ရွမ္း/အေရွ႕ေဒသထြက္ သီးႏွံမ်ား တင္ပို႔ရန္ နည္းပညာႏွင့္ ေစ်းကြက္ရွာေဖြျခင္းကို အသင္းက ကူညီမည္

ရွမ္း/အေရွ႕ေဒသထြက္ သီးႏွံမ်ား တင္ပို႔ရန္ နည္းပညာႏွင့္ ေစ်းကြက္ရွာေဖြျခင္းကို အသင္းက ကူညီမည္
နိုဝင်ဘာ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ေဒသထြက္သီးႏွံမ်ားကို တင္ပို ့ေရာင္းခ်ႏိုင္ရန္ ေစ်းကြက္ရွာေဖြေပးျခင္းႏွင့္ နည္းပညာ အကူအညီမ်ားေပးျခင္းကို သစ္သီး၀လံ ပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္တင္ပို ့ေရာင္းခ်သူမ်ား အသင္းမွ လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို ့ အသင္းအေနနဲ ့ ေဒသတြင္းက ေတာင္သူေတြစိုက္ပ်ိဳးထားတဲ့ သီးႏွံေတြကို တင္ပို ့ႏိုင္ဖို ့အတြက္ ေစ်းကြက္ရွာေပးတာေတြ လုပ္ေပးသြားပါမယ္။ လက္ရိွမွာေတာ့ ေဒသကထြက္တဲ့ ဆန္ကိုပဲ မိုင္းလားဘက္ကို ပို ့ေနရေပမဲ့ လုံၿခဳံေရးအေျခအေနအရ ဆန္တင္ပို ့မႈေတြ ရပ္နားထားရပါတယ္။ ဒါေၾကာင့္ တျခားသီးႏွံေတြကိုလည္း တင္ပို ့ေရာင္းခ်ႏိုင္ဖို ့အတြက္ ေဆာင္ရြက္သြားဖို ့လိုတယ္။ ေဒသတြင္းက ေတာင္သူေတြကလည္း သူတို႔ရဲ့ သီးနွံေတြကို တင္ပို ့ဖို ့အတြက္ ေစ်းကြက္ကို မသိၾကဘူး။ ၿပီးရင္ ထြက္လာတဲ့သီးနွံေတြကလည္း တင္ပို ့ဖို ့အတြက္ အရည္အေသြးမမီတဲ့အတြက္ အခက္အခဲ ျဖစ္ၾကရတယ္။ ဒါေၾကာင့္ ေဒသတြင္းကထြက္တဲ့ သီးႏွံေတြကို အရည္အေသြးျပည့္မီဖို ့အတြက္ တျခားေသာအဖြဲ ့အစည္းမ်ားနဲ ့ ပူးေပါင္းၿပီးေတာ့ ေတာင္သူေတြအတြက္ စိုက္ပ်ိဳးနည္းပညာေတြကို အမ်ားႀကီး အကူအညီေပးသြားမွာပါ။"ဟု အဆိုပါအသင္း၏ ဒုတိယဥကၠဌ ဦးယာထြန္းက ေျပာသည္။

ေဒသတြင္း စိုက္ပ်ိဳးေရး ထြက္ကုန္မ်ားျဖစ္သည့္ ၾကယ္ပဲ၊ ေထာပတ္သီး၊ လက္ဖက္၊ အာလူး၊ ေကာ္ဖီႏွင့္ မကၠေဒးမီးယားတို႔ကို ေဒသတြင္း အမ်ားအျပား ထုတ္လုပ္ႏုိင္ရန္ ကိုင္းကူး၊ကိုင္းဆက္ နည္းပညာမ်ား အပါအ၀င္ စိုက္ပ်ိဳးေရး နည္းပညာမ်ားကို အကူအညီေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီေဒသကထြက္တဲ့ သီးႏွံေတြကို ျပည္ပတင္ပို႔ႏိုင္တဲ့ သီးႏွံေတြ ျဖစ္ဖို႔ နဲ႔ သဘာဝအတုိင္း စိုက္ပ်ိဳးသီးႏွံေတြျဖစ္ဖို ့အတြက္ကို ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) သစ္သီး၀လံပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို ့ေရာင္းခ်သူမ်ား အသင္းနဲ ့ ကၽြန္ေတာ္တို ့ဌာန ပူးေပါင္းေဆာင္ရြက္သြားဖုိ ့ ရိွပါတယ္။ တကယ္လို ့ လုိအပ္မယ္ဆိုရင္ သူတို ့ရဲ ့ အသင္းခ်ဳပ္ကေနျပီးေတာ့ ကၽြမ္းက်င္ပညာရွင္ေတြကေနျပီးေတာ့ ဒီကေတာင္သူေတြကို သင္တန္းေတြ ေပးသြားမယ္လို ့လည္း သိရပါတယ္။"ဟု ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) စိုက္ပ်ိဳးေရးဦးစီးဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးတင္ဦးက Tachileik News Agencyသို႔ ေျပာသည္။

