တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ အမ်ဳိးသမီးေရးရာအဖြဲ႔ႏွင့္ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းတို႔မွ ရွင္ေလာင္း အပါး(၂၀) စုေပါင္းလွည့္လွည္

တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ အမ်ဳိးသမီးေရးရာအဖြဲ႔ႏွင့္ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းတို႔မွ ရွင္ေလာင္း အပါး(၂၀) စုေပါင္းလွည့္လွည္
မတ် 9, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ အမ်ဳိးသမီးေရးရာအဖြဲ႔ႏွင့္ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းတို႔မွ ႀကီးမွဴးၿပီး ေစတနာရွင္မ်ားျဖင့္ ရွင္ေလာင္း အပါး(၂၀)အား ဆ႒မအႀကိမ္အေျမာက္ စုေပါင္းရွင္ျပဳ အလွဴေတာ္မဂၤလာပြဲအျဖစ္ မတ္လ(၉)ရက္ေန႔မွ မတ္လ(၁၀)ရက္ေန႔အထိ ျပဳလုပ္သြားမည္ျဖစ္ၿပီး ၿမိဳ႕တြင္း ရွင္ေလာင္း လွည့္လည္ျခင္း ကို မတ္လ(၉)ရက္ေန႔ ေန႔လယ္ပိုင္းက ျပဳလုပ္ခဲ့ၾကသည္။

ထိုသို႔ လွည့္လည္ရာတြင္ တာခ်ီလိတ္ခရိုင္ ၊အမ်ဳိးသမီးေရးရာအဖြဲ႔ ဥကၠဌ ေဒၚ၀င္း၀င္းသန္႔ႏွင့္ အဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕ေပၚရွိ လူမႈေရးအသင္းအဖြဲ႔မ်ား ႏွင့္ သက္ဆိုင္ရာဌာနမ်ား အပါအ၀င္ ေစတနာရွင္ အလွဴရွင္မ်ားမွ ပါ၀င္ဆင္ႏႊဲကာ လွည့္လည္ခဲ့ၾကျပီး ေရစက္သြန္းခ် အလွဴေတာ္မဂၤလာပြဲအား မတ္လ(၁၀)ရက္ေန႔ နံနက္(၁၀)နာရီခြဲမွ ေန႔လယ္(၁၂)နာရီအခ်ိန္ထိ တာခ်ီလိတ္ၿမိဳ႕ ၊ ပုန္းထြန္္ရပ္ကြက္ရွိ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္တြင္ က်င္းပျပဳလုပ္မွာ ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - #ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကြီးမှူးပြီး စေတနာရှင်များဖြင့် ရှင်လောင်း အပါး(၂၀)အား ဆဋ္ဌမအကြိမ်အမြောက် စုပေါင်းရှင်ပြု အလှူတော်မင်္ဂလာပွဲအဖြစ် မတ်လ(၉)ရက်နေ့မှ မတ်လ(၁၀)ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး မြို့တွင်း ရှင်လောင်း လှည့်လည်ခြင်း ကို မတ်လ(၉)ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ထိုသို့ လှည့်လည်ရာတွင် တာချီလိတ်ခရိုင်၊အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်နှင့် အဖွဲ့ဝင်များ၊ တာချီလိတ်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ နှင့် သက်ဆိုင်ရာဌာနများ အပါအဝင် စေတနာရှင် အလှူရှင်များမှ ပါဝင်ဆင်နွှဲကာ လှည့်လည်ခဲ့ကြပြီး ရေစက်သွန်းချ အလှူတော်မင်္ဂလာပွဲအား မတ်လ(၁၀)ရက်နေ့ နံနက်(၁၀)နာရီခွဲမှ နေ့လယ်(၁၂)နာရီအချိန်ထိ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~