တာခ်ီလိတ္ၿမိဳ႕တြင္ ဆက္သြယ္ေရးပုဒ္မ ၆၆(ဃ) ျဖင့္ ပထမဆံုး အမႈဖြင့္

တာခ်ီလိတ္ၿမိဳ႕တြင္ ဆက္သြယ္ေရးပုဒ္မ ၆၆(ဃ) ျဖင့္ ပထမဆံုး အမႈဖြင့္
ဒီဇင်ဘာ 2, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ဆက္သြယ္ေရးကြန္ရက္ကိုအသံုးျပဳကာ ေဖ့ဘုတ္ေပၚတြင္ေရးသားေနသည့္ "တာခ်ီလိတ္ၿမိဳ႕ သတင္းရပ္ကြက္"အား အေရးယူေပးႏိုင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ဆက္သြယ္ေရးဥပေဒ ၆၆(ဃ)ျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

"တာခ်ီလိတ္ၿမိဳ႕ သတင္းရပ္ကြက္" ေဖ့ဘုတ္စာမ်က္ႏွာတြင္ ၂၀၁၆ခုႏွစ္ ေအာက္တိုဘာလ(၈)ရက္ေန႔က "တာခ်ီလိတ္ၿမိဳ႕ စိုေျပ သြားအထူးကုေဆးခန္းက ၎ေဆးခန္းရွိ ၀န္ထမ္းမ်ားကို မတရားေျပာဆို ဆက္ဆံေဆာင္ရြက္ေနျခင္း၊ ဆရာ၀န္လုပ္ထံုးလုပ္နည္းမ်ားႏွင့္ ကိုက္ညီမႈမရွိျခင္းမွာ ရည္ညႊန္းဥပေဒမ်ားႏွင့္ ကိုက္ညီမႈမရွိသည့္အတြက္ တာ၀န္ရွိသူမ်ား ေျဖရွင္းေဆာင္ရြက္ေပးႏိုင္ရန္ ကနဦး ေပးပို႔တင္ျပအပ္သည္"ဟု ေရးသားေဖာ္ျပထားသည့္အတြက္ အမ်ားျပည္သူမ်ား အထင္အျမင္လြဲမွားေအာင္ အသေရပ်က္ေစမႈႏွင့္ ဂုဏ္သိကၡာကို ပ်က္ျပားေအာင္ ေရးသားေစမႈျဖင့္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) အမႈဖြင့္ လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕ သတင္းရပ္ကြက္ ေဖ့ဘုတ္စာမ်က္ႏွာ၏ အက္မင္အဖြဲ႔အား စိစစ္ေဖာ္ထုတ္အေရးယူ ေဆာင္ရြက္ေပးႏိုင္ရန္အတြက္ စိုေျပ သြားအထူးကုေဆးခန္းမွ ေဒါက္တာေဇာ္၀င္း(ခ)တင္ေအာင္ရင္မွ တရားလိုျပဳလုပ္ၿပီး တိုင္တန္းရာ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက (ပ)၂၆၆/၂၀၁၆၊ ၂၀၁၃ခုႏွစ္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ ႏို၀င္ဘာလ(၃၀)ရက္ေန႔က အမႈဖြင့္ေပးလိုက္ၿပီး သက္ဆိုင္ရာရဲတပ္ဖြဲ႔မွ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

ဆက္သြယ္ေရးပုဒ္မ ၆၆(ဃ)တြင္ ဆက္သြယ္ေရးကြန္ရက္တစ္ခုခုကို အသံုးျပဳ၍ ပုဂၢိဳလ္တစ္ဦးဦးအား ေျခာက္လွန္႔ေတာင္းယူျခင္း၊ အႏိုင္အထက္ျပဳျခင္း၊ မတရားတားဆီးကန္႔ကြက္ျခင္း၊ အသေရဖ်က္ျခင္း၊ ေႏွာက္ယွက္ျခင္း၊ မေလ်ာ္ၾသဇာသံုးျခင္း သို႔မဟုတ္ ၿခိမ္းေျခာက္ျခင္းတို႔ႏွင့္ ပတ္သက္၍ က်ဴးလြန္ေၾကာင္းျပစ္မႈထင္ရွား စီရင္ျခင္း ခံရလွ်င္ သံုးႏွစ္ထက္မပုိေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုကာ ဖေ့ဘုတ်ပေါ်တွင်ရေးသားနေသည့် "တာချီလိတ်မြို့ သတင်းရပ်ကွက်"အား အရေးယူပေးနိုင်ရန်အတွက် တာချီလိတ်မြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"တာချီလိတ်မြို့ သတင်းရပ်ကွက်" ဖေ့ဘုတ်စာမျက်နှာတွင် ၂၀၁၆ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့က "တာချီလိတ်မြို့ စိုပြေ သွားအထူးကုဆေးခန်းက၎င်းဆေးခန်းရှိ ဝန်ထမ်းများကို မတရားပြောဆို ဆက်ဆံဆောင်ရွက်နခြေင်း၊ ဆရာဝန်လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိခြင်းမှာ ရည်ညွှန်းဥပဒေများနှင့် ကိုက်ညီမှုမရှိသည့်အတွက် တာဝန်ရှိသူများ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ကနဦး ပေးပို့တင်ပြအပ်သည်"ဟု ရေးသားဖော်ပြထားသည့်အတွက် အများပြည်သူများ အထင်အမြင်လွဲမှားအောင် အသရေပျက်စေမှုနှင့် ဂုဏ်သိက္ခါကို ပျက်ပြားအောင် ရေးသားစေမှုဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အမှုဖွင့် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့ သတင်းရပ်ကွက် ဖေ့ဘုတ်စာမျက်နှာ၏ အက်မင်အဖွဲ့အား စိစစ်ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးနိုင်ရန်အတွက် စိုပြေ သွားအထူးကုဆေးခန်းမှ ဒေါက်တာဇော်ဝင်း(ခ)တင်အောင်ရင်မှ တရားလိုပြုလုပ်ပြီး တိုင်တန်းရာ တာချီလိတ်မြို့မရဲစခန်းက (ပ)၂၆၆/၂၀၁၆၊ ၂၀၁၃ခုနှစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် နိုဝင်ဘာလ(၃၀)ရက်နေ့က အမှုဖွင့်ပေးလိုက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့နှင့် ပတ်သက်၍ ကျူးလွန်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~