လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္း သပိတ္စခန္းၿဖိဳခြဲသည့္ ေလးႏွစ္ျပည့္ အထိမ္းအမွတ္ ဆႏၵထုတ္ေဖၚ

လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္း သပိတ္စခန္းၿဖိဳခြဲသည့္ ေလးႏွစ္ျပည့္ အထိမ္းအမွတ္ ဆႏၵထုတ္ေဖၚ
နိုဝင်ဘာ 29, 2016
By Tachileik News Agency

စစ္ကိုင္းတုိင္းေဒသႀကီး မံုရြာခရိုင္ လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းအား ကန္႔ကြက္သည့္ အေထြေထြ သပိတ္စခန္းကို မီးေလာင္ဗံုးသံုး၍ ၿဖိဳခြဲခဲ႔သည့္ ေလးႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ႏိုဝင္ဘာလ (၂၉) ရက္တြင္ ဆႏၵထုတ္ေဖၚၾကေၾကာင္း သိရသည္။

အဆိုပါ ဆႏၵထုတ္ေဖာ္မႈကို နိုဝင္ဘာလ ၂၉ ရက္ေန႔ ေန႔လယ္ ၂ နာရီအခ်ိန္တြင္ မံုရြာ - ပုသိမ္လမ္းမႀကီးေဘးရိွ ဝမ္ေပါင္ကုမၸဏီရံုးေရွ႕၌ ျပဳလုပ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဆႏၵထုတ္ေဖာ္ရာတြင္ မီးေလာင္ဗံုးတရားခံအား ေဖာ္ထုတ္အေရးယူေပးေရး၊ သီးႏွံေလ်ာ္ေၾကးရရိွေရး၊ အၾကမ္းဖက္မႈအလိုမရိွ ၊ အစားေျမယာဧက ၁၉၀၀ ေဖာ္ထုတ္္ေပးေရး၊ လုပ္ငန္းအေကာင္ထည္ ေဖာ္ေဆာင္ေရးေကာ္မတီမရိွသည့္ ေၾကးနီစီမံကိန္း ရပ္ဆိုင္းေရး၊ စံုစမ္းစစ္ေဆးေရးေကာ္မတီ၏ အစီရင္ခံစာ မလိုက္နာသည့္ ေၾကးနီစီမံကိန္းရပ္ဆိုင္းေရးဟူေသာ စာသားမ်ားပါသည့္ ဗီႏုိင္းမ်ား ကိုင္ေဆာင္ကာ ေၾကြးေၾကာ္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - ရန္ႏိုင္စိုး


~~~~~~~~⊰❂ unicode ~~~~~~~~

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ကန့်ကွက်သည့် အထွေထွေ သပိတ်စခန်းကို မီးလောင်ဗုံးသုံး၍ ဖြိုခွဲခဲ့သည့် လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ (၂၉) ရက်တွင် ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် မုံရွာ - ပုသိမ်လမ်းမကြီးဘေးရှိ ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် မီးလောင်ဗုံးတရားခံအား ဖော်ထုတ်အရေးယူပေးရေး၊ သီးနှံလျော်ကြေးရရှိရေး၊ အကြမ်းဖက်မှုအလိုမရှိ၊ အစားမြေယာဧက ၁၉၀၀ ဖော်ထုတ်ပေးရေး၊ လုပ်ငန်းအကောင်ထည် ဖော်ဆောင်ရေးကော်မတီမရှိသည့် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ စုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာ မလိုက်နာသည့် ကြေးနီစီမံကိန်းရပ်ဆိုင်းရေးဟူသော စာသားများပါသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ရန်နိုင်စိုး 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~