Update News

ဧရာ၀တီျမစ္တစ္ေလွ်ာက္ ေရွာ့တုိက္ ငါးဖမ္းျခင္းသည္ လင္းပိုင္မ်ားအတြက္ အႏၱရာယ္တစ္ခုလို ျဖစ္ေန



ဧရာ၀တီျမစ္တစ္ေလွ်ာက္ လင္းပိုင္မ်ားအား အႏၱရာယ္ျဖစ္ေနသည့္ ဘက္ထရီေရွာ့တုိက္ငါးဖမ္းျခင္းကို အေရးယူေဆာင္ရြက္ေပးရန္ လိုအပ္သည္ဟု ေဒသခံ တံငါသည္မ်ားထံမွ သိရသည္။


“ကၽြန္ေတာ္တို႔ရဲ႕ ငါးဖမ္းတဲ့ဓေလ့ကို ႏိုင္ငံျခားသားေတြလာေရာက္ ေလ့လာတဲ့အခါ ေဒသအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြမ်ားလာၿပီး ၀င္ေငြႏွစ္မ်ိဳးရရွိ ပါတယ္။ ဒါေပမဲ့ ဘက္ထရီေရွာ့တိုက္တဲ့ သူေတြေၾကာင့္ လင္းပိုင္ေတြက ေခၚရင္ေၾကာက္ၿပီးမလာၾကဘူး။ ခရီးသြားလုပ္ငန္း ေရရွည္ဖြံၿဖိဳးဖို႔ ဆိုရင္ေတာ့ ဘက္ထရီေရွာ့ကို သက္ဆိုင္ရာအေနနဲ႔ ျပင္းျပင္းထန္ထန္ အေရးယူေပးေစလိုပါတယ္။”ဟု တံငါသည္ ကို၀င္း ေျပာသည္။

ယခုေနာက္ပိုင္းတြင္ ဘထၳရီေရွာ့တိုက္ျခင္းမ်ားေၾကာင့္ လင္းပိုင္ငယ္ေလးမ်ား ေသေၾကပ်က္စီးသျဖင့္ အရြယ္ေရာက္ လင္းပိုင္မ်ား အေတြ႕ရနည္းလာေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ဘက္ထရီေရွာ့တိုက္ငါးဖမ္းသူမ်ားအား ရဲတပ္ဖြဲ႔မွ လာေရာက္ ဖမ္းဆီးသည့္အခါမ်ားတြင္ တားဆီးႏိုင္ခဲ့ေသာ္လည္း တာ၀န္က်ရဲတပ္ဖြ႔ဲမ်ား ျပန္သြားသည္ႏွင့္ ဘက္ထရီေရွာ့တိုက္ငါးဖမ္းျခင္းကို ျပန္လည္ လုပ္ကိုင္ေနေလ့ရွိေၾကာင္း သိရသည္။

 “ငါးအတူဖမ္းတာက မင္းကြန္းနဲ႔ေက်ာက္ေျမာင္းအတြင္းမွာရွိတဲ့ လင္းပိုင္အေကာင္ေရ (၂၀) ေလာက္ကပဲ အတူတကြ ငါးဖမ္းတာကို လုပ္ေဆာင္တာပါ။ လင္းပိုင္က ေမ်ာ့ဆြဲ၊ ပိုက္ဆြဲဆိုရင္ ေၾကာက္တယ္။   ကမၻာေပၚမွာ လင္းပိုင္မ်ိဳးစိတ္ အမ်ားႀကီးရွိေပမဲ့ လူနဲ႔ယဥ္ပါးတဲ့လင္းပိုင္က ငါးမ်ိဳးေလာက္ပဲရွိတယ္။ ျမန္မာႏိုင္ငံမွာ ေတြ႕ရတာကေတာ့ ေခါင္းတိုအမ်ိဳးအစားပါ။”ဟု ၀ါရင့္ဧည့္လမ္းညႊန္ ဦးတင္ထြန္းက ဆိုသည္။

ဧရာ၀တီလင္းပိုင္ႏွင့္ ငါးဖမ္းေသာဓေလ့အားၾကည့္ရႈရန္ အေကာင္းဆံုးလမွာ ႏိုဝင္ဘာလ မွ ဇန္န၀ါရီ လအထိျဖစ္ၿပီး ဧရာ၀တီျမစ္တစ္ေလွ်ာက္ လင္းပိုင္ႏွင့္ငါးမ်ား ဖမ္းေသာရြာမ်ားမွာ စိန္ပန္းကုန္း၊ ၾကက္တူေရြး၊ ေျမဇြန္းႏွင့္ ျမတ္ကမ္းႀကီးရြာမ်ားျဖစ္ေၾကာင္း သိရသည္။

