မေကြးတိုင္းေဒသႀကီးတြင္ ဆယ္ႏွစ္တာကာလအတြင္း မီးေလာင္မႈ ၉၉၅ ႀကိမ္တြင္ ရိႈ႕မီး အႀကိမ္ ၁၀၀ ပါဝင္

မေကြးတိုင္းေဒသႀကီးတြင္ ဆယ္ႏွစ္တာကာလအတြင္း မီးေလာင္မႈ ၉၉၅ ႀကိမ္တြင္ ရိႈ႕မီး အႀကိမ္ ၁၀၀ ပါဝင္
မတ် 21, 2017
By Tachileik News Agency
မေကြးတိုင္းေဒသႀကီး၌ ဆယ္ႏွစ္တာကာလအတြင္း မီးေလာင္မႈအႀကိမ္ေရ (၉၉၅)ႀကိမ္ ျဖစ္ပြားသည့္ အနက္ ရိႈ႕မီးအႀကိမ္(၁၀၀)ပါဝင္ခဲ့ၿပီး မီးအာမခံထားရိွမႈ နည္းေနဆဲျဖစ္ေၾကာင္း သိရသည္။
“မိမိပိုင္ အေဆာက္အဦ ၊ ပရိေဘာဂ ၊ စက္ပစၥည္း၊ ကုန္ပစၥည္း စတဲ႔ အရင္းအႏွီးေတြကို မီးအာမခံ နဲ႔ အကာအကြယ္ ယူထားမယ္ဆိုရင္ မိမိေရာ မိမိကို မွီခိုေနသူေတြအတြက္ပါ ႀကီးမားတဲ့ ဆံုး႐ံႈးမႈေတြကို ေလ်ာ႔ပါးေစမွာ ျဖစ္ပါတယ္”ဟု မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ စီမံကိန္း ၊ ဘ႑ာေရး ႏွင္႔ စည္ပင္သာယာေရး ၀န္ႀကီး ဦးေဇာ္မင္းက ေျပာၾကားသည္။
၂၀၀၇ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္အထိ ဆယ္ႏွစ္တာ ကာလအတြင္း မီးေလာင္သည့္ အႀကိမ္ေရ (၉၉၅)ႀကိမ္ျဖစ္ပြားခဲ႔ရာ မီးေဘးသင့္ ျပည္သူ (၂၀,၁၁၆)ဦးႏွင့္ ဆံုး႐ံႈးမႈတန္ဖိုး က်ပ္သိန္းေပါင္း (၁၄,၄၃၉)ေက်ာ္ ႐ွိခဲ့ၿပီး ေသဆံုးသူ(၁၃၉)ဦး ၊ ဒဏ္ရာရသူ (၁၈၅)ဦး၊ တိရစာၦန္(၁,၀၈၆)ေကာင္ ေသဆံုးခဲ့ေၾကာင္း မေကြးတိုင္းေဒသႀကီးမီးသတ္ဦးစီးဌာနမွ သိရသည္။
“ျပည္သူေတြရဲဲ႕ အသက္အိုးအိမ္ စည္းစိမ္ေတြ ဆံုး႐ံႈးမႈနည္းေအာင္ ကာကြယ္ႏိုင္ဖို႔အတြက္ ေခတ္မီ အသံုးအေဆာင္ ပစၥည္းေတြ ႐ွိသင္႔သေလာက္ ႐ွိေနပါၿပီ။ မီးသတ္တပ္ဖြဲ႔ကိုလည္း စြမ္းရည္ျပည့္၀ေအာင္ ေလ႔က်င္႔မႈေတြျပဳလုပ္ၿပီး အလႊာေပါင္းစုံမွာ ပညာေပးတာေတြ ၊ သ႐ုပ္ျပေလ႔က်င္႔တာေတြကို ေဆာင္႐ြက္ေနပါတယ္” ဟု တိုင္းေဒသႀကီး မီးသတ္ဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးေအာင္၀င္းစိန္က ဆိုသည္။
မီးေလာင္မႈေၾကာင္႔ ဆယ္ႏွစ္တာ ကာလအတြင္း ဆံုး႐ႈံးမႈအမ်ားဆံုးျဖစ္သည့္ ၂၀၀၇ခုႏွစ္တြင္ က်ပ္သိန္းေပါင္း (၃,၈၄၆)သိန္းေက်ာ္ ၊ ၂၀၁၂ခုႏွစ္တြင္ က်ပ္သိန္း ေပါင္း(၂,၄၉၅)သိန္းေက်ာ္၊ ၂၀၁၆ ခုႏွစ္တြင္ က်ပ္သိန္းေပါင္း (၂,၇၆၆)သိန္းေက်ာ္ ရိွခဲ႔ေၾကာင္း သိရသည္။
မီးေလာင္မႈျဖစ္စဥ္မ်ားတြင္ မီးဖိုမီးေၾကာင္႔(၃၀၆)ႀကိမ္ ၊ေပါ႔ဆမီး(၄၀၈)ႀကိမ္ ၊လွ်ပ္စစ္မီး(၁၁၉)ႀကိမ္ ၊ ေတာမီး(၄၉)ႀကိမ္၊ အလိုအေလ်ာက္မီး(၁၂)ႀကိမ္၊ မိုးႀကိဳးပစ္မီး(၁)ႀကိမ္၊ ႐ိႈ႕မီး(၁၀၀)ႀကိမ္ ျဖစ္ပြားခဲ႔ၿပီး မေကြးတိုင္းေဒသႀကီးရိွ ခ႐ိုင္ (၅)ခုအနက္ မီးေလာင္မႈအမ်ားဆံုးမွာ မေကြးခ႐ိုင္၊ ပခုကၠဴခ႐ိုင္ႏွင္႔ သရက္ခရိုင္တို႔တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၌ ဆယ်နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ရေ (၉၉၅)ကြိမ် ဖြစ်ပွားသည့် အနက် ရှို့မီးအကြိမ်(၁၀၀)ပါဝင်ခဲ့ပြီး မီးအာမခံထားရှိမှု နည်းနေဆဲဖြစ်ကြောင်း သိရသည်။

