နေ့ကတော့ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ မနက် (၁) နာရီလောက်ကနေ မနက် (၅)နာရီကျော် (၆) နာရီလောက်အထိ ဖြစ်ကြတာဆိုတော့ တိုက်ပွဲကတော်တော်ကြမ်းတယ်။ ဖြစ်ပြီးတဲ့ နောက်တစ်ရက်မှာတော့ ဆေးရုံမှာရှိတဲ့လူနာတွေလည်း ကြောက်လန့်ပြီး အကုန်ဆင်းပြေးကုန်ကြတော့တာပဲ။ နောက် ဆေးရုံဝန်ထမ်းတွေ တော်တော်များများလည်း ကြောက်လို့ပြန်ကုန်ကြတာပေါ့။ နောက်တစ်ရက် ကျတော့ အဲဒီမှာ ကြံခုတ်ကြတဲ့သူတွေ (၁၈) ယောက်လောက် ဆေးရုံကိုရောက်လာကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်က အစည်းအဝေးသွားတက်နေတာ။ သူတို့ (၁၈) ယောက်က ဆေးရုံမှာ ခဏနားချင်တယ်လို့ ပြောလာကြတယ်။ ဆေးရုံက သူနာပြုက ဆေးရုံကိုအဲဒီလို လာလို့မရဘူး။ ဒါကဆေးကုသတဲ့ဌာနပါ။ ကယ်ဆယ်ရေးစခန်း မဟုတ်ဘူးပေါ့။ အဲဒီလိုပြန်ပြောလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ပြန်ရောက်လာတယ်။ ကျွန်တော်နဲ့အတူ လောက်ကိုင်ခရိုင်အုပ်ချုပ်ရေးမှူးလည်း ရောက်လာတယ်။ အဲဒါနဲ့ခရိုင် အုပ်ချုပ်ရေးမှူးကို တင်ပြလိုက်တယ်။ သူတို့ (၁၈) ယောက်က နေစရာ၊ စားစရာ အခက်အခဲရှိနေလို့ ဒီမှာခဏနားခွင့်ပေးလိုက်မယ်ပေါ့။ ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ခွင့်ပြုတာနဲ့ ကျွန်တော်လည်း ဆေးရုံမှာရှိတဲ့ စားသောက်စရာတွေကို ဝေပေးလိုက်တယ်။ မုန့်တွေပေ့ါ။ နောက်ကျတော့ ခရိုင်အုပ်ချုပ်ရေးမှူးက ကားတွေ စီစဉ်ပေးပါ့မယ်လို့ ပြောလာတယ်။ အဲဒီလိုလည်း သတင်းရသွားကြရော လူတွေ ခဏလေးနဲ့ များလာတယ်။ (၁၈) ယောက်ကနေ လူအယောက် (၃၀၀) လောက်ခဏလေးနဲ့ ဆေးရုံကို ရောက်လာကြတယ်။ ကားတွေ စီစဉ်ပေးနေတယ်ဆိုတဲ့သတင်းကို သူတို့အချင်းချင်း အချိတ်အဆက်ရသွားကြတော့ ဆေးရုံမှာ လူတွေက တဖြည်းဖြည်းနဲ့ များလာတော့ ဒီတိုင်းဆိုရင်တော့ မဖြစ်တော့ဘူးဆိုပြီး ပထမဦးဆုံး ကြက်ခြေနီအဖွဲ့နဲ့ အတူ လူတွေကို စာရင်းကောက်ယူလိုက်တယ်။ နောက်ပိုင်းကျတော့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ ဒေသကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အဖွဲ့တွေကို တိုက်ရိုက်တင်ပြလိုက်တော့ ဒေသဦးစီးဥက္ကဌက လောလောဆယ် အဲဒီလူတွေ စားဖို့ဆိုပြီးတော့ ဆန်(၁၀)အိတ်ရယ်၊ တရုတ်ငွေ ယွမ် (၂၀၀၀) ရယ်ပေးလိုက်တယ်။ အဲဒါနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် ကိုးကန့်ကြက်ခြေနီအဖွဲ့တွေ၊ ဖောင်ဒေးရှင်းတွေနဲ့စုပြီးမှ နောက်  မထသတို့ ဘာတို့ပါပါတယ်။ မြို့နယ်ထဲက ဌာနဆိုင်ရာတွေကို အကူအညီတောင်းခံပြီးတော့ မတ်လ (၆) ရက်နေ့ တစ်ညထဲကို လူဦးရေ(၅၀၀) ကျော်လောက် လားရှိုးကို ပို့ပေးနိုင်လိုက်တယ်။ ဆေးရုံမှာတော့ လူ ( ၃၀၀ ) လောက် ကျန်နေတာပေ့ါ။

