တာခ်ီလိတ္တြင္ အသက္ ၈ႏွစ္အရြယ္ မိန္းကေလးအား ေသြးေဆာင္ျဖားေယာင္းသည့္ ေရသန္႔လာပို႔သူကို စစ္ေဆးေန

တာခ်ီလိတ္တြင္ အသက္ ၈ႏွစ္အရြယ္ မိန္းကေလးအား ေသြးေဆာင္ျဖားေယာင္းသည့္ ေရသန္႔လာပို႔သူကို စစ္ေဆးေန
ဖေဖော်ဝါရီ 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္တြင္ အသက္(၈)ႏွစ္အရြယ္ မိန္းကေလးငယ္ အား သားမယား အျဖစ္ ျပဳက်င့္ရန္ ႀကံစည္သည့္ အသက္(၂၂)ႏွစ္အရြယ္ အမ်ိဳးသားကို တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္၍ စစ္ေဆးေနေၾကာင္း သိရသည္။

ဇန္နဝါရီလ (၁၃)ရက္ေန႔ ညေန(၅)နာရီ ၀န္းက်င္အခ်ိန္က ေနအိမ္တြင္ ကေလးသံုးဦး ရိွေနစဥ္ ေရသန္႔ လာပို႔သူ အုိက္ဆိုင္ဆိုသူက အသက္(၈)ႏွစ္အရြယ္ ကေလးငယ္အား မုန္႔ဖိုးေငြအျဖစ္ ဘတ္(၂၀)တန္ တစ္ရြက္ေပး၍ ေသြးေဆာင္ ျဖားေယာင္းရန္ ႀကိဳးပမ္းသည္ဟု အဆိုပါ ကေလးငယ္က မိခင္ျဖစ္သူအား ျပန္လည္ေျပာၾကားသျဖင့္ မိခင္ျဖစ္သူက အမႈဖြင့္တုိင္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ အိုက္ဆိုင္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈစစ္ ရဲအုပ္ခင္ေမာင္၀င္းမွ စစ္ေဆးလွ်က္ရိွေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် အသက်(၈)နှစ်အရွယ် မိန်းကလေးငယ် အား သားမယား အဖြစ် ပြုကျင့်ရန် ကြံစည်သည့် အသက်(၂၂)နှစ်အရွယ် အမျိုးသားကို တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်၍ စစ်ဆေးနေကြောင်း သိရသည်။

ဇန်နဝါရီလ (၁၃)ရက်နေ့ ညနေ(၅)နာရီ ဝန်းကျင်အချိန်က နေအိမ်တွင် ကလေးသုံးဦး ရှိနေစဉ် ရေသန့် လာပို့သူ အိုက်ဆိုင်ဆိုသူက အသက်(၈)နှစ်အရွယ် ကလေးငယ်အား မုန့်ဖိုးငွေအဖြစ် ဘတ်(၂၀)တန် တစ်ရွက်ပေး၍ သွေးဆောင် ဖြားယောင်းရန် ကြိုးပမ်းသည်ဟု အဆိုပါ ကလေးငယ်က မိခင်ဖြစ်သူအား ပြန်လည်ပြောကြားသဖြင့် မိခင်ဖြစ်သူက အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အိုက်ဆိုင်အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုစစ် ရဲအုပ်ခင်မောင်ဝင်းမှ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~