က်ပ္ (၅၀၀)တန္ ထီလက္မွတ္ကို သတ္မွတ္ေစ်းႏႈန္းအတို္င္း မေရာင္းပါက တိုင္ၾကားႏိုင္

က်ပ္ (၅၀၀)တန္ ထီလက္မွတ္ကို သတ္မွတ္ေစ်းႏႈန္းအတို္င္း မေရာင္းပါက တိုင္ၾကားႏိုင္
မတ် 8, 2017
By Tachileik News Agency


က်ပ္ (၅၀၀)တန္ထီလက္မွတ္၏ သတ္မွတ္ေစ်းႏႈန္းတြင္ ေရာင္းခ်သူအတြက္ ေကာ္မရွင္ ထည့္သြင္းထားၿပီး ျဖစ္၍ ေစ်းႏႈန္းပို၍ ေရာင္းခ်သည့္ ထီအေရာင္းဆိုင္မ်ား ရိွပါက အခြန္ဦးစီးဌာနမွဴးရံုးသို႔ တုိင္ၾကားရန္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွဲန္တစ္လံုက တိုက္တြန္းလိုက္သည္။

“ထီတစ္ေစာင္ ၅၀၀ က်ပ္ မွာ ေရာင္းတဲ့သူရဲ႕ ေကာ္မရွင္ခ ပါၿပီးသားပါ။ တစ္ေစာင္ကို (၅၀၀) ထက္လည္းပို ေရာင္းခြင့္ မေပးဘူး။ စည္းမ်ဥ္း စည္းကမ္းထဲမွာလည္း ပါၿပီးသား။ ေဖာင္းပြမႈေတြ မျဖစ္ေအာင္ ျပည္သူေတြလည္း မနစ္နာေအာင္ ေရာင္းသူရဲ႕ ရသင့္ရထိုက္တာ ပါၿပီးသားပါ။ ေစ်းႀကီးလည္း မေပးရဘူး။ သတ္မွတ္ထားတဲ့ အတိုင္း ျဖစ္ေအာင္ ထိန္းခ်ဳပ္ထားတယ္။ သတ္မွတ္ေစ်းေရာင္းနိုင္ဖို႕ကို ဆုေၾကးလည္း တိုးျမႇင့္ထားတယ္။ ဝယ္ယူသူ အေနနဲ႔လည္း မနစ္နာေအာင္ ေရာင္းသူကလည္း ေန႔တြက္ စရိတ္ရေအာင္ လုပ္ထားေပးတယ္။ တစ္ေစာင္ကို (၅၀၀) ထက္ေက်ာ္လြန္ေရာင္းရင္ ဖမ္းမွာပါ”ဟု ျပည္နယ္၀န္ႀကီး ဦးစိုင္းရွဲန္တစ္လံု က ေျပာသည္။
၂၀၁၇ ခုႏွစ္ မတ္လ (၁) ရက္ေန႔က စတင္ေရာင္းခ်သည့္ က်ပ္(၅၀၀)တန္ ထီလက္မွတ္မ်ားအား တစ္ႏုိင္ငံလံုးမွ ကိုယ္စားလွယ္ (၂,၃၁၉)ဦးထံ ထီစာအုပ္ (၂,၈၈၆,၉၉၉)အုပ္၊ ထီလက္မွတ္ အေစာင္ေရေပါင္း (၃၁,၇၅၆,၉၈၉) ေစာင္ ျဖန္႔ေဝထားျခင္းျဖစ္ေၾကာင္း သိရသည္။
“ကၽြန္ေတာ္တို႔ကေတာ့ အထက္က ေျပာလာတဲ့အတိုင္း ေရာင္းခ်ေနပါတယ္။ ဆိုင္ကေန တစ္ဆင့္ ထီလွည္းန႔ဲ ျပန္ေရာင္းခ်တဲ့ သူေတြကိုလည္း ကၽြန္ေတာ္တို႔  ေသခ်ာေျပာျပ ထားပါတယ္။ ထီလက္မွတ္ အေပၚမွာ ရိုက္ႏွိပ္ထားတဲ့ တန္ဖိုးေစ်းႏႈန္း အတိုင္း ေရာင္းဖို႔ရယ္၊ စည္းကမ္းခ်က္ေတြကို စနစ္တက် လိုက္နာဖို႔ရယ္ကို ေျပာျပပါတယ္။ က်ပ္(၅၀၀) ဆိုေတာ့လည္း လူတိုင္း ၀ယ္နိုင္ၾကတာေပါ့ေနာ္။ ေရာင္းအား ကေတာ့ ပံုမွန္အတိုင္းပဲ။ အရင္ကေတာ့ အတြဲလိုက္ ၀ယ္မွရတာေလ။ အခုက တစ္ေစာင္ခ်င္းစီ ဆိုေတာ့ ျပည္သူေတြအတြက္ပို အဆင္ေျပသြားမွာပါ” ဟု ေတာင္ႀကီးၿမိဳ႕မွ ထီအေရာင္း ကုိယ္စားလွယ္ တစ္ဦးက ေျပာသည္။
ထီလက္မွတ္တန္ဖိုး အတိုင္း မေရာင္းခ်ပါက ပဋိညာဥ္ စာခ်ဳပ္ပါ အတိုင္း အမည္ပ်က္ စာရင္းထည့္သြင္း သတ္မွတ္ၿပီး လစဥ္ထီစာအုပ္၀ယ္ယူခြင့္ကို ျပန္လည္ ရုတ္သိမ္းမည့္ အျပင္ ဌာနသို႕ ေပးသြင္းထားေသာ အာမခံေငြအား နိုင္ငံေတာ္ဘ႑ာ အျဖစ္ သိမ္းယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - ႏိုႏို
