လားရႈိးတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တု ထားရွိေရးအတြက္ စတင္ေဆာင္ရြက္

လားရႈိးတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တု ထားရွိေရးအတြက္ စတင္ေဆာင္ရြက္
နိုဝင်ဘာ 26, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ၊ လားရႈိးၿမိဳ႕ရွိ နန္းေဟ၀န္ပန္းၿခံအတြင္း ထားရွိမည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္တုေျမေနရာအတြက္ ေျမသန္႔မဂၤလာႏွင့္ ပႏၷက္ရိုက္မဂၤလာ  အခမ္းအနားကို ႏို၀င္ဘာလ(၂၆)ရက္ေန႔  နံနက္ (၈)နာရီအခ်ိန္က က်င္းပျပဳလုပ္ခဲ့သည္။

အဆိုပါ အခမ္းအနားသို႔ ဌာနဆုိင္ရာမ်ား၊ ရပ္မိရပ္ဖမ်ား ႏွင့္ စည္ပင္သာယာေရးဌာနမွ ၀န္ထမ္းမိသားစုမ်ားအပါအ၀င္ ႏိုင္ငံေရးပါတီမ်ား၊ အရပ္ဖက္လူမႈအဖြဲ႔အစည္းမ်ား စုစုေပါင္း(၃၀၀)၀န္းက်င္ တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - စပယ္သက္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ လားရှိုးမြို့ရှိ နန်းဟေဝန်ပန်းခြံအတွင်း ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုမြေနေရာအတွက် မြေသန့်မင်္ဂလာနှင့် ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ နှင့် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းမိသားစုများအပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုစုပေါင်း(၃၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - စပယ်သက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~