နားဟိုင္းလံုေက်းရြာအနီး ေရႊတူးေဖာ္ေရး အေသးစားထုတ္လုပ္မႈ ထပ္မံခြင့္မျပဳရန္ သတၱဳလုပ္ငန္းရွင္အသင္း ေတာင္းဆိုထား

နားဟိုင္းလံုေက်းရြာအနီး ေရႊတူးေဖာ္ေရး အေသးစားထုတ္လုပ္မႈ ထပ္မံခြင့္မျပဳရန္ သတၱဳလုပ္ငန္းရွင္အသင္း ေတာင္းဆိုထား
သြဂုတ် 2, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ ၊ နားဟိုင္းလံုေက်းရြာအနီးရွိ ေရႊတူးေဖာ္ေရးလုပ္ကြက္မ်ားတြင္ အေသးစားထုတ္လုပ္မႈ လုပ္ငန္းရွင္မ်ားအား လုပ္ကိုင္ခြင့္ထပ္မံခ်မေပးရန္ ရွမ္းျပည္နယ္အစိုးရထံ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္းက တင္ျပထားေၾကာင္း သိရသည္။

"အခုေလာေလာဆယ္ နားဟိုင္းလံုနားမွာ အေသးစားလုပ္ကြက္ေတြကို ထပ္ၿပီးမခ်ေပးဖို႔ ရွမ္းျပည္နယ္ အစိုးရကိုေတာ့ ေတာင္းဆိုထားပါတယ္။ အဓိကေတာ့ သဘာ၀ပတ္၀န္းက်င္ပ်က္စီးမႈေတြထပ္ၿပီး မျဖစ္ေပၚလာေအာင္လို႔ပါ။ အေသးစားလုပ္ကြက္ေတြမ်ားရင္ တရားမ၀င္ ခိုးတူးတာေတြလည္း ရွိလာမွာစိုးတဲ့ အတြက္ပါ"ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္းမွ အတြင္းေရးမွဴး ဦးတင္ႏြယ္က ေျပာသည္။

နားဟိုင္းလံုေက်းရြာအနီး ေရႊတူးေဖာ္မႈလုပ္ငန္းမ်ားတြင္ ကုမၸဏီမ်ားအား ယခုလုပ္ကိုင္ေနေသာ အေသးစား လုပ္ကြက္(၆)ခုသာ လုပ္ကိုင္ခြင့္ျပဳၿပီး လုပ္ကိုင္ခြင့္မ်ား ထပ္မံ၍ခ်မေပးရန္ ျပည္နယ္အစိုးရအား ေတာင္းဆိုထားေၾကာင္း သိရသည္။

ေရႊတူးေဖာ္ေရးလုပ္ငန္းမ်ားအတြက္ အေသးစားလုပ္ကြက္တစ္ခုလွ်င္ ဧက(၂၀) ခြင့္ျပဳထားၿပီး ေျမစာရင္းတြင္ ေျမရာဇ၀င္ေရးသားျခင္း၊ ေျမတိုင္းတာျခင္း၊ အစိုးရသို႔ Deposit ေငြသြင္းမႈမ်ား အဆင့္ ဆင့္ျပဳလုပ္ကာ တူးေဖာ္လုပ္ကိုင္ရျခင္းျဖစ္ေသာ္လည္း အခ်ိဳ႕ေသာ လုပ္ငန္းရွင္မ်ားမွာ အစိုးရထံသို႔ တူးေဖာ္ခြင့္ေလွ်ာက္ထားၿပီး ခြင့္ျပဳမိန္႔ျပန္လည္ခ်မေပးခင္မွာပင္ တူးေဖာ္မႈမ်ားရွိေနေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္္အတြင္း အေသးစား ေရႊတူးေဖာ္မႈလုပ္ငန္း လုပ္ကြက္(၃၇)ခု ခြင့္ျပဳေပးထားၿပီး (၉)ခုအား အစိုးရမွ လုပ္ကိုင္ခြင့္မေပးေတာ့ျခင္းေၾကာင့္ ယခုလက္ရွိတြင္(၂၈)ခုသာရိွေၾကာင္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

သတင္း - ကိုဇက္
............

တာချီလိတ်ခရိုင်၊ နားဟိုင်းလုံကျေးရွာအနီးရှိ ရွှေတူးဖော်ရေးလုပ်ကွက်များတွင် အသေးစားထုတ်လုပ်မှု လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ထပ်မံချမပေးရန် ရှမ်းပြည်နယ်အစိုးရထံ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းက တင်ပြထားကြောင်း သိရသည်။

"အခုလောလောဆယ် နားဟိုင်းလုံနားမှာ အသေးစားလုပ်ကွက်တွေကို ထပ်ပြီးမချပေးဖို့ ရှမ်းပြည်နယ် အစိုးရကိုတော့ တောင်းဆိုထားပါတယ်။ အဓိကတော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေထပ်ပြီး မဖြစ်ပေါ်လာအောင်လို့ပါ။ အသေးစားလုပ်ကွက်တွေများရင် တရားမဝင် ခိုးတူးတာတွေလည်း ရှိလာမှာစိုးတဲ့ အတွက်ပါ"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်နွယ်က ပြောသည်။

နားဟိုင်းလုံကျေးရွာအနီး ရွှေတူးဖော်မှုလုပ်ငန်းများတွင် ကုမ္ပဏီများအား ယခုလုပ်ကိုင်နေသော အသေးစား လုပ်ကွက်(၆)ခုသာ လုပ်ကိုင်ခွင့်ပြုပြီး လုပ်ကိုင်ခွင့်များ ထပ်မံ၍ချမပေးရန် ပြည်နယ်အစိုးရအား တောင်းဆိုထားကြောင်း သိရသည်။

ရွှေတူးဖော်ရေးလုပ်ငန်းများအတွက် အသေးစားလုပ်ကွက်တစ်ခုလျှင် ဧက(၂၀) ခွင့်ပြုထားပြီး မြေစာရင်းတွင် မြေရာဇဝင်ရေးသားခြင်း၊ မြေတိုင်းတာခြင်း၊ အစိုးရသို့ Deposit ငွေသွင်းမှုများ အဆင့် ဆင့်ပြုလုပ်ကာ တူးဖော်လုပ်ကိုင်ရခြင်းဖြစ်သော်လည်း အချို့သော လုပ်ငန်းရှင်များမှာ အစိုးရထံသို့ တူးဖော်ခွင့်လျှောက်ထားပြီး ခွင့်ပြုမိန့်ပြန်လည်ချမပေးခင်မှာပင် တူးဖော်မှုများရှိနေကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း အသေးစား ရွှေတူးဖော်မှုလုပ်ငန်း လုပ်ကွက်(၃၇)ခု ခွင့်ပြုပေးထားပြီး (၉)ခုအား အစိုးရမှ လုပ်ကိုင်ခွင့်မပေးတော့ခြင်းကြောင့် ယခုလက်ရှိတွင်(၂၈)ခုသာရှိကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~