Update News

တာချီလိတ်မြို့ ၀န်ထမ်းကုန်းကျောင်းတိုက်၌ စေတနာရှင် အလှူရှင်များလိုအပ်နေ


တာချီလိတ်၊ ဇူလိုင်(၁)
တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်းရှိ တောင်တန်းသာသနာပြုဗဟို(၀န်ထမ်းကုန်း)ကျောင်းတိုက်တွင် (၇)ကြိမ်မြောက် (၅)ရက်တိုင်တိုင်အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ နှင့် ဇမ္ဗူရတနာ လေးကျွန်းစကြာစေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲ အပြင် အဆိုပါကျောင်း၏ ကျောင်းထိုင်ဆရာတော် အသစ်တင်မြှောက်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်၍ အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။

၂၀၁၆ခုနှစ် မေလ(၆)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်က ပျံလွန်တော်မူသွားသော တောင်တန်းသာသနာပြုဗဟို (၀န်ထမ်းကုန်း)ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရေ၀တ၏ သြ၀ါဒအရ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သော (၇)ကြိမ်မြောက် (၅)ရက်တိုင်တိုင် အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇူလိုင်လ (၅)ရက်နေ့မှ ဇူလိုင်လ (၉)ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။

အဆိုပါကျောင်းအတွင်း တည်ထားသည့် ဇမ္ဗူရတနာ လေးကျွန်းစကြာစေတီတော်မြတ်ကြီး၏ ဌာပနာပိတ်ပွဲ နှင့် လက်ထောက် သာသနာပြုရဟန်းတော် ဘဒ္ဒန္တဣန္ဒဓမ္မ အရှင်သူမြတ်အား ကျောင်းထိုင်းဆရာတော် အဖြစ် တင်မြှောက်ပွဲ (အသိအမှတ်ပြုပွဲ)တို့ကို ဇူလိုင်လ (၉)ရက်နေ့မှာ ကျင်းပသွားမည်ဖြစ်၍ စေတီတော်မြတ်အား ဌာပနာမပိတ်မီ လာရောက်လှူဒါန်းနိုင်ကြောင်း နှင့် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
« PREV
NEXT »