ရိုးရာရုပ္ေသးပညာထိန္းသိမ္းရန္ ေခတ္သစ္ႏွင့္ ေရွးေဟာင္းယဥ္ေက်းမႈ ေပါင္းစပ္ရန္လို

ရိုးရာရုပ္ေသးပညာထိန္းသိမ္းရန္ ေခတ္သစ္ႏွင့္ ေရွးေဟာင္းယဥ္ေက်းမႈ ေပါင္းစပ္ရန္လို
နိုဝင်ဘာ 24, 2016
By Tachileik News Agency

ရိုးရာရုပ္ေသးအကမ်ားကို စိတ္၀င္စားမႈ အလြန္နည္းပါလာေနသည့္အတြက္ ေခတ္သစ္ႏွင့္ ေရွးေဟာင္းရိုးရာ ေပါင္းစပ္မႈျပဳႏုိင္မွသာ လူငယ္မ်ား၏ စိတ္၀င္စားမႈ ျပန္လည္ရရွိႏိုင္မည္ျဖစ္ေၾကာင္း ရုပ္ေသးပညာရွင္ ေဒၚမမႏိုင္က အႀကံျပဳလိုက္သည္။

“လူငယ္ေတြမွ မဟုတ္ဘူး။ လူႀကီးေတြလည္း စိတ္၀င္စားမႈနည္းတယ္။ အခုဆို ညလံုးေပါက္ကျပတဲ့ ရုပ္ေသးပြဲေတြ မရွိေတာ့ဘူး။ ဒါေၾကာင့္ ေရွးရိုးသမားစဥ္နဲ႔ ေခတ္သစ္ ေပါင္းစပ္ကျပႏိုင္ရင္ လူေတြရဲ႕ စိတ္၀င္စားမႈျပန္ရႏိုင္မယ္။ ရန္ကုန္နဲ႔မႏၱေလးက ရုပ္ေသးပညာရွင္ေတြ ေဆြးေႏြးတုန္းကလည္း သူတို႔ေတြ လက္ခံပါတယ္”ဟု ေဒၚမမႏိုင္က ေျပာသည္။

ေခတ္သစ္ရုပ္ေသးကျပျခင္းကို ဂ်ာမနီႏိုင္ငံမွ ရုပ္ေသးပညာရွင္မ်ားက ျမန္မာႏိုင္ငံရွိ ရုပ္ေသး၀ါသနာရွင္ လူငယ္သင္တန္းသား (၁၅) ဦးအား သံုးရက္တာ သင္ၾကားေပးထားေၾကာင္း သိရသည္။

“ကၽြန္မတို႔ဆီမွာေတာ့ ပတ္၀န္းက်င္မွာရွိတဲ့ ပစၥည္းေတြကို အသံုးျပဳ ကျပၾကတာပါ။ လြန္ခဲ့တဲ့ ၁၅ ႏွစ္ ေလာက္က ကၽြန္မတို႔ဆီမွာလည္း ရုပ္ေသးကိုဘယ္သူမွ စိတ္မ၀င္စားေတာ့တဲ့အထိ အခက္အခဲေတြ ရင္ဆိုင္ ရပါတယ္။ ဒါေၾကာင့္ ကၽြန္မတို႔လည္း ေခတ္သစ္တီထြင္ကျပခဲ့ၾကပါတယ္။ အစိုးရကလည္း ေထာက္ပံ့ေပးပါတယ္”ဟု ဂ်ာမနီမွ ေမာ္ဒန္ရုပ္ေသးပညာရွင္ မစ္အန္နာက ဆိုသည္။

လက္ရွိအခ်ိန္တြင္္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ယဥ္ေက်းမႈအႏုပညာအား ေျမေတာင္ေျမႇာက္ေပးႏိုင္ျခင္း မရိွေသးေသာ္လည္း တစ္ခ်ိန္တြင္ကူညီမႈမ်ားေပးႏိုင္ရန္ ေမွ်ာ္လင့္ေၾကာင္း ေဒၚမမႏိုင္က ေျပာသည္။

“ဆန္းသစ္တီထြင္တယ္ဆိုေပမဲ့ သူတို႕လို လူနဲ႔ကျပတာေတာ့မဟုတ္ပါဘူး။ ရုပ္ေသးအရုပ္ေတြနဲ႔ပဲ ဆန္းသစ္တီထြင္တာမ်ိဳးပါ။ ခုေခတ္ကေလးေတြက ရုပ္ေသးဆိုတာ ဘာလဲမသိဘူး။ အျမင့္သဘင္ဆိုတာ ဘာကိုေခၚတယ္ဆိုတာလဲ မသိဘူး။ ဒါေၾကာင့္ေက်ာင္းသင္ခန္းစာမွာ ရုပ္ေသးအေၾကာင္းထည့္သြင္း သင္ၾကားေပးႏိုင္ရင္ ေကာင္းပါတယ္။”ဟု ေဒၚမမႏုိင္က ေျပာသည္။

