ရှမ်း(အရှေ့)ရှိ မြို့နယ်(၇)မြို့နယ်အား လျှပ်စစ်မီး အချိန်(၄)နာရီတိုးမြှင့်ရေးကိစ္စ လွှတ်တော်တွင် မေးမြန်း

ရှမ်း(အရှေ့)ရှိ မြို့နယ်(၇)မြို့နယ်အား လျှပ်စစ်မီး အချိန်(၄)နာရီတိုးမြှင့်ရေးကိစ္စ လွှတ်တော်တွင် မေးမြန်း
နိုဝငျဘာ 29, 2016
By Tachileik News Agency
( ဓာတ်ပုံ - ပြည်သူ့လွှတ်တော် )

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် လျှပ်စစ်ဓာတ်အားပေးမှု အချိန်တိုးမြှင့်ပေးနိုင်ရေးနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ဒေသအုပ်ချုပ်ရေးများနှင့် မီးလင်းရေးကော်မတီတို့၏ အစီအစဉ်ဖြင့် ဓာတ်အားပေးချိန်ကို တိုးမြှင့် ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ဒုတိယ၀န်ကြီးက ပြန်လည် ဖြေကြားလိုက်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၏ အဋ္ဌမနေ့ဖြစ်သည့် နိုဝင်ဘာလ(၂၉)ရက်နေ့တွင်  ပြုလုပ်သော အစည်းအဝေး၌ မေးမြန်းလိုက်ခြင်း ဖြစ်သည်။



"အဆိုပါ မြို့(၇)မြို့အား လျှပ်စစ်ဓာတ်အားပေးချိန် (၄)နာရီတိုးမြှင့်ပေးနိုင်ရန်အတွက် နှစ်စဉ်ဘဏ္ဍာငွေ တင်ပြတောင်းခံ ရရှိမှုအပေါ် မူတည်၍ ဖြစ်နိုင်မှုရှိပါက စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း နှင့် ဌာနပိုင် မီးစက်များကို အသုံးပြု၍ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးများနှင့် မီးလင်းရေးကော်မတီတို့၏ အစီအစဉ်ဖြင့် ဓာတ်အားပေးချိန်ကို တိုးမြှင့်ဆောင်ရွက်နိုင်ပါကြောင်း" ပြည်ထောင်စု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ယင်းကဲ့သို့ ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်သည်။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် လျှပ်စစ်ဓာတ်အားပေးမှု အချိန်တိုးမြှင့်ပေးနိုင်ရေးနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် အစည်းအေဝးတွင် မေးမြန်းရာ ဒေသအုပ်ချုပ်ရေးများနှင့် မီးလင်းရေးကော်မတီတို့၏ အစီအစဉ်ဖြင့် ဓာတ်အားပေးချိန်ကို တိုးမြှင့် ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ဒုတိယဝန်ကြီးက ပြန်လည် ဖြကြေားလိုက်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၏ အဋ္ဌမနေ့ဖြစ်သည့် နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ပြုလုပ်သော အစည်းအေဝး၌ မေးမြန်းလိုက်ခြင်း ဖြစ်သည်။

"တစ်နေ့ကို မိုင်းဖြတ် နဲ့ မက်မန်းက လျှပ်စစ်မီး (၃)နာရီပေးတယ်၊ ကျန်တဲ့မြို့တွေက (၂)နာရီပဲရတယ်။ အဲ့ဒါကြောင့် အဲ့ဒီမြို့ (၇)မြို့လုံးကို အားလုံးပေါင်း တစ်နေ့ကို (၄)နာရီစာ ရရှိဖို့ ထပ်တိုးပေးဖို့ သူက(ဦးစိုင်းထွန်းအောင်)မေးတာ"ဟု တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက Tachileik News Agency သို့ ပြောသည်။

မိုင်းယောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ မိုင်းယောင်းမြို့နယ် အပါအဝင်၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းပျဉ်း၊ မက်မန်း၊ မိုင်းယန်း နှင့် မိုင်းခတ် စသည့် မြို့နယ်(၇)မြို့နယ်တွင် ညစဉ် မီးပေးမှုကို (၄)နာရီသို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခြင်းဖြစ်သည်။

"အဆိုပါ မြို့(၇)မြို့အား လျှပ်စစ်ဓာတ်အားပေးချိန် (၄)နာရီတိုးမြှင့်ပေးနိုင်ရန်အတွက် နှစ်စဉ်ဘဏ္ဍာငွေ တင်ပြတောင်းခံ ရရှိမှုအပေါ် မူတည်၍ ဖြစ်နိုင်မှုရှိပါက စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း နှင့် ဌာနပိုင် မီးစက်များကို အသုံးပြု၍ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးများနှင့် မီးလင်းရေးကော်မတီတို့၏ အစီအစဉ်ဖြင့် ဓာတ်အားပေးချိန်ကို တိုးမြှင့်ဆောင်ရွက်နိုင်ပါကြောင်း" ပြည်ထောင်စု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ယင်းကဲ့သို့ ပြန်လည်ဖြကြေားလိုက်ခြင်း ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~