တာချီလိတ်တွင် လက်ထိပ်နောက်ပြန်ခတ်ပြီး အသတ်ခံထားရသည့် အလောင်းတစ်လောင်း တွေ့ရှိ

တာချီလိတ်တွင် လက်ထိပ်နောက်ပြန်ခတ်ပြီး အသတ်ခံထားရသည့် အလောင်းတစ်လောင်း တွေ့ရှိ
ဇနျနဝါရီ 5, 2017
By Tachileik News Agency


တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းရွာရှိ၊ မယ်ဟုတ်ချောင်းအစပ်တွင် အမျိုးသားအလောင်းတစ်လောင်းအား တွေ့ရှိရကြောင်း သတင်းရရှိရာမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးရာမှာ မယ်ယန်းရွာ၏ အနောက်ဘက်တွင် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းနေသည့် မယ်ဟုတ်ချောင်း၏ အစပ်၌ ခန့်မှန်း အသက်(၄၀)ခန့်ရှိပြီး ရှမ်းအမျိုးသားဟု ယူဆရသည့် အမျိုးသားအလောင်းကို စစ်ဆေးရာတွင် သေဆုံးသူမှာ လက်ထိပ်နောက်ပြန်ခတ်ပြီး အညိုရောင် တီရှပ်အင်္ကျီနက်ပြာရောင်၊ ဂျင်းဘောင်းဘီအရှည် ၀တ်ဆင်ထားကာ ၎င်းသည် မှောက်လျှက် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည် လက်ထိပ်နောက်ပြန်ခတ်၍ သေဆုံးနေသည်မှာ ပုပ်ပွနေပြီး ဦးခေါင်းထိပ် ဓားခုတ်(ပြတ်ရှ)ဒဏ်ရာ(၁)ချက်၊ ဦးခေါင်းယာဘက် ချိုင့်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးနေခြင်း ဖြစ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်ချောင်းအစပ်တွင် လက်ထိပ် နောက်ပြန်ခတ်၍ သတ်ခံထားရပြီး ပုပ်ပွနေသည့် အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းအား ဇန်နဝါရီလ(၅)ရက်နေ့ နံနက်ပိုင်းက တွေ့ရှိရကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းရွာရှိ၊ မယ်ဟုတ်ချောင်းအစပ်တွင် အမျိုးသားအလောင်းတစ်လောင်းအား တွေ့ရှိရကြောင်း သတင်းရရှိရာမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးရာမှာ မယ်ယန်းရွာ၏ အနောက်ဘက်တွင် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းနေသည့် မယ်ဟုတ်ချောင်း၏ အစပ်၌ ခန့်မှန်း အသက်(၄၀)ခန့်ရှိပြီး ရှမ်းအမျိုးသားဟု ယူဆရသည့် အမျိုးသားအလောင်းကို စစ်ဆေးရာတွင် သေဆုံးသူမှာ လက်ထိပ်နောက်ပြန်ခတ်ပြီး အညိုရောင် တီရှပ်အင်္ကျီနက်ပြာရောင်၊ ဂျင်းဘောင်းဘီအရှည် ဝတ်ဆင်ထားကာ၎င်းသည် မှောက်လျှက် အနေအထားဖြင့် သေဆုံးနခြေင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည် လက်ထိပ်နောက်ပြန်ခတ်၍ သေဆုံးနေသည်မှာ ပုပ်ပွနပြေီး ဦးခေါင်းထိပ် ဓားခုတ်(ပြတ်ရှ)ဒဏ်ရာ(၁)ချက်၊ ဦးခေါင်းယာဘက် ချိုင့်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးနခြေင်း ဖြစ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် ပ(၄/၂၀၁၇)၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~