မိုင္းျဖတ္ - က်ဳိင္းတံု လမ္းေပၚတြင္ ကားႏွင့္ဆိုင္ကယ္ တိုက္မိရာမွ အမ်ဳိးသားတစ္ဦး ေသဆံုး

မိုင္းျဖတ္ - က်ဳိင္းတံု လမ္းေပၚတြင္ ကားႏွင့္ဆိုင္ကယ္ တိုက္မိရာမွ အမ်ဳိးသားတစ္ဦး ေသဆံုး
ဇန်နဝါရီ 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊  မိုင္းျဖတ္ - က်ဳိင္းတံုသြားလမ္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ေမာ္ေတာ္ကား ႏွင့္ ဆိုင္ကယ္တိုက္မိရာမွ အမ်ဳိးသားတစ္ဦး တာခ်ီလိတ္ေဆးရံုတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဇန္န၀ါရီလ(၉)ရက္ေန႔ ေန႔လယ္(၁)နာရီေက်ာ္အခ်ိန္က မိုင္းျဖတ္ - က်ဳိင္းတံုသြားလမ္း၊ ဆိုင္းေလရြာ ႏွင့္ ဆြမ္ေလာင္းေက်းရြာ အနီး မိုင္တိုင္ (၇၀၃) ႏွင့္ (၇၀၄)အၾကားတြင္ က်ဳိင္းတံုဘက္မွ လာသည့္ ေမာ္ေတာ္ကားသည္ လမ္းအေကြ႕တြင္ တစ္ဖက္မွ အရွိန္ျပင္းစြာ ေမာင္းလာေသာ ဆိုင္ကယ္အား ေတြ႕ရွိသျဖင့္ ရုတ္တရက္ ရပ္တန္႔လိုက္စဥ္ တစ္ဖက္ယာဥ္ေၾကာမွ ေမာင္းလာသည့္ ဆိုင္ကယ္သည္ လမ္းအေကြ႕အဆင္း၌ အရွိန္မထိန္းႏုိင္ဘဲ အဆိုပါ ေမာ္ေတာ္ကား၏ ေလကာမွန္ ႏွင့္ ကားဦးေခါင္းပိုင္းအား ၀င္ေရာက္ တိုက္မိရာမွ ဆိုင္ကယ္ေမာင္းသူမွာ တာခ်ီလိတ္ေဆးရံုအေရာက္တြင္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း မိုင္းျဖတ္ရဲစခန္းမွ သိရသည္။

ေသဆံုးသြားသူမွာ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္တြင္ ေနထိုင္သူ အသက္ (၃၈)ႏွစ္ရွိ စိုးေအာင္ျဖစ္ၿပီး ၎သည္ ယာဖက္နားရြက္ ပြန္းပဲ့ဒဏ္ရာ(၁)ခ်က္ရရွိၿပီး အျခားျပင္ပဒဏ္ရာမရွိဘဲ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း ႏွင့္ ဆိုင္ကယ္အေနာက္တြင္ လိုက္ပါလာသူမွာ မစိုးရိမ္ရသည့္ ဒဏ္ရာသာရရွိေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ေမာ္ေတာ္ဆိုင္ကယ္မဆင္မျခင္ေမာင္းႏွင္သူ စိုးေအာင္(ေသဆံုး)ႏွင့္ ေမာ္ေတာ္ကားေမာင္းႏွင္သူ စိုင္းေက်ာက္တို႔ (၂)ဦးအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ-၂၇၉/၃၃၇/၃၀၄-ကျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - ကိုသာ
ဓာတ္ပံု - မုိင္းျဖတ္ျပန္ဆက္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ် - ကျိုင်းတုံသွားလမ်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မော်တော်ကား နှင့် ဆိုင်ကယ်တိုက်မိရာမှ အမျိုးသားတစ်ဦး တာချီလိတ်ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၉)ရက်နေ့ နေ့လယ်(၁)နာရီကျော်အချိန်က မိုင်းဖြတ် - ကျိုင်းတုံသွားလမ်း၊ ဆိုင်းလေရွာ နှင့် ဆွမ်လောင်းကျေးရွာ အနီး မိုင်တိုင် (၇၀၃) နှင့် (၇၀၄)အကြားတွင် ကျိုင်းတုံဘက်မှ လာသည့် မော်တော်ကားသည် လမ်းအကွေ့တွင် တစ်ဖက်မှ အရှိန်ပြင်းစွာ မောင်းလာသော ဆိုင်ကယ်အား တွေ့ရှိသဖြင့် ရုတ်တရက် ရပ်တန့်လိုက်စဉ် တစ်ဖက်ယာဉ်ကြောမှ မောင်းလာသည့် ဆိုင်ကယ်သည် လမ်းအကွေ့အဆင်း၌ အရှိန်မထိန်းနိုင်ဘဲ အဆိုပါ မော်တော်ကား၏ လေကာမှန် နှင့် ကားဦးခေါင်းပိုင်းအား ဝင်ရောက် တိုက်မိရာမှ ဆိုင်ကယ်မောင်းသူမှာ တာချီလိတ်ဆေးရုံအရောက်တွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း မိုင်းဖြတ်ရဲစခန်းမှ သိရသည်။

သေဆုံးသွားသူမှာ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် နေထိုင်သူ အသက် (၃၈)နှစ်ရှိ စိုးအောင်ဖြစ်ပြီး၎င်းသည် ယာဖက်နားရွက် ပွန်းပဲ့ဒဏ်ရာ(၁)ချက်ရရှိပြီး အခြားပြင်ပဒဏ်ရာမရှိဘဲ သေဆုံးသွားခြင်း ဖြစ်ကြောင်း နှင့် ဆိုင်ကယ်အနောက်တွင် လိုက်ပါလာသူမှာ မစိုးရိမ်ရသည့် ဒဏ်ရာသာရရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မော်တော်ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ စိုးအောင်(သေဆုံး)နှင့် မော်တော်ကားမောင်းနှင်သူ စိုင်းကျောက်တို့ (၂)ဦးအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၃၇/၃၀၄-ကဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - ကိုသာ
ဓာတ်ပုံ - မိုင်းဖြတ်ပြန်ဆက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~