အထက(မိုင္းျဖတ္)တြင္ ေရႊဆြဲႀကိဳးေကာက္ရ၍ ျပန္ေပးသူ ေက်ာင္းသူႏွစ္ဦးကို ႐ိုးသားသူအျဖစ္ ဂုဏ္ျပဳခ်ီးျမႇင့္

အထက(မိုင္းျဖတ္)တြင္ ေရႊဆြဲႀကိဳးေကာက္ရ၍ ျပန္ေပးသူ ေက်ာင္းသူႏွစ္ဦးကို ႐ိုးသားသူအျဖစ္ ဂုဏ္ျပဳခ်ီးျမႇင့္
နိုဝင်ဘာ 29, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ မိုင္းၿဖတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(မိုင္းျဖတ္)မွ ေက်ာင္းသူ (၂)ဦးအား ရုိးသားသူအျဖစ္ ဂုဏ္ျပဳဆုခ်ီးျမႇင့္လိုက္ေၾကာင္း သိရသည္။

“ယခုလို ေက်ာင္းသူႏွစ္ဦးကို ႐ိုးသားသူအျဖစ္ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးအပ္ရျခင္းက တတိယတန္း(က)မွ အတန္းပိုင္ဆရာမ ေဒၚခင္မာၾကည္ရဲ႕ က်ပ္ ၁၀သိန္း တန္ဖိုးရွိ ေရႊဆြဲႀကိဳး ေပ်ာက္ဆုံးခဲ့ၿပီး ေက်ာင္းသူႏွစ္ဦးမွ ေကာက္ေတြ႕ခဲ့ရာ အတန္းပိုင္းဆရာမထံ အပ္ႏွံခဲ့ျခင္းေၾကာင့္ မိုင္းျဖတ္ၿမိဳ႕၏ ေလးစားထိုက္သူ၊ ႐ုိးသားသူ ေက်ာင္းသူေလးမ်ားအျဖစ္ ဂုဏ္ျပဳခ်ီးျမွင့္ျခင္းျဖစ္ေၾကာင္း”အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ဦးေက်ာ္ဆန္းထံမွ သိရသည္။

ရုိးသားသူအျဖစ္ ဂုဏ္ျပဳဆုခ်ီးျမႇင့္ျခင္း ခံရေသာ ေက်ာင္းသူမ်ားမွာ သတၱမတန္း(က)မွ မလူးေစ ႏွင့္ တတိယတန္း(ခ)မွ မအားဂ်လာတို႔ ျဖစ္ၿပီး၎တို႔၏ မိဘမ်ားသည္ ေတာင္ယာအလုပ္ကို လုပ္ကုိင္သူမ်ား ျဖစ္ေၾကာင္း သိရသည္။

ဂုဏ္ျပဳဆုေပးအပ္ခ်ီးျခင္း အခမ္းအနားကို ႏို၀င္ဘာလ(၂၉)ရက္ေန႔ နံနက္(၈)နာရီခြဲအခ်ိန္က အေျခခံပညာအထက္တန္းေက်ာင္း(မိုင္းျဖတ္)ရွိ တန္းစီကြင္းအတြင္း၌ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေရွ႕ေမွာက္တြင္ က်င္းပျပဳလုပ္ျခင္း ျဖစ္ၿပီး အဆိုပါ ေက်ာင္းသူႏွစ္ဦးကို ရိုးသားသူအျဖစ္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ႏွင့္အတူ ဂုဏ္ျပဳဆုေငြမ်ားအျဖစ္ တစ္ဦးလွ်င္ က်ပ္(၃၀၀၀၀)စီကိုလည္း ေက်ာင္းအုပ္ဆရာႀကီး ဦးေက်ာ္ဆန္း ႏွင့္ ဆရာမ ေဒၚခင္မာၾကည္တို႔ကို ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - သန္းထြန္းေအး


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)မှ ကျောင်းသူ (၂)ဦးအား ရိုးသားသူအဖြစ် ဂုဏ်ပြုဆုချီးမြှင့်လိုက်ကြောင်း သိရသည်။

“ယခုလို ကျောင်းသူနှစ်ဦးကို ရိုးသားသူအဖြစ်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရခြင်းက တတိယတန်း(က)မှ အတန်းပိုင်ဆရာမ ဒေါ်ခင်မာကြည်ရဲ့ ကျပ် ၁၀သိန်း တန်ဖိုးရှိ ရွှေဆွဲကြိုး ပျောက်ဆုံးခဲ့ပြီး ကျောင်းသူနှစ်ဦးမှ ကောက်တွေ့ခဲ့ရာ အတန်းပိုင်းဆရာမထံ အပ်နှံခဲ့ခြင်းကြောင့် မိုင်းဖြတ်မြို့၏ လေးစားထိုက်သူ၊ ရိုးသားသူ ကျောင်းသူလေးများအဖြစ် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း”အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းထံမှ သိရသည်။

ရိုးသားသူအဖြစ် ဂုဏ်ပြုဆုချီးမြှင့်ခြင်း ခံရသော ကျောင်းသူများမှာ သတ္တမတန်း(က)မှ မလူးစေ နှင့် တတိယတန်း(ခ)မှ မအားဂျလာတို့ ဖြစ်ပြီး၎င်းတို့၏ မိဘများသည် တောင်ယာအလုပ်ကို လုပ်ကိုင်သူများ ဖြစ်ကြောင်း သိရသည်။

ဂုဏ်ပြုဆုပေးအပ်ချီးခြင်း အခမ်းအနားကို နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)ရှိ တန်းစီကွင်းအတွင်း၌ ကျောင်းသား၊ ကျောင်းသူများ ရှေ့မှောက်တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး အဆိုပါ ကျောင်းသူနှစ်ဦးကို ရိုးသားသူအဖြစ် ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့်အတူ ဂုဏ်ပြုဆုငွေများအဖြစ် တစ်ဦးလျှင် ကျပ်(၃၀၀၀၀)စီကိုလည်း ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်း နှင့် ဆရာမ ဒေါ်ခင်မာကြည်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - သန်းထွန်းအေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~