TNA။ ။ တိုက်ပွဲကာလမှာ ဆေးရုံက စစ်ဘေးရှောင်တွေကို ကူညီပေးနေခဲ့ရတာပေါ့နော်။ ဒီကာလအတွင်းမှာ တခြားက ကူညီဆောင်ရွက်ပေးနေတဲ့အခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။

Dr.AMT။ ။ လူကလည်းသိပ်များတယ်ဆိုတော့ ကျွန်တော်တို့လည်း ချက်ပြုတ်မကျွေးနိုင်ဘူး။ နေ့လယ်ဘက် တွေကို မုန့်တို့ အချိုရည်တို့ဝေပေးလိုက်တယ်။ သူတို့မှာက အိုးခွက်ပန်းကန်တွေ ပါလာတယ်ဆိုတော့ ဒေသဦးစီးဌာနက ပေးတဲ့ဆန်ကို ဝေပေးလိုက်တယ်။ ပြီးတော့ ငါးသေတ္တာတွေဝယ်ပြီး လူ( ၂ ) ယောက်ကို တစ်နပ်စာ တစ်ဗူးနှုန်းနဲ့ ဆီတို့ဘာတို့ပါ ဝေပေးလိုက်တယ်။ အဲဒီအချိန်မှာ ဆေးရုံမှာ လူနာလည်းမရှိတော့ဘူး။ ဒါနဲ့ ဆေးရုံကို ယာယီကယ်ဆယ်ရေးစခန်းအဖြစ် အသုံးပြုလိုက်တော့မယ်ဆိုပြီးတော့ အဆောင်(၂)ဆောင် ရှိတာ ဖြစ်တဲ့အတွက် အမျိုးသမီးတွေကို အဆောင်တစ်ခု၊ အမျိုးသားတွေကို အဆောင်တစ်ခု၊ အဲဒီလိုခွဲပြီး ထားလိုက်တယ်။ မီးစက်ရှိပေမဲ့ ည (၇)နာရီလောက်ထိပဲ စက်နှိုးတယ်။ မီးအရမ်းလင်းနေရင်လည်း အန္တရာယ်ရှိနိုင်တယ်လေ။ စဖြစ်တဲ့နေ့ကနေ နောက်ထပ် (၃) ရက်လောက်ကတော့ အဲဒီလိုမျိုးပဲ ဆေးရုံမှာလည်း လူတွေရာနဲ့ချီပြီး ညအိပ် ကျန်နေတယ်။ ကားတွေနဲ့လည်း တစ်ရက်တစ်ရက်ကို လူ (၄၀၀) ထက်မနည်းဘူး ပို့ပေးလိုက်နိုင်တယ်။ (၉) ရက်နေ့ထင်တယ် ဝေဠုကျော်ဖောင်ဒေးရှင်းအဖွဲ့ တက်လာတယ်။ အဲဒီအချိန်ကစပြီး တော်တော်ကြီးကို အဆင်ပြေသွားတယ်။ ဘာလို့လဲဆိုတော့ ဝေဠုကျော်ဖောင်ဒေးရှင်းက ခေါက်ဆွဲခြောက်ဖာတွေ အများကြီး ပါလာတယ်။ ပေါင်မုန့်တွေ ရေတွေလည်း ပါလာတယ်။ နောက် ကိုဝေဠုကျော်ကိုယ်တိုင် ဒီအထိရောက်လာတယ်ဆိုတော့ ကျန်တဲ့ပရဟိတအသင်းတွေ စေတနာရှင်တွေ တော်တော်အားတက်သွားကြတယ်။ ကိုဝေဠုကျော်က (၃) ရက်လောက်နေသွားတယ်။ ပြီးတော့ မန်ခါးနယ် ဘက်ကနေ လူ(၈၀)လောက်ကိုလည်း မကြောက်မလန့် သွားပြီးဆွဲထုတ်ပေးခဲ့သေးတယ်။ ပို့ပေးတယ်။ အဓိကကတော့ ဖေါင်ဒေးရှင်းတွေ၊ စေတနာရှင်တွေရဲ့ကူညီမှုတွေရယ်၊ တစ်ချို့တွေရှိတယ်။ ကိုယ့်ကားနဲ့ကိုယ် တက်လာပြီး လူတွေလာသယ်ပေးသွားတဲ့ စေတနာရှင်တွေရှိတယ်။ နောက်ကြက်ခြေနီဌာနချုပ်ကလည်း ငါးသေတ္တာဗူး နှစ်သောင်းရယ်၊ ရွက်ဖျင်တဲတွေရယ် အဲဒါတွေကူညီပေးတယ်။ နောက်ပြီး ကုန်းကြမ်းဒေသ ၊ လောက်ကိုင်ဒေသမှာရှိတဲ့ ဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ ၊ အုပ်ချုပ်ရေးဌာနတွေက ဝန်ထမ်းတွေ အတွက်လည်း အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ လမ်းညွှန်မှုနဲ့ ရိက္ခာတွေကို သွားပြီးခွဲဝေပေးခဲ့တယ်။

