တာခ်ီလိတ္၌ ျမက္သတ္ေဆးေသာက္၍ အမ်ဳိးသားတစ္ဦး ေသဆံုး

တာခ်ီလိတ္၌ ျမက္သတ္ေဆးေသာက္၍ အမ်ဳိးသားတစ္ဦး ေသဆံုး
သြဂုတ် 1, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရွိ မိုင္းဟဲ(ေအာက္)ေက်းရြာအုပ္စုတြင္ အမ်ဳိးသားတစ္ဦး ျမက္သတ္ေဆးေသာက္၍ ေသဆံုးသြားသည့္အတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္းျဖင့္ အမႈဖြင့္လွစ္ထားရိွေၾကာင္း သတင္းရရွိသည္။

ျဖစ္ပြားပံုမွာ ၾသဂုတ္လ(၁)ရက္ေန႔ နံနက္(၈)နာရီခြဲ၀န္းက်င္က တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ တာ၀န္မွဴး ရဲအုပ္ မင္းမင္းထိုက္ တာ၀န္ ထမ္းေဆာင္ေနစဥ္ တာခ်ီလိတ္ေဆးရံုတြင္ ျမက္သတ္ေဆးေသာက္၍ ေသဆံုးသြားသည့္ အမ်ဳိးသားအေလာင္း တစ္ေလာင္း ေရာက္ရွိေနေၾကာင္း ဖုန္းျဖင့္ ဆက္သြယ္အေၾကာင္းၾကားသျဖင့္ စခန္းမွဴး ဒုရဲမွဴး စိုးလြင္ ႏွင့္ အဖြဲ႔မွ သြားေရာက္ စစ္ေဆးရာ ေသဆံုးသူမွာ အသက္(၃၅)ႏွစ္ရွိ ပါဦး(က်ား) ျဖစ္ၿပီး ေတာင္ယာအလုပ္ကို လုပ္ကိုင္သူ ျဖစ္ေၾကာင္း သိရသည္။

မႈခင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေသဆံုးသူ၏ ဇနီးျဖစ္သူအား ရဲတပ္ဖြဲ႔မွ ေမးျမန္းရာ ခင္ပြန္းျဖစ္သူ ပါဦး သည္ ဇူလိုင္လ(၃၁)ရက္ေန႔ နံနက္(၁၀)နာရီခြဲအခ်ိန္က ေနအိမ္ အိပ္ခန္းအျပင္သို႔ ထြက္လာစဥ္ ခင္ပြန္းျဖစ္သူ ပါဦး၏   လက္ထဲတြင္ ျမက္သက္ေဆးဗူး (၁)ဗူး ကိုင္ေဆာင္ထားလွ်က္ျဖင့္ ပါးစပ္အတြင္းမွ အျပာေရာင္အရည္မ်ား အန္ထြက္လာကာ ျမက္သတ္ေဆးမ်ား ေသာက္ထားေၾကာင္း ေျပာျပသျဖင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးထံ အေၾကာင္းၾကားျပီး  ရြာမွ (၈)မိုင္ခြဲခန္႔ ေ၀းေသာ တာခ်ီလိတ္ေဆးရံုသို႔ ၾသဂုတ္လ(၁)ရက္ေန႔ နံနက္(၆)နာရီအခ်ိန္တြင္ ေခၚေဆာင္လာၿပီး ေဆးကုသစဥ္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေသဆုံးမႈႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ကို စစ္ေဆးႏုိင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၁၃/၂၀၁၆ျဖင့္ အမႈဖြင့္လွစ္ကာ စခန္းမွဴး ဒုရဲမွဴး စိုးလြင္မွ စံုစမ္းစစ္ေဆး ေဆာင္ရြက္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - #ေမာင္ဖိုးစံ(ဒူးယား)
ဓာတ္ပံု - #တာခ်ီလိတ္နာေရးကူညီမႈအသင္း
....................

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စုတွင် အမျိုးသားတစ်ဦး မြက်သတ်ဆေးသောက်၍ သေဆုံးသွားသည့်အတွက် တာချီလိတ်မြို့မရဲစခန်းမှ သေမှုသေခင်းဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ သြဂုတ်လ(၁)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်က တာချီလိတ်မြို့မရဲစခန်း၌ တာဝန်မှူး ရဲအုပ် မင်းမင်းထိုက် တာဝန် ထမ်းဆောင်နေစဉ် တာချီလိတ်ဆေးရုံတွင် မြက်သတ်ဆေးသောက်၍ သေဆုံးသွားသည့် အမျိုးသားအလောင်း တစ်လောင်း ရောက်ရှိနေကြောင်း ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသဖြင့် စခန်းမှူး ဒုရဲမှူး စိုးလွင် နှင့် အဖွဲ့မှ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ အသက်(၃၅)နှစ်ရှိ ပါဦး(ကျား) ဖြစ်ပြီး တောင်ယာအလုပ်ကို လုပ်ကိုင်သူ ဖြစ်ကြောင်း သိရသည်။

မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ဇနီးဖြစ်သူအား ရဲတပ်ဖွဲ့မှ မေးမြန်းရာ ခင်ပွန်းဖြစ်သူ ပါဦး သည် ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်က နေအိမ် အိပ်ခန်းအပြင်သို့ ထွက်လာစဉ် ခင်ပွန်းဖြစ်သူ ပါဦး၏ လက်ထဲတွင် မြက်သက်ဆေးဗူး (၁)ဗူး ကိုင်ဆောင်ထားလျှက်ဖြင့် ပါးစပ်အတွင်းမှ အပြာရောင်အရည်များ အန်ထွက်လာကာ မြက်သတ်ဆေးများ သောက်ထားကြောင်း ပြောပြသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီး ရွာမှ (၈)မိုင်ခွဲခန့်ေဝးသော တာချီလိတ်ဆေးရုံသို့ သြဂုတ်လ(၁)ရက်နေ့ နံနက်(၆)နာရီအချိန်တွင် ခေါ်ဆောင်လာပြီး ဆေးကုသစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်ကို စစ်ဆေးနိုင်ရန်အတွက် တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၃/၂၀၁၆ဖြင့် အမှုဖွင့်လှစ်ကာ စခန်းမှူး ဒုရဲမှူး စိုးလွင်မှ စုံစမ်းစစ်ဆေး ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း - #မောင်ဖိုးစံ(ဒူးယား)
ဓာတ်ပုံ - #တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~