အဆိုပါဓေလ့အား လာေရာက္ေလ့လာေသာ ကမၻာလွည့္ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးေရးမွာ  လက္ရိွအခ်ိန္အေနအထားတြင္ ဘက္ထရီေရွာ့တုိက္ငါးဖမ္းျခင္းက ၿခိမ္းေျခာက္ေနသည့္ လုပ္ရပ္သဖြယ္ျဖစ္ေနေၾကာင္း ဧည့္လမ္းညႊန္မ်ားက ဆိုသည္။

“ဧရာ၀တီလင္းပိုင္နဲ႔အတူတကြ ငါးဖမ္းတဲ့ဓေလ့ဟာ ဘိုးစဥ္ေဘာင္ဆက္က ေပၚေပါက္ခဲ့တာပါ။ ကမၻာမွာ ျမန္မာႏိုင္ငံ တစ္ႏိုင္ငံတည္းကပဲ အက်ိဳးတူ ပူးေပါင္းငါးဖမ္းတာကို ထိန္းသိမ္းလာတာပါ။ ေနာက္ၿပီး ဒီလိုငါးဖမ္းတဲ့ဓေလ့ ထိန္းသိမ္းဖို႔ဆိုရင္ ဧရာ၀တီျမစ္ႀကီးထိန္းသိမ္းဖို႔ လိုပါတယ္။ လက္ရွိ ဧရာ၀တီျမစ္ႀကီးဟာ ေရႊရွာတဲ့သူေတြ၊ တရားမ၀င္ငါးဖမ္းတဲ့သူေတြေၾကာင့္ ျမစ္ျပင္တိမ္ေကာၿပီး လင္းပိုင္မ်ား ေနထိုင္က်က္စားရာေဒသ က်ဥ္းေျမာင္းလာတယ္။”ဟု ဧည့္လမ္းညႊန္ကို၀င္းေဇာ္ဦးက ေျပာသည္။

ဧရာ၀တီလင္းပိုင္အေရအတြက္မွာ ၂၀၁၀ ခုႏွစ္က ဗန္းေမာ္မွ မႏၱေလးအထိ အေကာင္ေရ (၆၉) ေကာင္ရွိၿပီး၊ ၂၀၁၃ ခုႏွစ္တြင္ (၅၁) ေကာင္သာ က်န္ရွိကာ ယခုအခ်ိန္တြင္ အေကာင္ (၄၀) ၀န္းက်င္ခန္႔သာ ေတြ႔ရေတာ့ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာန၏စာရင္းမ်ားအရ သိရွိရသည္။

သတင္း - ေရႊေဇာ္
.............


ဧရာဝတီမြစ်တစ်လျှောက် လင်းပိုင်နှင့် တံငါသည်အတူတကွ ငါးဖမ်းသောဓလေ့ ပပျောက်မသွားစေရန် လင်းပိုင်များအား အန္တရာယ်ဖြစ်နေသည့် ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်းအား အရေးယူဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ဒေသခံ တံငါသည်များထံမှ သိရသည်။

“ကျွန်တော်တို့ရဲ့ ငါးဖမ်းတဲ့ဓလေ့ကို နိုင်ငံခြားသားတွေလာရောက် လေ့လာတဲ့အခါ ဒေသအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေများလာပြီး ဝင်ငွေနှစ်မျိုးရရှိ ပါတယ်။ ဒါပေမဲ့ ဘက်ထရီရှော့တိုက်တဲ့ သူတွေကြောင့် လင်းပိုင်တွေက ခေါ်ရင်ကြောက်ပြီးမလာကြဘူး။ ခရီးသွားလုပ်ငန်း ရေရှည်ဖွံဖြိုးဖို့ ဆိုရင်တော့ ဘက်ထရီရှော့ကို သက်ဆိုင်ရာအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူပေးစေလိုပါတယ်။”ဟု တံငါသည် ကိုဝင်း ပြောသည်။

ယခုနောက်ပိုင်းတွင် ဘထ္ထရီရှော့တိုက်ခြင်းများကြောင့် လင်းပိုင်ငယ်လေးများ သေကြေပျက်စီးသဖြင့် အရွယ်ရောက် လင်းပိုင်များ အတွေ့ရနည်းလာကြောင်း ဒေသခံများထံမှ သိရသည်။