TNA။ ။ လောက်ကိုင်ပြည်သူ့ဆေးရုံမှာ ဝန်ထမ်းဘယ်လောက်ရှိပြီး တိုက်ပွဲကာလအတွင်း ဘယ်နှစ်ယောက် ကျန်ခဲ့ပါသလဲ။

Dr.AMT။ ။ အဲဒီတိုက်ခိုက်မှုတွေမဖြစ်ခင်က လောက်ကိုင်ဆေးရုံမှာ ဝန်ထမ်းဦးရေ (၅၀)လောက် ရှိတယ်။ စဖြစ်တဲ့အချိန်ကနေ (၂၃) ရက်နေ့လောက်ထိကတော့ ကျွန်တော်အပါအဝင် ဆေးရုံဝန်ထမ်း ( ရ ) ယောက်ပဲရှိတယ်။ ကျွန်တော်ရယ်၊ ဌာနခွဲစာရေးရယ်၊ အထွေထွေအလုပ်သမား (၄) ယောက်ရယ်၊ ယာဉ်မောင်းတစ်ယောက်ရယ် စုစုပေါင်း (၇)ယောက်ပဲရှိတယ်။  လောက်ကိုင်မြို့မှာ တရုတ်ဆေးရုံ နှစ်ခု သုံးခုလောက်ရှိတယ်။ တရုတ်ဆေးခန်းကတော့ (၂၀၀) ကျော်လောက် ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်မှာ ဆေးရုံတွေကပိတ်ပြီး ပြေးကုန်ကြတော့ အဲဒီဆေးရုံ၊ ဆေးခန်းက လူနာတွေက ကျွန်တော်တို့ဆေးရုံကို ရောက်လာကြတာပေါ့။ ဒါပေမဲ့ လောက်ကိုင်မှာလည်း စစ်ဆေးရုံ ရှိတယ်။ ကျွန်တော့်ဆီ လာတဲ့ လူနာတွေက သေနတ်မှန်တာ၊ မိုင်းထိတာ၊ လက်နက်ကြီး အစအန မှန်တာတွေ အဲဒါတွေများတဲ့အတွက် စစ်ဆေးရုံက ဆေးတပ်မှုးကို အကူအညီတောင်းပြီးတော့ ဆေးရုံကားနဲ့ပဲ လူနာတွေကို ပို့ပေးလိုက်တယ်။ ဒါပေမဲ့ စစ်ဆေးရုံကလည်း လူနာတစ်ဝက်လောက်ကိုပဲ လက်ခံနိုင်တယ်။