~~~~~~~~⊰❂ unicode ~~~~~~~~
ကျပ် (၅၀၀)တန်ထီလက်မှတ်၏ သတ်မှတ်ဈေးနှုန်းတွင် ရောင်းချသူအတွက် ကော်မရှင် ထည့်သွင်းထားပြီး ဖြစ်၍ ဈေးနှုန်းပို၍ ရောင်းချသည့် ထီအရောင်းဆိုင်များ ရှိပါက အခွန်ဦးစီးဌာနမှူးရုံးသို့ တိုင်ကြားရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက တိုက်တွန်းလိုက်သည်။
“ထီတစ်စောင် ၅၀၀ ကျပ် မှာ ရောင်းတဲ့သူရဲ့ ကော်မရှင်ခ ပါပြီးသားပါ။ တစ်စောင်ကို (၅၀၀) ထက်လည်းပို ရောင်းခွင့် မပေးဘူး။ စည်းမျဉ်း စည်းကမ်းထဲမှာလည်း ပါပြီးသား။ ဖောင်းပွမှုတွေ မဖြစ်အောင် ပြည်သူတွေလည်း မနစ်နာအောင် ရောင်းသူရဲ့ ရသင့်ရထိုက်တာ ပါပြီးသားပါ။ ဈေးကြီးလည်း မပေးရဘူး။ သတ်မှတ်ထားတဲ့ အတိုင်း ဖြစ်အောင် ထိန်းချုပ်ထားတယ်။ သတ်မှတ်ဈေးရောင်းနိုင်ဖို့ကို ဆုကြေးလည်း တိုးမြှင့်ထားတယ်။ ဝယ်ယူသူ အနေနဲ့လည်း မနစ်နာအောင် ရောင်းသူကလည်း နေ့တွက် စရိတ်ရအောင် လုပ်ထားပေးတယ်။ တစ်စောင်ကို (၅၀၀) ထက်ကျော်လွန်ရောင်းရင် ဖမ်းမှာပါ”ဟု ပြည်နယ်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ က ပြောသည်။
၂၀၁၇ ခုနှစ် မတ်လ (၁) ရက်နေ့က စတင်ရောင်းချသည့် ကျပ်(၅၀၀)တန် ထီလက်မှတ်များအား တစ်နိုင်ငံလုံးမှ ကိုယ်စားလှယ် (၂,၃၁၉)ဦးထံ ထီစာအုပ် (၂,၈၈၆,၉၉၉)အုပ်၊ ထီလက်မှတ် အစောင်ရေပေါင်း (၃၁,၇၅၆,၉၈၉) စောင် ဖြန့်ဝေထားခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ အထက်က ပြောလာတဲ့အတိုင်း ရောင်းချနေပါတယ်။ ဆိုင်ကနေ တစ်ဆင့် ထီလှည်းနဲ့ ပြန်ရောင်းချတဲ့ သူတွေကိုလည်း ကျွန်တော်တို့ သေချာပြောပြ ထားပါတယ်။ ထီလက်မှတ် အပေါ်မှာ ရိုက်နှိပ်ထားတဲ့ တန်ဖိုးဈေးနှုန်း အတိုင်း ရောင်းဖို့ရယ်၊ စည်းကမ်းချက်တွေကို စနစ်တကျ လိုက်နာဖို့ရယ်ကို ပြောပြပါတယ်။ ကျပ်(၅၀၀) ဆိုတော့လည်း လူတိုင်း ဝယ်နိုင်ကြတာပေါ့နော်။ ရောင်းအား ကတော့ ပုံမှန်အတိုင်းပဲ။ အရင်ကတော့ အတွဲလိုက် ဝယ်မှရတာလေ။ အခုက တစ်စောင်ချင်းစီ ဆိုတော့ ပြည်သူတွေအတွက်ပို အဆင်ပြေသွားမှာပါ” ဟု တောင်ကြီးမြို့မှ ထီအရောင်း ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
ထီလက်မှတ်တန်ဖိုး အတိုင်း မရောင်းချပါက ပဋိညာဉ် စာချုပ်ပါ အတိုင်း အမည်ပျက် စာရင်းထည့်သွင်း သတ်မှတ်ပြီး လစဉ်ထီစာအုပ်ဝယ်ယူခွင့်ကို ပြန်လည် ရုတ်သိမ်းမည့် အပြင် ဌာနသို့ ပေးသွင်းထားသော အာမခံငွေအား နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~