တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာတြင္ ေရထဲ ခရုဆင္းေကာက္ရာမွ သားအဖ ႏွစ္ဦး ေရနစ္၍ ေသဆံုး

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာတြင္ ေရထဲ ခရုဆင္းေကာက္ရာမွ သားအဖ ႏွစ္ဦး ေရနစ္၍ ေသဆံုး
မတ် 14, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာ အုပ္စုရွိ ၀မ္ေကာင္း (၂)ေက်းရြာတြင္ သားအဖ ႏွစ္ဦး ေရထဲဆင္းကာ ခရုေကာက္ရာမွ သားအဖ ႏွစ္ဦးစလံုး ေရနစ္ေသဆံုးမႈ မတ္လ(၁၄)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားေၾကာင္း သိရသည္။
အဆိုပါ အခင္းျဖစ္ပြားရာ ေနရာသို႔ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔ႏွင့္ အတူ တာ၀န္ရွိသူမ်ား အပါအ၀င္ တာခ်ီလိတ္နာေရးကူညီမႈအသင္းတို႔ ေရာက္ရွိသြားၿပီး ေရနစ္ေသဆံုးသြားသည့္ အေလာင္းမ်ားအား ရွာေဖြရာတြင္ အသက္(၄၃)ႏွစ္ရွိ ဦးယာေလာက္၏ အေလာင္းအား ကနဦး ဆယ္ယူရရွိၿပီး ေသဆံုးသူ ဦးယာေလာက္၏ သားျဖစ္သူ အသက္(၆)ႏွစ္သားအရြယ္၏ အေလာင္းအား ဆက္လက္ရွာေဖြရာ ေန႔လယ္(၁)နာရီခြဲ၀န္းက်င္တြင္ ရွာေဖြေတြ႕ရွိေၾကာင္း တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ သိရသည္။
"သားအဖ ႏွစ္ေယာက္လံုးက ေရထဲမွာ ခရုဆင္းေကာက္ရင္းနဲ႔ ေရနစ္ေသဆံုးသြားတာပါ၊ ဖခင္ျဖစ္သူရဲ႕ အေလာင္းကို ပထမဆံုး ရွာေတြ႕တယ္။ ကေလးရဲ႕ အေလာင္းကိုေတာ့ ေန႔လယ္(၁)နာရီခြဲ၀န္းက်င္ေလာက္မွ ရွာေဖြေတြ႕ရွိရတာပါ။ ကေလးရဲ႕ အေလာင္းကိုေတာ့ ခက္ရာခဲဆစ္ ရွာေဖြခဲ့ရပါတယ္"ဟု တာခ်ီလိတ္နာေရး ကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက ေျပာသည္။
ေရထဲမွ ဆယ္ယူရရွိသည့္ ရုပ္အေလာင္းမ်ားအား တာခ်ီလိတ္နာေရး ကူညီမႈအသင္းမွ တာခ်ီလိတ္ခရိုင္ျပည္သူ႔ ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္းႏွင့္ သက္ဆိုင္ရာရဲတပ္ဖြဲ႔မွ စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာ အုပ်စုရှိ ဝမ်ကောင်း (၂)ကျေးရွာတွင် သားအဖ နှစ်ဦး ရေထဲဆင်းကာ ခရုကောက်ရာမှ သားအဖ နှစ်ဦးစလုံး ရေနစ်သေဆုံးမှု မတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် အတူ တာဝန်ရှိသူများ အပါအဝင် တာချီလိတ်နာရေးကူညီမှုအသင်းတို့ ရောက်ရှိသွားပြီး ရေနစ်သေဆုံးသွားသည့် အလောင်းများအား ရှာဖွေရာတွင် အသက်(၄၃)နှစ်ရှိ ဦးယာလောက်၏ အလောင်းအား ကနဦး ဆယ်ယူရရှိပြီး သေဆုံးသူ ဦးယာလောက်၏ သားဖြစ်သူ အသက်(၆)နှစ်သားအရွယ်၏ အလောင်းအား ဆက်လက်ရှာဖွေရာ နေ့လယ်(၁)နာရီခွဲဝန်းကျင်တွင် ရှာဖွေတွေ့ရှိကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။

"သားအဖ နှစ်ယောက်လုံးက ရေထဲမှာ ခရုဆင်းကောက်ရင်းနဲ့ ရေနစ်သေဆုံးသွားတာပါ၊ ဖခင်ဖြစ်သူရဲ့ အလောင်းကို ပထမဆုံး ရှာတွေ့တယ်။ ကလေးရဲ့ အလောင်းကိုတော့ နေ့လယ်(၁)နာရီခွဲဝန်းကျင်လောက်မှ ရှာဖွေတွေ့ရှိရတာပါ။ ကလေးရဲ့ အလောင်းကိုတော့ ခက်ရာခဲဆစ် ရှာဖွေခဲ့ရပါတယ်"ဟု တာချီလိတ်နာရေး ကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။

ရေထဲမှ ဆယ်ယူရရှိသည့် ရုပ်အလောင်းများအား တာချီလိတ်နာရေး ကူညီမှုအသင်းမှ တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်းနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~