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) သစ္သီး၀လံပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို ့ေရာင္းခ်သူမ်ား အသင္းကို ႏို၀င္ဘာလ(၁၉)ရက္တြင္ အဖြဲ ့၀င္ (၂၀)ဦးခန္ ့ျဖင့္ စတင္ဖြဲ ့စည္းကာ က်ိဳင္းတုံျမိဳ ့တြင္ ရုံးဖြင့္လွစ္ထားေၾကာင္း သိရသည္။

အဆိုပါရံုးတြင္ တစ္ႏိုင္ငံလုံးမွ သီးႏွံေစ်းကြက္ အေျခအေနမ်ားကိုလည္း စံုစမ္းေမးျမန္းႏုိင္သည့္အျပင္ ျပည္ပ ပညာေတာ္သင္သြားလိုသည့္ ေတာင္သူမ်ားအတြက္လည္း ခ်ိတ္ဆက္ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသထွက်သီးနှံများကို တင်ပို့ရောင်းချနိုင်ရန် ဈေးကွက်ရှာဖွေပေးခြင်းနှင့် နည်းပညာ အကူအညီများပေးခြင်းကို သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ အသင်းအနေနဲ့ ဒေသတွင်းက တောင်သူတွေစိုက်ပျိုးထားတဲ့ သီးနှံတွေကို တင်ပို့နိုင်ဖို့အတွက် ဈေးကွက်ရှာပေးတာတွေ လုပ်ပေးသွားပါမယ်။ လက်ရှိမှာတော့ ဒေသကထွက်တဲ့ ဆန်ကိုပဲ မိုင်းလားဘက်ကို ပို့နေရပေမဲ့ လုံခြုံရေးအခြေအနေအရ ဆန်တင်ပို့မှုတွေ ရပ်နားထားရပါတယ်။ ဒါကြောင့် တခြားသီးနှံတွေကိုလည်း တင်ပို့ရောင်းချနိုင်ဖို့အတွက် ဆောင်ရွက်သွားဖို့လိုတယ်။ ဒေသတွင်းက တောင်သူတွေကလည်း သူတို့ရဲ့ သီးနှံတွေကို တင်ပို့ဖို့အတွက် ဈေးကွက်ကို မသိကြဘူး။ ပြီးရင် ထွက်လာတဲ့သီးနှံတွေကလည်း တင်ပို့ဖို့အတွက် အရည်အသွေးမမီတဲ့အတွက် အခက်အခဲ ဖြစ်ကြရတယ်။ ဒါကြောင့် ဒေသတွင်းကထွက်တဲ့ သီးနှံတွေကို အရည်အသွေးပြည့်မီဖို့အတွက် တခြားသောအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီးတော့ တောင်သူတွေအတွက် စိုက်ပျိုးနည်းပညာတွေကို အများကြီး အကူအညီပေးသွားမှာပါ။"ဟု အဆိုပါအသင်း၏ ဒုတိယဥက္ကဌ ဦးယာထွန်းက ပြောသည်။

ဒေသတွင်း စိုက်ပျိုးရေး ထွက်ကုန်များဖြစ်သည့် ကြယ်ပဲ၊ ထောပတ်သီး၊ လက်ဖက်၊ အာလူး၊ ကော်ဖီနှင့် မက္ကဒေးမီးယားတို့ကို ဒေသတွင်း အများအပြား ထုတ်လုပ်နိုင်ရန် ကိုင်းကူး၊ကိုင်းဆက် နည်းပညာများ အပါအဝင် စိုက်ပျိုးရေး နည်းပညာများကို အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီဒေသကထွက်တဲ့ သီးနှံတွေကို ပြည်ပတင်ပို့နိုင်တဲ့ သီးနှံတွေ ဖြစ်ဖို့ နဲ့ သဘာဝအတိုင်း စိုက်ပျိုးသီးနှံတွဖြေစ်ဖို့အတွက်ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းနဲ့ ကျွန်တော်တို့ဌာန ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ တကယ်လို့ လိုအပ်မယ်ဆိုရင် သူတို့ရဲ့ အသင်းချုပ်ကနပြေီးတော့ ကျွမ်းကျင်ပညာရှင်တွေကနပြေီးတော့ ဒီကတောင်သူတွေကို သင်တန်းတွေ ပေးသွားမယ်လို့လည်း သိရပါတယ်။"ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်ဦးက Tachileik News Agencyသို့ ပြောသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းကို နိုဝင်ဘာလ(၁၉)ရက်တွင် အဖွဲ့ဝင် (၂၀)ဦးခန့်ဖြင့် စတင်ဖွဲ့စည်းကာ ကျိုင်းတုံမြို့တွင် ရုံးဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါရုံးတွင် တစ်နိုင်ငံလုံးမှ သီးနှံဈေးကွက် အခြေအနေများကိုလည်း စုံစမ်းမေးမြန်းနိုင်သည့်အပြင် ပြည်ပ ပညာတော်သင်သွားလိုသည့် တောင်သူများအတွက်လည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~