Update News

သက်ငယ်မုဒိမ်း နှင့် လိင်အကြမ်းဖက်မှုအား ကြီးလေးသော အပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် မန္တလေးတွင် Photo Campaign စတင်










~~~~~~~~⊰❂ unicode ~~~~~~~~
သက်ငယ်မုဒိမ်း၊ လိင်အကြမ်းဖက်မှုအား ကြီးလေးသော အပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် Photo Campaign ပြုလုပ်မှုကို မန္တ​လေးမြို့နယ် မနော်ရမ္မံ(ဟစ်တိုင်ကွင်း)တွင် အပြည်ပြည်ဆိုင်ရာကလေး သူငယ်များနေ့ဖြစ်သည့် ယနေ့ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် စတင် လှုပ်ရှားနေလျှက်ရှိသည်။

အများပြည်သူများ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် Photo Campaign ပြုလုပ်ခြင်းကို (၂)ရက်တိတိ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို နိုဝင်ဘာလ(၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ပြုလုပ်သွားကာ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ နှင့် နေ့လယ်(၂)နာရီမှ ညနေ(၅)နာရီအချိန်အထိ ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ရွှေဇော်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::