ဘက်ထရီရှော့တိုက်ငါးဖမ်းသူများအား ရဲတပ်ဖွဲ့မှ လာရောက် ဖမ်းဆီးသည့်အခါများတွင် တားဆီးနိုင်ခဲ့သော်လည်း တာဝန်ကျရဲတပ်ဖွဲ့များ ပြန်သွားသည်နှင့် ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်းကို ပြန်လည် လုပ်ကိုင်နေလေ့ရှိကြောင်း သိရသည်။

 “ငါးအတူဖမ်းတာက မင်းကွန်းနဲ့ကျောက်မြောင်းအတွင်းမှာရှိတဲ့ လင်းပိုင်အကောင်ရေ (၂၀) လောက်ကပဲ အတူတကွ ငါးဖမ်းတာကို လုပ်ဆောင်တာပါ။ လင်းပိုင်က မျော့ဆွဲ၊ ပိုက်ဆွဲဆိုရင် ကြောက်တယ်။ ကမ္ဘာပေါ်မှာ လင်းပိုင်မျိုးစိတ် အများကြီးရှိပေမဲ့ လူနဲ့ယဉ်ပါးတဲ့လင်းပိုင်က ငါးမျိုးလောက်ပဲရှိတယ်။ မြန်မာနိုင်ငံမှာ တွေ့ရတာကတော့ ခေါင်းတိုအမျိုးအစားပါ။”ဟု ဝါရင့်ဧည့်လမ်းညွှန် ဦးတင်ထွန်းက ဆိုသည်။

ဧရာဝတီလင်းပိုင်နှင့် ငါးဖမ်းသောဓလေ့အားကြည့်ရှုရန် အကောင်းဆုံးလမှာ နိုဝင်ဘာလ မှ ဇန်နဝါရီ လအထိဖြစ်ပြီး ဧရာဝတီမြစ်တစ်လျှောက် လင်းပိုင်နှင့်ငါးများ ဖမ်းသောရွာများမှာ စိန်ပန်းကုန်း၊ ကြက်တူရွေး၊ မြေဇွန်းနှင့် မြတ်ကမ်းကြီးရွာများဖြစ်ကြောင်း သိရသည်။

အဆိုပါဓလေ့အား လာရောက်လေ့လာသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးမှာ လက်ရှိအချိန်အနေအထားတွင် ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်းက ခြိမ်းခြောက်နေသည့် လုပ်ရပ်သဖွယ်ဖြစ်နေကြောင်း ဧည့်လမ်းညွှန်များက ဆိုသည်။

“ဧရာဝတီလင်းပိုင်နဲ့အတူတကွ ငါးဖမ်းတဲ့ဓလေ့ဟာ ဘိုးစဉ်ဘောင်ဆက်က ပေါ်ပေါက်ခဲ့တာပါ။ ကမ္ဘာမှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းကပဲ အကျိုးတူ ပူးပေါင်းငါးဖမ်းတာကို ထိန်းသိမ်းလာတာပါ။ နောက်ပြီး ဒီလိုငါးဖမ်းတဲ့ဓလေ့ ထိန်းသိမ်းဖို့ဆိုရင် ဧရာဝတီမြစ်ကြီးထိန်းသိမ်းဖို့ လိုပါတယ်။ လက်ရှိ ဧရာဝတီမြစ်ကြီးဟာ ရွှေရှာတဲ့သူတွေ၊ တရားမဝင်ငါးဖမ်းတဲ့သူတွေကြောင့် မြစ်ပြင်တိမ်ကောပြီး လင်းပိုင်များ နေထိုင်ကျက်စားရာဒေသ ကျဉ်းမြောင်းလာတယ်။”ဟု ဧည့်လမ်းညွှန်ကိုဝင်းဇော်ဦးက ပြောသည်။

ဧရာဝတီလင်းပိုင်အရေအတွက်မှာ ၂၀၁၀ ခုနှစ်က ဗန်းမော်မှ မန္တလေးအထိ အကောင်ရေ (၆၉) ကောင်ရှိပြီး၊ ၂၀၁၃ ခုနှစ်တွင် (၅၁) ကောင်သာ ကျန်ရှိကာ ယခုအချိန်တွင် အကောင် (၄၀) ဝန်းကျင်ခန့်သာ တွေ့ရတော့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏စာရင်းများအရ သိရှိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~

« PREV
NEXT »