ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ေရႊတူးေဖာ္ေရးကုမၸဏီမ်ား ၾသဂုတ္လ ၁၇ ရက္ေန႔ ေနာက္ဆံုးထား၍ ႀကိဳတင္ခြန္ေဆာင္ရမည္

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ေရႊတူးေဖာ္ေရးကုမၸဏီမ်ား ၾသဂုတ္လ ၁၇ ရက္ေန႔ ေနာက္ဆံုးထား၍ ႀကိဳတင္ခြန္ေဆာင္ရမည္
သြဂုတ် 8, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ေရႊတူးေဖာ္ထုတ္လုပ္ေရးကုမၸဏီမ်ား အေနျဖင့္ ျပည္နယ္အစိုးရမွ လုပ္ပိုင္ခြင့္ ဆက္လက္ခ်ထားေပးရန္ ေလွ်ာက္ထားရာတြင္ လိုအပ္သည့္ ႀကိဳတင္အခြန္ေပးသြင္းျခင္းအား ၾသဂုတ္ (၁၇) ရက္ေန႔ ေနာက္ဆံုးထား ေပးသြင္းရမွာျဖစ္ေၾကာင္း ၿမိဳ႕နယ္ျပည္တြင္းအခြန္ဦးစီးဌာနက သတိေပးလိုက္သည္။

"ေရႊလုပ္ငန္းၾကေတာ့ ကၽြန္ေတာ္တို႔ မျဖစ္မေန ႀကိဳတင္အခြန္ေကာက္ခံဖို႔ လိုပါတယ္။ ကၽြန္ေတာ္တို႔ဆီက အခြန္သြင္းၿပီးေၾကာင္း သက္ေသခံ လက္မွတ္ေပးမွသာလွ်င္ ျပည္နယ္ကလည္း ေနာက္ထပ္ လုပ္ပိုင္ခြင့္ ခ်ေပးမွာ ျဖစ္ပါတယ္။ အခြန္မကင္းရွင္းရင္ အခြန္မေဆာင္ရင္ အခြန္မလြတ္ကင္းရင္ ျပည္နယ္က ခ်ေပးမွာ မဟုတ္ပါဘူး။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတိုးလႈိင္က ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ေရႊတူးေဖာ္ထုတ္လုပ္ေရး ကုမၸဏီမ်ားမွ အခ်ိဳ႕ကုမၸဏီမ်ားသည္ အခြန္ပညာဆိုင္ရာမ်ား သိရွိနားလည္မႈ အားနည္းကာ  ႀကိဳတင္အခြန္ေပးေဆာင္ရြက္ျခင္း မရွိသျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ အခြန္ပညာေပးေဟာေျပာပြဲမ်ား ေဆာင္ရြက္ေနလွ်က္ ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရိွ အျခားသတၱဳတူးေဖာ္ေရးကုမၸဏီမ်ား အပါအ၀င္ ေရႊတူးေဖာ္ထုတ္လုပ္ေရး ကုမၸဏီ (၃၈)ခုကို အခြန္ပညာဆိုင္ရာ ပညာေပးေဟာေျပာပြဲကို ၾသဂုတ္လ (၃)ရက္ေန႔က ရွမ္း/အေရွ႕ သတၱဳလုပ္ငန္းရွင္မ်ားအသင္းရုံးတြင္ က်င္းပျခင္းျဖစ္သည္။

"ဒီေန႔က ထုတ္လုပ္ခြင့္ရတဲ့ ေရႊကုမၸဏီ (၃၈)ခုကို ႀကိဳတင္အခြန္ေဆာင္ဖို႔ ရွင္းတာပါ။ မင္းဂနီးစ္ဒိုင္ေအာက္ဆိုဒ္ ထုတ္တဲ့ ကုမၸဏီမ်ားက ႀကိဳတင္ခြန္ေဆာင္ၿပီးသား။ အဓိက ေရႊထုတ္လုပ္တဲ့ သူေတြ ႀကိဳတင္အခြန္ေဆာင္ဖို႔ပါ။ နားမလည္လို႔ ႀကိဳတင္အခြန္ မေဆာင္တဲ့ သူေတြရွိတာေၾကာင့္ အခုႀကိဳတင္ အခြန္ေဆာင္ဖို႔ ရွင္းျပတာပါ။"ဟု ရွမ္း/အေရွ႕ သတၱဳလုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမွဴး ဦးတင္ႏြယ္က ေျပာသည္။

