မိုင္းတံု တပ္နယ္မွဴးဖလားေဘာလံုးၿပိဳင္ပြဲ (၁)ပတ္ တိတိက်င္းပခဲ့

မိုင္းတံု တပ္နယ္မွဴးဖလားေဘာလံုးၿပိဳင္ပြဲ (၁)ပတ္ တိတိက်င္းပခဲ့
သြဂုတ် 1, 2016
By Tachileik News Agency
မိုင္းတံု တပ္နယ္မွဴးဖလားေဘာလံုးၿပိဳင္ပြဲႏွင့္ အားကစားၿပိဳင္ပြဲအား ဇူလိုင္လ(၂၅)ရက္ေန႔မွ ဇူလိုင္(၃၁)ရက္ေန႔ထိ မိုင္းတံုၿမိဳ႕နယ္ စစ္ဗ်ဴဟာ အေျခခ်(မိုင္းတံု)အားကစားကြင္းတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အားကစားၿပိဳင္ပြဲတြင္ ေဘာလံုးၿပိဳင္ပြဲ၊ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲႏွင့္ အမ်ိဳးသမီးေဘာလီေဘာၿပိဳင္ပြဲတို႔ပါ၀င္ေၾကာင္း သိရသည္။
ေဘာလံုၿပိဳင္ပြဲအား တပ္ရင္း၊ တပ္နယ္မွ အားကစားအသင္း (၆)သင္း၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ပထမဆုအား စစ္ဗ်ဴဟာအေျခခ်(မိုင္တံု)မွ ရရွိခဲ့ၿပီး ဒုတိယအား အမွတ္(၆၀၀၃)တင့္ကားတပ္ရင္းမွ ရရွိကာ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ၏ ပထမဆုအား အမွတ္(၃၈၆)အေျမာက္တပ္ရင္းႏွင့္ ဒုတိယဆုအား အမွတ္(၆၀၀၃)တင့္ကားတပ္ရင္းတို႔မွ ရရွိၿပီး၊ အမ်ိဳးသမီးေဘာလီေဘာၿပိဳင္ပြဲအား အမွတ္(၆၀၀၃)တင့္ကားတပ္ရင္းအသင္းမွ လည္းေကာင္း၊ ဒုတိယဆုအား အမွတ္(၂၇၇)ေျခလ်င္တပ္ရင္းအသင္းမွ လည္းေကာင္း၊ တတိယဆုအား အမွတ္(၆၅)ေျခလ်င္တပ္ရင္း အသင္းမွ လည္းေကာင္း အသီးသီးဆြတ္ခူးရရိွခ့ဲေၾကာင္း သိရသည္။
ဆုရရွိေသာ တပ္ရင္း/တပ္နယ္မွ ၿပိဳင္ပြဲအသင္းမ်ားအား စစ္ဗ်ဴဟာအေျခခ်(မိုင္းတံု)မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး လွိဳင္လင္းေက်ာ္ႏွင့္ အမွတ္(၃၈၆)အေျမာက္တပ္ရင္းမွဴး ဒုတိယဗိုလ္မွဴးႀကီး စုိင္းဥာဏ္ဝင္းတို႔မွ ဆုမ်ား အသီးသီးခ်ီးျမႇင့္ေပးခ့ဲေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ေအာင္၀င္းေဌး
..............
မိုင်းတုံ တပ်နယ်မှူးဖလားဘောလုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲအား ဇူလိုင်လ(၂၅)ရက်နေ့မှ ဇူလိုင်(၃၁)ရက်နေ့ထိ မိုင်းတုံမြို့နယ် စစ်ဗျူဟာ အခြေချ(မိုင်းတုံ)အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသမီးဘောလီဘောပြိုင်ပွဲတို့ပါဝင်ကြောင်း သိရသည်။
ဘောလုံပြိုင်ပွဲအား တပ်ရင်း၊ တပ်နယ်မှ အားကစားအသင်း (၆)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုအား စစ်ဗျူဟာအခြေချ(မိုင်တုံ)မှ ရရှိခဲ့ပြီး ဒုတိယအား အမှတ်(၆၀၀၃)တင့်ကားတပ်ရင်းမှ ရရှိကာ ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ ပထမဆုအား အမှတ်(၃၈၆)အမြောက်တပ်ရင်းနှင့် ဒုတိယဆုအား အမှတ်(၆၀၀၃)တင့်ကားတပ်ရင်းတို့မှ ရရှိပြီး၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲအား အမှတ်(၆၀၀၃)တင့်ကားတပ်ရင်းအသင်းမှ လည်းကောင်း၊ ဒုတိယဆုအား အမှတ်(၂၇၇)ခြေလျင်တပ်ရင်းအသင်းမှ လည်းကောင်း၊ တတိယဆုအား အမှတ်(၆၅)ခြေလျင်တပ်ရင်း အသင်းမှ လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဆုရရှိသော တပ်ရင်း/တပ်နယ်မှ ပြိုင်ပွဲအသင်းများအား စစ်ဗျူဟာအခြေချ(မိုင်းတုံ)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး လှိုင်လင်းကျော်နှင့် အမှတ်(၃၈၆)အမြောက်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စိုင်းဉါဏ်ဝင်းတို့မှ ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - အောင်ဝင်းဌေး
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~