“မိမိပိုင် အဆောက်အဦ၊ ပရိဘောဂ၊ စက်ပစ္စည်း၊ ကုန်ပစ္စည်း စတဲ့ အရင်းအနှီးတွေကို မီးအာမခံ နဲ့ အကာအကွယ် ယူထားမယ်ဆိုရင် မိမိရော မိမိကို မှီခိုနေသူတွေအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို လျော့ပါးစေမှာ ဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်းက ပြောကြားသည်။

၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဆယ်နှစ်တာ ကာလအတွင်း မီးလောင်သည့် အကြိမ်ရေ (၉၉၅)ကြိမ်ဖြစ်ပွားခဲ့ရာ မီးဘေးသင့် ပြည်သူ (၂၀,၁၁၆)ဦးနှင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း (၁၄,၄၃၉)ကျော် ရှိခဲ့ပြီး သေဆုံးသူ(၁၃၉)ဦး၊ ဒဏ်ရာရသူ (၁၈၅)ဦး၊ တိရစာ္ဆန်(၁,ဝ၈၆)ကောင် သေဆုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရသည်။

“ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးမှုနည်းအောင် ကာကွယ်နိုင်ဖို့အတွက် ခေတ်မီ အသုံးအဆောင် ပစ္စည်းတွေ ရှိသင့်သလောက် ရှိနေပါပြီ။ မီးသတ်တပ်ဖွဲ့ကိုလည်း စွမ်းရည်ပြည့်ဝအောင် လေ့ကျင့်မှုတွပြေုလုပ်ပြီး အလွှာပေါင်းစုံမှာ ပညာပေးတာတွေ၊ သရုပ်ပြလေ့ကျင့်တာတွေကို ဆောင်ရွက်နေပါတယ်” ဟု တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ဆိုသည်။

မီးလောင်မှုကြောင့် ဆယ်နှစ်တာ ကာလအတွင်း ဆုံးရှုံးမှုအများဆုံးဖြစ်သည့် ၂၀၀၇ခုနှစ်တွင် ကျပ်သိန်းပေါင်း (၃,၈၄၆)သိန်းကျော်၊ ၂၀၁၂ခုနှစ်တွင် ကျပ်သိန်း ပေါင်း(၂,၄၉၅)သိန်းကျော်၊ ၂၀၁၆ ခုနှစ်တွင် ကျပ်သိန်းပေါင်း (၂,၇၆၆)သိန်းကျော် ရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်များတွင် မီးဖိုမီးကြောင့်(၃၀၆)ကြိမ်၊ပေါ့ဆမီး(၄၀၈)ကြိမ်၊လျှပ်စစ်မီး(၁၁၉)ကြိမ်၊ တောမီး(၄၉)ကြိမ်၊ အလိုအလျောက်မီး(၁၂)ကြိမ်၊ မိုးကြိုးပစ်မီး(၁)ကြိမ်၊ ရှို့မီး(၁၀၀)ကြိမ် ဖြစ်ပွားခဲ့ပြီး မကွေးတိုင်းဒေသကြီးရှိ ခရိုင် (၅)ခုအနက် မီးလောင်မှုအများဆုံးမှာ မကွေးခရိုင်၊ ပခုက္ကူခရိုင်နှင့် သရက်ခရိုင်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~