ရွမ္းျပည္နယ္(အေရွွ႕ပိုင္း)တြင္ ေရႊထုတ္လုပ္ခြင့္ရ ကုမၸဏီ (၃၈)ခုရွိကာ ေလွ်ာက္ထားဆဲမွာ (၂၃) ခုရွိၿပီး ေရႊထုတ္လုပ္ေရး ကုမၸဏီ အပါအ၀င္ မင္းဂနီးစ္ဒိုင္ေအာက္ဆိုဒ္ ၊ ခဲမျဖဴ ၊အျဖိဳက္နက္ စသည့္ သတၱဳတူးေဖာ္ေရး ကုမၸဏီ (၉၇)ခု မွ  ထုတ္လုပ္ခြင့္ရ ကုမၸဏီ (၅၀)ရွိေၾကာင္း သိရသည္။

သတင္း - ေဇာင္းညီ
...................

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ရွှေတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီများ အနဖြေင့် ပြည်နယ်အစိုးရမှ လုပ်ပိုင်ခွင့် ဆက်လက်ချထားပေးရန် လျှောက်ထားရာတွင် လိုအပ်သည့် ကြိုတင်အခွန်ပေးသွင်းခြင်းအား သြဂုတ် (၁၇) ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမှာဖြစ်ကြောင်း မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနက သတိပေးလိုက်သည်။

"ရွှေလုပ်ငန်းကြတော့ ကျွန်တော်တို့ မဖြစ်မနေ ကြိုတင်အခွန်ကောက်ခံဖို့ လိုပါတယ်။ ကျွန်တော်တို့ဆီက အခွန်သွင်းပြီးကြောင်း သက်သေခံ လက်မှတ်ပေးမှသာလျှင် ပြည်နယ်ကလည်း နောက်ထပ် လုပ်ပိုင်ခွင့် ချပေးမှာ ဖြစ်ပါတယ်။ အခွန်မကင်းရှင်းရင် အခွန်မဆောင်ရင် အခွန်မလွတ်ကင်းရင် ပြည်နယ်က ချပေးမှာ မဟုတ်ပါဘူး။"ဟု တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ရွှေတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီများမှ အချို့ကုမ္ပဏီများသည် အခွန်ပညာဆိုင်ရာများ သိရှိနားလည်မှု အားနည်းကာ ကြိုတင်အခွန်ပေးဆောင်ရွက်ခြင်း မရှိသဖြင့် တာချီလိတ်မြို့နယ်ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အခွန်ပညာပေးဟောပြောပွဲများ ဆောင်ရွက်နေလျှက် ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အခြားသတ္တုတူးဖော်ရေးကုမ္ပဏီများ အပါအဝင် ရွှေတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီ (၃၈)ခုကို အခွန်ပညာဆိုင်ရာ ပညာပေးဟောပြောပွဲကို သြဂုတ်လ (၃)ရက်နေ့က ရှမ်း/အရှေ့ သတ္တုလုပ်ငန်းရှင်များအသင်းရုံးတွင် ကျင်းပခြင်းဖြစ်သည်။

"ဒီနေ့က ထုတ်လုပ်ခွင့်ရတဲ့ ရွှေကုမ္ပဏီ (၃၈)ခုကို ကြိုတင်အခွန်ဆောင်ဖို့ ရှင်းတာပါ။ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် ထုတ်တဲ့ ကုမ္ပဏီများက ကြိုတင်ခွန်ဆောင်ပြီးသား။ အဓိက ရွှေထုတ်လုပ်တဲ့ သူတွေ ကြိုတင်အခွန်ဆောင်ဖို့ပါ။ နားမလည်လို့ ကြိုတင်အခွန် မဆောင်တဲ့ သူတွေရှိတာကြောင့် အခုကြိုတင် အခွန်ဆောင်ဖို့ ရှင်းပြတာပါ။"ဟု ရှမ်း/အရှေ့ သတ္တုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်နွယ်က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရွှေထုတ်လုပ်ခွင့်ရ ကုမ္ပဏီ (၃၈)ခုရှိကာ လျှောက်ထားဆဲမှာ (၂၃) ခုရှိပြီး ရွှေထုတ်လုပ်ရေး ကုမ္ပဏီ အပါအဝင် မင်းဂနီးစ်ဒိုင်အောက်ဆိုဒ်၊ ခဲမဖြူ၊အဖြိုက်နက် စသည့် သတ္တုတူးဖော်ရေး ကုမ္ပဏီ (၉၇)ခု မှ ထုတ်လုပ်ခွင့်ရ ကုမ္ပဏီ (၅၀)ရှိကြောင်း သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net