ဖြစ်ပြီးနောက်တစ်ရက်မှာ လက်နက်ကြီးထိလို့ ခြေထောက်ပြတ်တဲ့နှစ်ဦး၊ ဗိုက်ထိတဲ့တစ်ဦး၊ မျက်လုံးထိတဲ့ တစ်ဦး အဲဒီလေးဦးကိုပို့ပေးတော့ ဒဏ်ရာ တော်တော်ဆိုးတဲ့သူတွေကိုတော့ နေပြည်တော်တို့၊ မင်္ဂလာဒုံတို့ ကိုဆက်ပို့တယ်ထင်တယ်။ ဒဏ်ရာဆိုးဝါးတဲ့လူနာတွေကို နေ့တိုင်း စစ်ဆေးရုံကိုပို့ပေးရတယ်။ ချုပ်တာတွေ၊ ဆေးထည့်တာတွေ ကို စစ်ဆေးရုံက လုပ်ပေးတယ်။ တချို့က လက်နက်မှန်တဲ့ဒဏ်ရာတွေ ရထားတယ်။ မြန်မာစကားကလည်း လုံးဝနားမလည်ဘူး။ လူနာစောင့်လည်း မပါဘူး။ အဲဒီလိုလူနာတွေကိုတော့ စစ်ဆေးရုံကိုပို့လို့မရဘူး။ ပြည်သူ့ဆေးရုံကပဲ အကုန်ကုသပေးရတယ်။ အဲဒီလူနာ စားသောက်ဖို့ကအစ ဆေးရုံကပဲ လုပ်ပေးရတာပေ့ါ။ တချို့လည်း လက်နက်ကိုင်အဖွဲ့ကနေ ဒဏ်ရာရပြီး လာကုတာမျိုးလည်း ရှိနိုင်တော့ သတိထားရတယ်။ ဖြစ်ပြီး လေးငါးရက်လောက်မှာ လောက်ကိုင်ဒေသဦးစီးဥက္ကဌရဲ့အိမ်ကို လာတိုက်ကြတာဖြစ်သေးတယ်။ အဲဒါလည်း အတော်ဆိုးတယ်။ RPG တွေဘာတွေပါပါတယ်။ ဆေးရုံနဲ့ဆို ဘာမှမဝေးဘူး။ တိုက်ပွဲကတော်တော်ကြာတယ်။ အဲဒီမှာလည်း ပေါင်မှာလက်နက်မှန်တဲ့ဒါဏ်ရာနဲ့ မြန်မာစကားမတတ်၊ လူနာစောင့်မပါတဲ့ လူနာတစ်ယောက်ဆေးရုံကို ရောက်လာတယ်။ ဆေးရုံမှာပဲ လက်ခံကုပေးလိုက်တယ်။ မတ်လ ( ၂၃ ) ရက်နေ့အထိတော့ ပြင်ပလူနာ အယောက် ( ၅၀ )လောက်ရှိတယ်။ ဖြစ်ပြီးတဲ့အချိန်ကစပြီးတော့ လောက်ကိုင်က တရုတ်ဆေးရုံ၊ ဆေးခန်းတွေ အကုန်ပိတ်သွားတဲ့အတွက် စစ်ဆေးရုံရယ်၊ ပြည်သူ့ဆေးရုံရယ်ပဲ ကျန်တော့တယ်။ စစ်ဆေးရုံကလည်း လုံခြုံရေးအခြေအနေအရ လူတိုင်းကိုပေးမဝင်တော့ဘူးဆိုတော့ ပြည်သူ့ ဆေးရုံကိုပဲ ရှိသမျှလူနာတွေက လာတက်ကြတော့တယ်။

ဖြစ်ပြီးတော့ တစ်ပတ်လောက်နေတော့ ပြည်သူ့ဆေးရုံမှာရှိတဲ့ ဘုရားကုန်းတော်ပေါ်မှာ ဗျူဟာတပ်က လာထိုင် တယ်။ တင့်ကားတပ်က သံချပ်ကာကား(၂)စီးရယ်လာထိုင်နေတာပေါ့။ (၂၃) ရက်နေ့ ညကျတော့ အဲဒီဗျူဟာ ကုန်း ကိုလှမ်းထုတယ်လို့ကြားတာပဲ။ ကျတာကတော့ လက်နက်ကြီးကျည်တွေက ဆေးရုံနားမှာလာကျတယ်။

TNA။ ။ ဆရာနဲ့အတူကျန်ခဲ့တဲ့ ဆေးရုံဝန်ထမ်းတွေက တာဝန်အရ ကျန်ခဲ့တာလား သူတို့သဘောအရလား။ သူတို့လုပ်ဆောင်ချက်ကို ဆရာဘယ်လိုမှတ်ချက်ပြုလိုပါသလဲ။

