ေတာင္ႀကီးတြင္ အေသးစားလက္မႈလုပ္ငန္းမ်ား မွတ္ပံုတင္ရန္ ကြင္းဆင္းေဆာင္ရြက္မည္

ေတာင္ႀကီးတြင္ အေသးစားလက္မႈလုပ္ငန္းမ်ား မွတ္ပံုတင္ရန္ ကြင္းဆင္းေဆာင္ရြက္မည္
မတ် 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရွိ အေသးစားလက္မႈလုပ္ငန္းလိုင္စင္မ်ား မွတ္ပံုတင္နိုင္ရန္ႏွင့္ လုပ္ငန္းလိုင္စင္ သေဘာတရားမ်ား ပညာေပး ေဆြးေႏြးမႈမ်ား ျပဳလုပ္ႏုိင္ရန္ ကြင္းဆင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္နိုင္ဦးထံမွ သိရသည္။

ရပ္ကြက္မ်ားအထိ ကြင္းဆင္းေဆာင္ရြက္ရန္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန၊ စားသံုးသူေရးရာဌာန၊ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဌာနတို႔ ပူးေပါင္း လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ေတာင္ႀကီးမွာလည္း အေသးစားလုပ္ငန္းလုပ္ကိုင္ၿပီး မွတ္ပံုလာမတင္တာေတြ အမ်ားႀကီးရွိတယ္။ စားေသာက္ကုန္နဲ႔ ပတ္သက္ၿပီး မွတ္ပံု မတင္ထားဘူးဆိုရင္ ကၽြန္ေတာ္တို႔ ဌာနကိုလာၿပီး စစ္ေဆးခိုင္းၿပီးေတာ့ မွတ္ပံုတင္ခိုင္းပါတယ္။ မွတ္ပံုတင္မွဳေတြ မရွိဘူးဆိုရင္ ဥပေဒက အတည္ျဖစ္သြားၿပီဆိုေတာ့ နည္းဥပေဒထြက္ၿပီးတာနဲ႔ ဆက္လက္ေဆာင္ရြက္သြားမွာပါ။ ဒါေပမဲ့ ေလာေလာဆယ္ေတာ့ ပညာေပးတာေတြလုပ္ၿပီး ရွင္းလင္းေဆြးေႏြးသြားမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီဥပေဒက ဒီလိုရွိတယ္ဆိုတာကို လုပ္ငန္းရွင္ေတြ ေတာ္ေတာ္မ်ားမ်ား သိထားသင့္ပါတယ္” ဟု ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္နိုင္ဦးက ေျပာသည္။

အလုပ္သမား (၃) ဦးအထက္ရွိသည့္ အေသးစား စက္မႈလက္မႈလုပ္ငန္းမ်ားေနျဖင့္ မွတ္ပံုတင္ ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

“စီးပြားေရးလုပ္ငန္းလုပ္ကိုင္ေနတဲ့ ျပည္သူေတြက လုပ္ငန္းသေဘာေတြကို နားမလည္ၾကဘူး။ ဌာနအေနနဲ႕ ဥပေဒ အေၾကာင္းအရာေတြ ေဆြးေႏြးသင့္တယ္။ ျပည္သူအတြက္ အက်ဳိးအျမတ္ ရွိတာေတြကို ဌာနက လုပ္ေပးေနတာအမ်ားႀကီး ရွိပါတယ္။ ဒီႏွစ္ပိုင္းမွာေတာ့ ရွမ္းေတာင္ပိုင္းမွာပဲ ျပည္နယ္ရံုး တစ္ခုပဲဖြင့္ထားနိုင္ေသးေတာ့ ရွမ္း/အေရွ႕ နဲ႕ ရွမ္း/ေျမာက္ မရွိေသးေပမယ့္ ေဒသေတြမွာ ကြင္းဆင္ၿပီး သင္တန္းေပးျခင္း ႏွင့္ ဥပေဒ ပိုင္းဆိုင္ရာမ်ားကို ေဆြးေႏြးသြားတာေၾကာင့္ ရွမ္းျပည္မွာေနတဲ႕ ျပည္သူေတြေတာ္ေတာ္မ်ားမ်ားေတာ့ လုပ္ငန္းသေဘာတရားသိလာၾကပါၿပီ” ဟု ဦးသက္ႏုိင္ဦးက ေျပာသည္။

ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ကို ၂၀၁၅ ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့ၿပီး လုပ္ငန္းမွတ္ပံုတင္မ်ား စိစစ္ထုတ္ေပးေနေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #နိုနို

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ အသေးစားလက်မှုလုပ်ငန်းလိုင်စင်များ မှတ်ပုံတင်နိုင်ရန်နှင့် လုပ်ငန်းလိုင်စင် သဘောတရားများ ပညာပေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးထံမှ သိရသည်။

ရပ်ကွက်များအထိ ကွင်းဆင်းဆောင်ရွက်ရန် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စားသုံးသူရေးရာဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနတို့ ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“တောင်ကြီးမှာလည်း အသေးစားလုပ်ငန်းလုပ်ကိုင်ပြီး မှတ်ပုံလာမတင်တာတွေ အများကြီးရှိတယ်။ စားသောက်ကုန်နဲ့ ပတ်သက်ပြီး မှတ်ပုံ မတင်ထားဘူးဆိုရင် ကျွန်တော်တို့ ဌာနကိုလာပြီး စစ်ဆေးခိုင်းပြီးတော့ မှတ်ပုံတင်ခိုင်းပါတယ်။ မှတ်ပုံတင်မှုတွေ မရှိဘူးဆိုရင် ဥပဒေက အတည်ဖြစ်သွားပြီဆိုတော့ နည်းဥပဒေထွက်ပြီးတာနဲ့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ ပညာပေးတာတွေလုပ်ပြီး ရှင်းလင်းဆွေးနွေးသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေက ဒီလိုရှိတယ်ဆိုတာကို လုပ်ငန်းရှင်တွေ တော်တော်များများ သိထားသင့်ပါတယ်” ဟု ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက ပြောသည်။

အလုပ်သမား (၃) ဦးအထက်ရှိသည့် အသေးစား စက်မှုလက်မှုလုပ်ငန်းများနဖြေင့် မှတ်ပုံတင် လျှောက်ထားနိုင်ကြောင်း သိရသည်။

“စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်သူတွေက လုပ်ငန်းသဘောတွေကို နားမလည်ကြဘူး။ ဌာနအနေနဲ့ ဥပဒေ အကြောင်းအရာတွေ ဆွေးနွေးသင့်တယ်။ ပြည်သူအတွက် အကျိုးအမြတ် ရှိတာတွေကို ဌာနက လုပ်ပေးနေတာအများကြီး ရှိပါတယ်။ ဒီနှစ်ပိုင်းမှာတော့ ရှမ်းတောင်ပိုင်းမှာပဲ ပြည်နယ်ရုံး တစ်ခုပဲဖွင့်ထားနိုင်သေးတော့ ရှမ်း/အရှေ့ နဲ့ ရှမ်း/မြောက် မရှိသေးပေမယ့် ဒေသတွေမှာ ကွင်းဆင်ပြီး သင်တန်းပေးခြင်း နှင့် ဥပဒေ ပိုင်းဆိုင်ရာများကို ဆွေးနွေးသွားတာကြောင့် ရှမ်းပြည်မှာနေတဲ့ ပြည်သူတွေတော်တော်များများတော့ လုပ်ငန်းသဘောတရားသိလာကြပါပြီ” ဟု ဦးသက်နိုင်ဦးက ပြောသည်။

ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကို ၂၀၁၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းမှတ်ပုံတင်များ စိစစ်ထုတ်ပေးနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~