တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနမွ ေဒသခံမ်ား စိတ္ႀကိဳက္ေရြးခ်ယ္ႏုိင္ရန္ စပါးစိုက္ပ်ိဳးနည္း စမ္းသပ္ေန

တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနမွ ေဒသခံမ်ား စိတ္ႀကိဳက္ေရြးခ်ယ္ႏုိင္ရန္ စပါးစိုက္ပ်ိဳးနည္း စမ္းသပ္ေန
သြဂုတ် 1, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနမွ စပါးစိုက္ပ်ိဳးနည္း(၅)မ်ိဳးျဖင့္ စမ္းသပ္စိုက္ပ်ိဳးလွ်က္ရွိၿပီး ေဒသခံမ်ား ႀကိဳက္ႏွစ္သက္ရာ စပါးစိုက္ပ်ိဳးနည္းအား လက္ေတြ႕စိုက္ပ်ိဳးႏိုင္ရန္ သင္ၾကားျပသေပးသြားရန္ စီစဥ္ေနေၾကာင္း သိရသည္။

"အခု စပါးစိုက္ပ်ိဳးနည္း(၅)မ်ိဳး ေဒသခံေတာင္သူေတြကို လက္ေတြ႕စိုက္ျပတယ္။  အဲဒါေတြက စပါးပ်ိဳးေထာင္ခ်ိန္ (၁၂)ရက္စပါးနဲ႔ ရက္ေပါင္း(၃၀)ပ်ိဳးေထာင္တဲ့စပါး၊ မိရိုးဖလာစပါးစိုက္ပ်ိဳးနည္း၊ ဧရာ၀တီတိုင္း ဘက္မွာစိုက္တဲ့ ပက္ႀကဲၿပီးစိုက္တဲ့ စပါးမ်ိိဳးေတြနဲ႔ အတန္းလိုက္ အေစ့ခ်စိုက္တဲ့ စပါးမ်ိဳးေပါ့။ ဒါေတြကို စိုက္ျပၿပီး စပါး အပင္သန္တဲ့အခ်ိန္နဲ႔ ရိတ္သိမ္းထြက္ရွိတဲ့အခ်ိန္ေတြမွာ စိုက္ေတာင္သူေတြကို ျပမွာပါ။ အဲဒီအခ်ိန္မွာ ႀကိဳက္တဲ့စပါးစိုက္နည္းကို ေတာင္သူေတြေရြးခ်ယ္ေပါ့။ ေဒသနဲ႔ ကိုက္ညီတယ္။ စပါးလည္း အထြက္ေကာင္းတဲ့ နည္းလမ္းကို ေတာင္သူေတြစိတ္ႀကိဳက္ျပန္ၿပီး နည္းစနစ္ပိုင္း သင္ၾကားေပးသြားမွာပါ"ဟု တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွ၀င္းက ေျပာသည္။

စပါး(၁၂)ရက္ ပ်ိဳးေထာင္စုိက္ပ်ိဳးနည္းမွာ စိုက္ပ်ိဳးေရးေက်ာင္းမွာတြင္ လက္ေတြ႕စိုက္ပ်ိဳးရာ အေကာင္းဆံုး စိုက္ပ်ိဳးနည္းျဖစ္ၿပီး ပ်ိဳးေထာင္ရာတြင္ စပါးမ်ားအား သင့္ေတာ္ရာ ေဖာ့ဘူးမ်ားအတြင္း သဘာ၀ေျမေဆြး ေျမဆီမ်ားျဖင့္ ပ်ိဳးေထာင္ျခင္းျဖစ္သည့္အတြက္ ပ်ိဳးေထာင္၊ ပ်ိဳးႏုတ္စရိတ္သက္သာၿပီး အခ်ိန္လည္း သက္သာေၾကာင္း သိရသည္။

လက္ရွိတြင္ စမ္းသပ္စိုက္ကြက္မ်ားအတြင္းမွ စိုက္ပ်ိဳးနည္းငါးမ်ိဳး၏ စပါးထြက္ႏွဳန္းမ်ားအား ႏိႈင္းယွဥ္၍ ေဒသခံမ်ားအႀကိဳက္ စနစ္တက် စပါးစိုက္နည္းမ်ား သင္ၾကားေပးသြားမွာျဖစ္ေၾကာင္း သိရသည္။

စပါးစမ္းသပ္စိုက္ကြက္အား စစ္ဗ်ဴဟာ(အေျခခ်)တာခ်ီလိတ္၏ အပိုင္လယ္ကြင္းအတြင္းရွိ (၀.၅၀)ဧကေပၚတြင္ စိုက္ပ်ိဳးထားျခင္းျဖစ္ၿပီး စပါးစိုက္နည္းတစ္မ်ိဳးလွ်င္ (၀.၁၀)ဧက စိုက္ပ်ိဳးျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ကိုဇက္
................

တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးစိုက်ပျိုးနည်း(၅)မျိုးဖြင့် စမ်းသပ်စိုက်ပျိုးလျှက်ရှိပြီး ဒေသခံများ ကြိုက်နှစ်သက်ရာ စပါးစိုက်ပျိုးနည်းအား လက်တွေ့စိုက်ပျိုးနိုင်ရန် သင်ကြားပြသပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

"အခု စပါးစိုက်ပျိုးနည်း(၅)မျိုး ဒေသခံတောင်သူတွေကို လက်တွေ့စိုက်ပြတယ်။ အဲဒါတွေက စပါးပျိုးထောင်ချိန် (၁၂)ရက်စပါးနဲ့ ရက်ပေါင်း(၃၀)ပျိုးထောင်တဲ့စပါး၊ မိရိုးဖလာစပါးစိုက်ပျိုးနည်း၊ ဧရာဝတီတိုင်း ဘက်မှာစိုက်တဲ့ ပက်ကြဲပြီးစိုက်တဲ့ စပါးမျိုးတွေနဲ့ အတန်းလိုက် အစေ့ချစိုက်တဲ့ စပါးမျိုးပေါ့။ ဒါတွေကို စိုက်ပြပြီး စပါး အပင်သန်တဲ့အချိန်နဲ့ ရိတ်သိမ်းထွက်ရှိတဲ့အချိန်တွေမှာ စိုက်တောင်သူတွေကို ပြမှာပါ။ အဲဒီအချိန်မှာ ကြိုက်တဲ့စပါးစိုက်နည်းကို တောင်သူတွေရွေးချယ်ပေါ့။ ဒေသနဲ့ ကိုက်ညီတယ်။ စပါးလည်း အထွက်ကောင်းတဲ့ နည်းလမ်းကို တောင်သူတွေစိတ်ကြိုက်ပြန်ပြီး နည်းစနစ်ပိုင်း သင်ကြားပေးသွားမှာပါ"ဟု တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက ပြောသည်။

စပါး(၁၂)ရက် ပျိုးထောင်စိုက်ပျိုးနည်းမှာ စိုက်ပျိုးရေးကျောင်းမှာတွင် လက်တွေ့စိုက်ပျိုးရာ အကောင်းဆုံး စိုက်ပျိုးနည်းဖြစ်ပြီး ပျိုးထောင်ရာတွင် စပါးများအား သင့်တော်ရာ ဖော့ဘူးများအတွင်း သဘာဝမြေဆွေး မြေဆီများဖြင့် ပျိုးထောင်ခြင်းဖြစ်သည့်အတွက် ပျိုးထောင်၊ ပျိုးနုတ်စရိတ်သက်သာပြီး အချိန်လည်း သက်သာကြောင်း သိရသည်။

လက်ရှိတွင် စမ်းသပ်စိုက်ကွက်များအတွင်းမှ စိုက်ပျိုးနည်းငါးမျိုး၏ စပါးထွက်နှုန်းများအား နှိုင်းယှဉ်၍ ဒေသခံများအကြိုက် စနစ်တကျ စပါးစိုက်နည်းများ သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရသည်။

စပါးစမ်းသပ်စိုက်ကွက်အား စစ်ဗျူဟာ(အခြေချ)တာချီလိတ်၏ အပိုင်လယ်ကွင်းအတွင်းရှိ (ဝ.၅၀)ဧကပေါ်တွင် စိုက်ပျိုးထားခြင်းဖြစ်ပြီး စပါးစိုက်နည်းတစ်မျိုးလျှင် (ဝ.၁၀)ဧက စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~