Dr.AMT။   ။ ကျန်နေခဲ့တဲ့ဝန်ထမ်းတွေက သူတို့သဘောနဲ့သူတို့ ကုသရေးမှာကူဖို့ ကျန်နေခဲ့တာ။ ဒီလိုပစ်ခတ်နေတဲ့ကြားမှာ ကျွန်တော်နဲ့အတူကျန်နေခဲ့တဲ့သူတွေကို ကျွန်တော့်အနေနဲ့လေးစားမိပါတယ်။

TNA။ ။လက်ရှိအခြေအနေအရ လောက်ကိုင်မြို့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ အချိန်ဘယ်လောက် ယူရမယ်လို့ ယူဆပါသလဲ။

Dr.AMT။ ။ လောက်ကိုင်ကို ပြန်လည်ထူထောင်ရေးလုပ်မယ်ဆိုရင်တော့ ကျွန်တော့်အထင် တစ်လ၊ နှစ်လလောက်တော့ အချိန်ယူရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့ထဲမှာလက်နက်ကြီး ( ၁၀၇ ) တွေ ကျထားတာလည်း မနည်းဘူးလေ။ (၂၃ ) ရက်နေ့ မှာ လောက်ကိုင်မြို့ထဲကို သောင်းကျန်းသူတွေက (၁၀၇) တွေနဲ့ ပစ်တယ်။ (၂၄ ) ရက်နေ့ ညကအထိတော့ ပစ်သံခတ်သံနည်းနည်းကြားသေးတယ်။ ရွှေဆယ်မြို့သစ်၊ ကျူဖန်စတဲ့ လောက်ကိုင် မြို့ရဲ့အစပ်တွေမှာ လက်နက်ကြီးကျည်ဆံတွေကျတယ်။

TNA။ ။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ အားလုံးတိမ်းရှောင်နေပေမဲ့ ဆရာတို့က ဘာကြောင့် ဆက်ပြီး တာဝန်ယူခဲ့တာပါလဲ။

Dr.AMT။ ။ ဘာကြောင့် သူများတွေထွက်ပြေးတဲ့အချိန်မှာ ကျွန်တော်တို့ထွက်မပြေးခဲ့ကြတာလဲဆိုတာကျတော့ ကျွန်တော်ကတော့ ဆေးရုံရဲ့အကြီးအကဲတစ်ယောက်လည်းဖြစ်တယ်။ ပြီးတော့ ကိုယ်က ဆရာဝန်ဆိုတော့ လူနာတွေကို ကုသပေးရမယ့် တာဝန်ရှိတယ်။ တစ်ခြားဌာနဆိုင်ရာတွေ၊ ဝန်ထမ်းတွေက သူတို့လုပ်ငန်းတွေကို ရပ်ထားလိုက်လို့ရတယ်။ နောက်မှဆက်လုပ်မယ်ဆိုလည်းရတယ်။ ကျွန်တော်ကျတော့ ဆရာဝန်ဖြစ်နေတယ်။ ပြီးတော့ တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့ မတော်တဆမှုတွေက ပုံမှန်ထက်ပိုလာနိုင်တယ်။ လူနာ ပိုများလာမယ်။ နောက်ပြီး ရှိရှိသမျှဆေးရုံဆေးခန်းတွေက ပိတ်ကုန်တယ်ဆိုတော့ ဒဏ်ရာရတဲ့လူနာတွေကို ဘယ်သူက ကုပေးမှာလဲ။ ဒါကြောင့်မို့လို့ ကျွန်တော်က ဆေးရုံမှာပဲ ဆက်ပြီးတော့ တာဝန်ထမ်းဆောင်ပေး ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်မှာ တာဝန်ရှိလို့ ကျွန်တော်နေနေပေးခဲ့တာပါ။ ဆေးရုံလို့ ဆိုပေမဲ့ ကယ်လည်းကယ် ကုလည်း ကုပေး ခဲ့ရတာပေါ့။  ငြိမ်းချမ်းရေး အမြန်ဆုံးရစေချင်ပါပြီ။

ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::