လက္ရွိအခ်ိန္တြင္ အစိုးရေက်ာင္း၊ ပုဂၢလိကေက်ာင္းမ်ားသို႔ သြားေရာက္ၿပီး ျမန္မာရုပ္ေသးျဖင့္ ပညာေပးဇာတ္လမ္းမ်ား ကျပျခင္းမ်ားလည္းျပဳလုပ္ေနျပီး ရုပ္ေသးကျပေပးရန္ဖိတ္ေခၚႏိုင္ေၾကာင္းလည္း သိရသည္။

သတင္း - ေရႊေဇာ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရိုးရာရုပ်သေးအကများကို စိတ်ဝင်စားမှု အလွန်နည်းပါလာနေသည့်အတွက် ခေတ်သစ်နှင့် ရှေးဟောင်းရိုးရာ ပေါင်းစပ်မှုပြုနိုင်မှသာ လူငယ်များ၏ စိတ်ဝင်စားမှု ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း ရုပ်သေးပညာရှင် ဒေါ်မမနိုင်က အကြံပြုလိုက်သည်။

“လူငယ်တွေမှ မဟုတ်ဘူး။ လူကြီးတွေလည်း စိတ်ဝင်စားမှုနည်းတယ်။ အခုဆို ညလုံးပေါက်ကပြတဲ့ ရုပ်သေးပွဲတွေ မရှိတော့ဘူး။ ဒါကြောင့် ရှေးရိုးသမားစဉ်နဲ့ ခေတ်သစ် ပေါင်းစပ်ကပြနိုင်ရင် လူတွေရဲ့ စိတ်ဝင်စားမှုပြန်ရနိုင်မယ်။ ရန်ကုန်နဲ့မန္တလေးက ရုပ်သေးပညာရှင်တွေ ဆွေးနွေးတုန်းကလည်း သူတို့တွေ လက်ခံပါတယ်”ဟု ဒေါ်မမနိုင်က ပြောသည်။

ခေတ်သစ်ရုပ်သေးကပြခြင်းကို ဂျာမနီနိုင်ငံမှ ရုပ်သေးပညာရှင်များက မြန်မာနိုင်ငံရှိ ရုပ်သေးဝါသနာရှင် လူငယ်သင်တန်းသား (၁၅) ဦးအား သုံးရက်တာ သင်ကြားပေးထားကြောင်း သိရသည်။

“ကျွန်မတို့ဆီမှာတော့ ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းတွေကို အသုံးပြု ကပြကြတာပါ။ လွန်ခဲ့တဲ့ ၁၅ နှစ် လောက်က ကျွန်မတို့ဆီမှာလည်း ရုပ်သေးကိုဘယ်သူမှ စိတ်မဝင်စားတော့တဲ့အထိ အခက်အခဲတွေ ရင်ဆိုင် ရပါတယ်။ ဒါကြောင့် ကျွန်မတို့လည်း ခေတ်သစ်တီထွင်ကပြခဲ့ကြပါတယ်။ အစိုးရကလည်း ထောက်ပံ့ပေးပါတယ်”ဟု ဂျာမနီမှ မော်ဒန်ရုပ်သေးပညာရှင် မစ်အန်နာက ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနဖြေင့် ယဉ်ကျေးမှုအနုပညာအား မြေတောင်မြှောက်ပေးနိုင်ခြင်း မရှိသေးသော်လည်း တစ်ချိန်တွင်ကူညီမှုများပေးနိုင်ရန် မျှော်လင့်ကြောင်း ဒေါ်မမနိုင်က ပြောသည်။

“ဆန်းသစ်တီထွင်တယ်ဆိုပေမဲ့ သူတို့လို လူနဲ့ကပြတာတော့မဟုတ်ပါဘူး။ ရုပ်သေးအရုပ်တွေနဲ့ပဲ ဆန်းသစ်တီထွင်တာမျိုးပါ။ ခုခေတ်ကလေးတွေက ရုပ်သေးဆိုတာ ဘာလဲမသိဘူး။ အမြင့်သဘင်ဆိုတာ ဘာကိုခေါ်တယ်ဆိုတာလဲ မသိဘူး။ ဒါကြောင့်ကျောင်းသင်ခန်းစာမှာ ရုပ်သေးအကြောင်းထည့်သွင်း သင်ကြားပေးနိုင်ရင် ကောင်းပါတယ်။”ဟု ဒေါ်မမနိုင်က ပြောသည်။

လက်ရှိအချိန်တွင် အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းများသို့ သွားရောက်ပြီး မြန်မာရုပ်သေးဖြင့် ပညာပေးဇာတ်လမ်းများ ကပြခြင်းများလည်းပြုလုပ်နပြေီး ရုပ်သေးကပြပေးရန်ဖိတ်ခေါ်နိုင်ကြောင်းလည်း သိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~